screen နည်းပညာသစ်ကို မကြာခင်မိတ်ဆက်တော့မယ့် OnePlus

0
287

လက်ရှိ CES 2020 မှာ ပြသသွားတဲ့ OnePlus စမတ်ဖုန်းကတော့ သုံးစွဲသူတွေ အတော်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းပုံစံမျိုးကို ယူထားပါတယ်။ အခု OnePlus ကနောက်ထပ် နည်းပညာသစ်တခုကို ထုတ်ပြဖို့ ရှိနေပါတယ်။ အဲ့ဒါကတော့ screen နည်းပညာသစ်လို့ သိရပြီး မိတ်ဆက်ပွဲကို လာမယ့် ၁၃ ရက်နေ့ တရုတ်နိုင်ငံ ရှန်ကျန်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

လက်ရှိခန့်မှန်းချက်တွေအရ ကုမ္ပဏီရဲ့ ပထမဆုံး 120Hz refresh rate screens မိတ်ဆက်လာဖို့ များပါတယ်။ တခြားခန့်မှန်းချက်တွေမှာတော့ OnePlus 8 lineup ဖုန်းသစ်တွေ ထုတ်ပြလာမယ့် ဆိုတာပါ။ ဒါပေမယ့် ဒါဟာဖြစ်နိုင်ခြေ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် 7T series ဖုန်းတွေ မိတ်ဆက်ထားတဲ့ အချိန်နဲ့သိပ်ကွာဟခြင်း မရှိသေးတာကြောင့် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စမတ်ဖုန်း ထုတ်လုပ်မှု ပုံစံအရ နောက်ထပ် ၃လအတွင်း စမတ်ဖုန်းစီးရီးသစ်ကို မြင်တွေ့ရခြင်း မရှိနိုင်ပါဘူး။
ဖြစ်နိုင်ခြေ ရှိတာကတော့ 120Hz screens ပါဘဲ။ OnePlus အနေနဲ့ screens ပိုင်းကို ပိုမိုအားစိုက်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်တဲ့ ကာရယ်ပိုင် ကတော့ OnePlus ထုတ်ကုန်တွေ အားလုံးမှာ 90Hz refresh rate screens တော့ အနိမ့်ဆုံး သုံးလာမယ်လို့ ပြောပါတယ်။

zawgyi

screen နည္းပညာသစ္ကို မၾကာခင္မိတ္ဆက္ေတာ့မယ့္ OnePlus
လက္ရွိ CES 2020 မွာ ျပသသြားတဲ့ OnePlus စမတ္ဖုန္းကေတာ့ သုံးစြဲသူေတြ အေတာ္ႀကိဳက္ႏွစ္သက္တဲ့ ဒီဇိုင္းပုံစံမ်ိဳးကို ယူထားပါတယ္။ အခု OnePlus ကေနာက္ထပ္ နည္းပညာသစ္တခုကို ထုတ္ျပဖို႔ ရွိေနပါတယ္။ အဲ့ဒါကေတာ့ screen နည္းပညာသစ္လို႔ သိရၿပီး မိတ္ဆက္ပြဲကို လာမယ့္ ၁၃ ရက္ေန႔ တ႐ုတ္ႏိုင္ငံ ရွန္က်န္းမွာ က်င္းပမွာ ျဖစ္ပါတယ္။

လက္ရွိခန႔္မွန္းခ်က္ေတြအရ ကုမၸဏီရဲ႕ ပထမဆုံး 120Hz refresh rate screens မိတ္ဆက္လာဖို႔ မ်ားပါတယ္။ တျခားခန႔္မွန္းခ်က္ေတြမွာေတာ့ OnePlus 8 lineup ဖုန္းသစ္ေတြ ထုတ္ျပလာမယ့္ ဆိုတာပါ။ ဒါေပမယ့္ ဒါဟာျဖစ္ႏိုင္ေျခ မရွိပါဘူး။ ဘာေၾကာင့္လဲဆိုရင္ 7T series ဖုန္းေတြ မိတ္ဆက္ထားတဲ့ အခ်ိန္နဲ႔သိပ္ကြာဟျခင္း မရွိေသးတာေၾကာင့္ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ စမတ္ဖုန္း ထုတ္လုပ္မႈ ပုံစံအရ ေနာက္ထပ္ ၃လအတြင္း စမတ္ဖုန္းစီးရီးသစ္ကို ျမင္ေတြ႕ရျခင္း မရွိႏိုင္ပါဘူး။
ျဖစ္ႏိုင္ေျခ ရွိတာကေတာ့ 120Hz screens ပါဘဲ။ OnePlus အေနနဲ႔ screens ပိုင္းကို ပိုမိုအားစိုက္ႏိုင္ပါတယ္။ ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူ ျဖစ္တဲ့ ကာရယ္ပိုင္ ကေတာ့ OnePlus ထုတ္ကုန္ေတြ အားလုံးမွာ 90Hz refresh rate screens ေတာ့ အနိမ့္ဆုံး သုံးလာမယ္လို႔ ေျပာပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.