e-Ink display သုံးထားတဲ့ ဖုန်းကို CES မှာပြသလိုက်တဲ့ Hisense
0
613
Hisense A5 ဖုန်းကိုတော့ ပြီးခဲ့တဲ့ နှစ်ကပြသခဲ့ပြီး e-Ink display သုံးထားပါတယ်။ ဒီနှစ်မှာလည်း Hisense အနေနဲ့ e-Ink display သုံးထားတဲ့ စမ်းသပ်ဗားရှင်း ရှေ့ပြေးစမတ်ဖုန်း တမျိုးကို ထပ်မံ ပြသလိုက်ပါတယ်။ အသေးစိတ် အချက်အလက်များကို သိရခြင်း မရှိပေမယ့် display အသစ်ဟာ ယခင်ထုတ်ထားတဲ့ Hisense A5 ဖုန်းထက်စာရင် contrast နဲ့ refresh rates ပိုင်းမှာ ပိုကောင်းလာပါလိမ့်မယ်။
ကုမ္ပဏီကပြောကြားချက်အရ color e-Ink screens တွေဟာ e-reader တွေအတွက် အဓိကပြဿနာ မဟုတ်ပါဘူး။ စမတ်ဖုန်း UI တွေသုံးတဲ့အချိန်မှာတော့ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒါဟာ ရှိပြီးသား monochrome screens တွေထက် ပိုနှေးတဲ့ တုံ့ပြန်နိုင်စွမ်းကို ရရှိတာပါ။ Hisense အနေနဲ့ အခုဖုန်းသစ်ကို မိတ်ဆက်မယ့် အချိန်ကိုတော့ တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ color e-Ink panels တွေကိုလည်း ယခုနှစ်ဝက်ပိုင်းလောက်မှ အမြောက်အများ ထုတ်မှာပါ။
e-Ink displays တွေဟာ မျက်လုံးရဲ့ အားစိုက်မှုကို လျော့ချနိုင်ပြီး ပိုမိုတဲ့ ရှင်းလင်းပြတ်သားမှုကို ရစေတာက ဆွဲဆောင်မှု တခုလု့ိ သတ်မှတ်ရမှာပါ။ Hisense အနေနဲ့ refresh rate ပြဿနာကိုသာ ရှင်းနိုင်မယ်ဆိုရင် စိတ်ဝင်စားရွေးချယ်စရာ နော်ထပ် device တခုဖြစ်လာနိုင်ပါတယ်။
zawgi
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.