2019 ခုနှစ်အတွင်း Galaxy Fold ဖုန်းအလုံးရေ ၄သိန်းနီးပါး ရောင်းချနိုင်ခဲ့

0
702

စမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ CES 2020 မှာ ထုတ်ကုန်ပိုင်းတွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများစွာကို တက်ရောက်ဝေမျှ ခဲ့ပါတယ်။ စွမ်းဆောင်ချက် အသစ်တွေကို ထုတ်ပြန်ခြင်းနဲ့အတူ စီအီးအို DJ Koh က Galaxy Fold ရောင်းချနိုင်ခဲ့တဲ့ အလုံးအရေအတွက်ကို ပြောပြခဲ့ပါတယ်။ Galaxy Fold စမတ်ဖုန်းဟာ တရုတ်မှာ တကယ်ရောင်းကောင်း ခဲ့တဲ့ဖုန်းပဲဖြစ်ပါတယ်။ DJ Koh ရဲ့ ပြောကြားချက်အရ အလုံးရေပေါင်း ၄ သိန်းကနေ ၅ သိန်ကြား ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖုန်းမှာ သူ့မှာ ၄.၆ လက်မ အပိုမျက်နှာပြင်နဲ့ ၇.၃ လက်မ ခေါက်ချိုး မျက်နှာပြင်ကို အတွင်းပိုင်းမှာ ထည့်သွင်းထားပါတယ်။ Galaxy Fold မှာ ကင်မရာ ၆ လုံး ပါပြီး အနောက်ဘက်မှာ ၃ လုံး၊ အရှေ့ဘက်မှာ ၁ လုံးနဲ့ အတွင်းပိုင်းမှာ ၂ လုံး ပါပါတယ်။ အနောက်ကင်မရာ ၃ လုံးမှာ 16MP , 12MP နဲ့ 12MP တွေ ဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာက 10MP ပါ။ ခေါက်ချိုး သုံးသည်ဖြစ်စေ ဖြန့်ပြီး သုံးသည်ဖြစ်စေ အနည်းဆုံး ကင်မရာ တစ်လုံးကို သုံးနိုင်မှာပါ။
ပရိုဆက်ဆာပိုင်းအတွက် Snapdragon 855 မောင်းနှင်ထားပြီး 12GB RAM , 512GB Storage တွေ ပါပါတယ်။ ဘက်ထရီ နှစ်လုံးပါပြီး စုစုပေါင်း 4380mAh ရှိပါတယ်။ Samsung အနေနဲ့ လာမယ့်လမှာ Galaxy S20 series စမတ်ဖုန်းတွေနဲ့အတူ မျိုးဆက်သစ် Galaxy Fold ဖုန်းကိုပါ မိတ်ဆက်လာဖို့ ရှိပါတယ်။

zawgyi

2019 ခုႏွစ္အတြင္း Galaxy Fold ဖုန္းအလုံးေရ ၄သိန္းနီးပါး ေရာင္းခ်ႏိုင္ခဲ့
စမတ္ဖုန္း ထုတ္လုပ္သူ Samsung အေနနဲ႔ CES 2020 မွာ ထုတ္ကုန္ပိုင္းေတြနဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာမ်ားစြာကို တက္ေရာက္ေဝမွ် ခဲ့ပါတယ္။ စြမ္းေဆာင္ခ်က္ အသစ္ေတြကို ထုတ္ျပန္ျခင္းနဲ႔အတူ စီအီးအို DJ Koh က Galaxy Fold ေရာင္းခ်ႏိုင္ခဲ့တဲ့ အလုံးအေရအတြက္ကို ေျပာျပခဲ့ပါတယ္။ Galaxy Fold စမတ္ဖုန္းဟာ တ႐ုတ္မွာ တကယ္ေရာင္းေကာင္း ခဲ့တဲ့ဖုန္းပဲျဖစ္ပါတယ္။ DJ Koh ရဲ႕ ေျပာၾကားခ်က္အရ အလုံးေရေပါင္း ၄ သိန္းကေန ၅ သိန္ၾကား ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီဖုန္းမွာ သူ႔မွာ ၄.၆ လက္မ အပိုမ်က္ႏွာျပင္နဲ႔ ၇.၃ လက္မ ေခါက္ခ်ိဳး မ်က္ႏွာျပင္ကို အတြင္းပိုင္းမွာ ထည့္သြင္းထားပါတယ္။ Galaxy Fold မွာ ကင္မရာ ၆ လုံး ပါၿပီး အေနာက္ဘက္မွာ ၃ လုံး၊ အေရွ႕ဘက္မွာ ၁ လုံးနဲ႔ အတြင္းပိုင္းမွာ ၂ လုံး ပါပါတယ္။ အေနာက္ကင္မရာ ၃ လုံးမွာ 16MP , 12MP နဲ႔ 12MP ေတြ ျဖစ္ပါတယ္။ အေရွ႕ဘက္ ကင္မရာက 10MP ပါ။ ေခါက္ခ်ိဳး သုံးသည္ျဖစ္ေစ ျဖန႔္ၿပီး သုံးသည္ျဖစ္ေစ အနည္းဆုံး ကင္မရာ တစ္လုံးကို သုံးႏိုင္မွာပါ။
ပ႐ိုဆက္ဆာပိုင္းအတြက္ Snapdragon 855 ေမာင္းႏွင္ထားၿပီး 12GB RAM , 512GB Storage ေတြ ပါပါတယ္။ ဘက္ထရီ ႏွစ္လုံးပါၿပီး စုစုေပါင္း 4380mAh ရွိပါတယ္။ Samsung အေနနဲ႔ လာမယ့္လမွာ Galaxy S20 series စမတ္ဖုန္းေတြနဲ႔အတူ မ်ိဳးဆက္သစ္ Galaxy Fold ဖုန္းကိုပါ မိတ္ဆက္လာဖို႔ ရွိပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.