Samsung Galaxy S20+ ဖုန်းကိုအသုံးပြုနေတဲ့ ဓာတ်ပုံတွေထွက်လာ

0
527

Samsung အနေနဲ့ နောက်လ ၁၁ ရက်နေ့မှာ Unpacked event ကိုပြုလုပ်သွားမှာဖြစ်ပြီး Galaxy flagship စမတ်ဖုန်းသစ်တွေကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိထွက်ထားတဲ့ သတင်းအချက်အလက် တွေအရ Galaxy S20 စီးရီး ဖုန်းသစ်တွေ ဖြစ်ဖို့များပါတယ်။ ဘာကြောင့်လဲဆိုရင် ကုမ္ပဏီရဲ့ အစဉ်အလာ ထုတ်လုပ်မှုအရ မျိုးဆက်သစ်ဖုန်းတွေ ပြသရမယ့် အချိန်လည်း ဖြစ်နေလို့ပါ။

အခုအဲ့ဒီဖုန်းကို အသုံးပြုနေတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ရှိလာပါတယ်။ တကယ်တော့ ဖုန်းကို ပါဝါအဖွင့်အပိတ် ပြုလုပ်နေတာမျိုးဖြစ်ပြီး ဖုန်းရဲ့ မော်ဒယ်နံပတ် နဲ့အတူ နောက်ဘက်ခြမ်း ဒီဇိုင်းနဲ့ အရှေ့ဘက်ခြမ်း ဒီဇိုင်းတွေကို ကွဲပြားစွာ မြင်လိုက်ရပါတယ်။ Samsung Galaxy S20+ 5G ဖုန်းလို့ သိရပြီး ဖုန်းရဲ့အရှေ့ဘက်မှာ microphone pinhole နဲ့ဖြစ်ပြီး နောက်ဘက်မှာတော့ ကင်မရာတွေကို လေးထောင့်ခပ်ရှည်ရှည်ပုံစံ ပြုလုပ်ထားပါတယ်။
Galaxy S20+ ရဲ့အရှေ့ဘက်မှာတော့ သစ်လွင်လန်းဆန်းတဲ့ curved edges ပုံစံမျိုးဖြစ်ပြီး Galaxy S10 ဖုန်းတွေနဲ့ ခပ်ဆင်ဆင်ပါ။ သတင်းတွေအရ ဒီဖုန်းရဲ့ ကင်မရာပိုင်းအတွက် ကင်မရာ ၄လုံးဖြစ်ပြီး 108MP 9-to-1 Bayer sensor အသစ်ကို သုံးလာမယ်လို့ သိရပါတယ်။ ultrawide ရိုက်ကူးမှုနဲ့ telephoto lens တွေလည်း ထည့်သွင်းလာမှာပါ။

zawgyi

Samsung Galaxy S20+ ဖုန္းကိုအသုံးျပဳေနတဲ့ ဓာတ္ပုံေတြထြက္လာ
Samsung အေနနဲ႔ ေနာက္လ ၁၁ ရက္ေန႔မွာ Unpacked event ကိုျပဳလုပ္သြားမွာျဖစ္ၿပီး Galaxy flagship စမတ္ဖုန္းသစ္ေတြကို မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ လက္ရွိထြက္ထားတဲ့ သတင္းအခ်က္အလက္ ေတြအရ Galaxy S20 စီးရီး ဖုန္းသစ္ေတြ ျဖစ္ဖို႔မ်ားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကုမၸဏီရဲ႕ အစဥ္အလာ ထုတ္လုပ္မႈအရ မ်ိဳးဆက္သစ္ဖုန္းေတြ ျပသရမယ့္ အခ်ိန္လည္း ျဖစ္ေနလို႔ပါ။

အခုအဲ့ဒီဖုန္းကို အသုံးျပဳေနတဲ့ ဓာတ္ပုံေတြ အြန္လိုင္းမွာ ေပါက္ၾကားထြက္ရွိလာပါတယ္။ တကယ္ေတာ့ ဖုန္းကို ပါဝါအဖြင့္အပိတ္ ျပဳလုပ္ေနတာမ်ိဳးျဖစ္ၿပီး ဖုန္းရဲ႕ ေမာ္ဒယ္နံပတ္ နဲ႔အတူ ေနာက္ဘက္ျခမ္း ဒီဇိုင္းနဲ႔ အေရွ႕ဘက္ျခမ္း ဒီဇိုင္းေတြကို ကြဲျပားစြာ ျမင္လိုက္ရပါတယ္။ Samsung Galaxy S20+ 5G ဖုန္းလို႔ သိရၿပီး ဖုန္းရဲ႕အေရွ႕ဘက္မွာ microphone pinhole နဲ႔ျဖစ္ၿပီး ေနာက္ဘက္မွာေတာ့ ကင္မရာေတြကို ေလးေထာင့္ခပ္ရွည္ရွည္ပုံစံ ျပဳလုပ္ထားပါတယ္။
Galaxy S20+ ရဲ႕အေရွ႕ဘက္မွာေတာ့ သစ္လြင္လန္းဆန္းတဲ့ curved edges ပုံစံမ်ိဳးျဖစ္ၿပီး Galaxy S10 ဖုန္းေတြနဲ႔ ခပ္ဆင္ဆင္ပါ။ သတင္းေတြအရ ဒီဖုန္းရဲ႕ ကင္မရာပိုင္းအတြက္ ကင္မရာ ၄လုံးျဖစ္ၿပီး 108MP 9-to-1 Bayer sensor အသစ္ကို သုံးလာမယ္လို႔ သိရပါတယ္။ ultrawide ႐ိုက္ကူးမႈနဲ႔ telephoto lens ေတြလည္း ထည့္သြင္းလာမွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.