Galaxy XCover Pro ကိုထုတ်ပြလိုက်တဲ့ Samsung

0
750

ကိုရီးယား စမတ်ဖုန်းထုတ်လုပ်သူ အနေနဲ့ လွန်ခဲ့တဲ့ တပတ်က ဖင်လန်မှာ Galaxy A51 ၊ Galaxy A71 ဖုန်းတွေနဲ့ အတူ တိတ်တဆိတ်ပြသခဲ့တဲ့ Galaxy XCover Pro ဖုန်းကို တရား မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အရင်ကတော့ ဒီဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက် အနည်းငယ်သာ ထွက်ထားတာပါ။ Galaxy XCover Pro စမတ်ဖုန်းဟာ အကြမ်းခံတဲ့ ဖုန်းသုံးလိုသူတွေ အတွက်ရည်ရွယ် ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်ပါတယ်။

ဒီဖုန်းဟာ စီးပွားရေးသမားတွေအတွက်လည်း အသုံးဝင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဖုန်းမှာ အရေးကြီးတဲ့ စီးပွားရေးအချက်အလက်တွေကို ကာကွယ်နိုင်စေဖို့အတွက် Samsung KNOX ကိုထည့်သွင်းပေးထားလို့ပါ။ walkie-talkie စွမ်းဆောင်ရည်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ Samsung POS ကိုလည်း ထောက်ပံ့ပါသေးတယ်။
Galaxy XCover Pro (SM-G715F) က IP68 ရယူထားပြီး ကျောဘက်မှာ ပိုလီကာဗွန်နိုတ်အသုံးပြုလာပါမယ်။ ဖုန်းအထူက 10 မီလီမီတာနီးပါးအထိ ရှိလာမှာဖြစ်ပြီး အလေးချိန် 200 ဂရမ်ကျော်ရှိလာပါမယ်။ XCover Pro မှာ မျက်နှာပြင် 6.3 လက်မရှိပြီး Punch-Hole Selfie ကင်မရာ ဒီဇိုင်းသုံးလာပါမယ်။ Exynos 9611 Chipset သုံးလာမှာဖြစ်ပြီး 2.0GHz Octa-core Processor ပါဝင်ပါတယ်။ နောက်ကျောဘက်မှာ ကင်မရာ ၂လုံးဖြစ်ပြီး 25MP f/1.7 နဲ့ 8MP f/2.2 သုံးထားမှာပါ။

SoC ကို RAM4GB နှင့် ထောက်ပံ့ထားပါမယ်။ Storage 64GB ပါဝင်ပါမယ်။ 512GB အထိသိုလှောင်မှုကို SD ကနေတိုးနိုင်မှာပါ။ Android 10 OS အခြေခံ One UI 2.0 သုံးလာပါ မယ်။ Samsung Galaxy XCover Pro မှာ လဲလှယ်အသုံးပြုနိုင်တဲ့ ဘက်ထရီ 4020 mAh ပါဝင်ပါမယ်။ USB Type C သုံးထားပြီး Fast Charging ထောက်ပံ့လာဖို့ ရှိပါတယ်။

zawgyi





Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.