Xiaomi စမတ်ဖုန်းကို သုံးတဲ့သူပေါင်း အာရှမှာသန်းချီပြီး ရှိပါတယ်။ ဒါကြောင့် Xiaomi ရဲ့UI အပြင်ဆင်ကိုလည်း သုံးစွဲသူများတယ်လို့ ဆိုရမှာပါ။ အခုတော့ Xiaomi ဟာ MIUI နဲ့ပတ်သတ်တဲ့ သတင်းကောင်း တခုကို ကြေငြာလိုက်ပါတယ်။ အဲ့ဒါကတော့ MIUI အသစ်ဖြစ်တဲ့ MIUI 12 ထုတ်ပေးမယ့် အချိန်ဖြစ်ပါတယ်။ MIUI 11 ထွက်ပြီး လပေါင်းများစွာ ကြာတဲ့အထိ MIUI 12 နဲ့ပတ်သတ်တဲ့ သတင်းအစအနတောင် မကြားခဲ့ရပါဘူး။

အခုတော့ UI အသစ်ကို အမှန်အကန် ထုတ်ပေးတော့မှာပါ။ ကုမ္ပဏီအနေနဲ့ MIUI 12 နဲ့ပတ်သတ်တဲ့ အမှတ်တံဆိပ် ပုံစံတခုကို ထုတ်ပေးလိုက်ပါတယ်။ ထုတ်ပြန်မယ့် အချိန်နဲ့ သူ့မှာပါဝင်လာမယ့် အသေးစိတ်အချက်အလက်တွေ အကြောင်းတော့ မသိရသေးပါဘူး။ ဒါပေမယ့် ယခုနှစ်ကုန်ပိုင်းလောက်မှာ ထုတ်ပေးဖို့ကတော့ သေချာပါတယ်။
2020 မှာကုမ္ပဏီအနေနဲ့ ၁၀နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်တာကြောင့် MIUI 12 ဟာ သက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဖြစ်လာမှာပါ။ ပြီးတော့ Interface ကို ဆန်းသစ်ထားနိုင်ပြီး လုပ်ဆောင်ချက်တွေ ပိုကောင်းလာမှာ သေချာပါတယ်။
zawgyi
MIUI 12 ရရွိႏိုင္မယ့္ အခ်ိန္ကို XIAOMI ေၾကျငာ
Xiaomi စမတ္ဖုန္းကို သုံးတဲ့သူေပါင္း အာရွမွာသန္းခ်ီၿပီး ရွိပါတယ္။ ဒါေၾကာင့္ Xiaomi ရဲ႕UI အျပင္ဆင္ကိုလည္း သုံးစြဲသူမ်ားတယ္လို႔ ဆိုရမွာပါ။ အခုေတာ့ Xiaomi ဟာ MIUI နဲ႔ပတ္သတ္တဲ့ သတင္းေကာင္း တခုကို ေၾကျငာလိုက္ပါတယ္။ အဲ့ဒါကေတာ့ MIUI အသစ္ျဖစ္တဲ့ MIUI 12 ထုတ္ေပးမယ့္ အခ်ိန္ျဖစ္ပါတယ္။ MIUI 11 ထြက္ၿပီး လေပါင္းမ်ားစြာ ၾကာတဲ့အထိ MIUI 12 နဲ႔ပတ္သတ္တဲ့ သတင္းအစအနေတာင္ မၾကားခဲ့ရပါဘူး။

အခုေတာ့ UI အသစ္ကို အမွန္အကန္ ထုတ္ေပးေတာ့မွာပါ။ ကုမၸဏီအေနနဲ႔ MIUI 12 နဲ႔ပတ္သတ္တဲ့ အမွတ္တံဆိပ္ ပုံစံတခုကို ထုတ္ေပးလိုက္ပါတယ္။ ထုတ္ျပန္မယ့္ အခ်ိန္နဲ႔ သူ႔မွာပါဝင္လာမယ့္ အေသးစိတ္အခ်က္အလက္ေတြ အေၾကာင္းေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ယခုႏွစ္ကုန္ပိုင္းေလာက္မွာ ထုတ္ေပးဖို႔ကေတာ့ ေသခ်ာပါတယ္။
2020 မွာကုမၸဏီအေနနဲ႔ ၁၀ႏွစ္ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္တာေၾကာင့္ MIUI 12 ဟာ သက္တမ္း ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္ ျဖစ္လာမွာပါ။ ၿပီးေတာ့ Interface ကို ဆန္းသစ္ထားႏိုင္ၿပီး လုပ္ေဆာင္ခ်က္ေတြ ပိုေကာင္းလာမွာ ေသခ်ာပါတယ္။