GALAXY FOLD 2 တွင် SNAPDRAGON 855 SOC သုံးလာမည်

0
517

လာမယ့်လမှာ ထွက်လာမယ့် Galaxy Fold 2 စမတ်ဖုန်းမှာ Qualcomm SoC ဖြစ်တဲ့ Snapdragon 855 သုံးလာမယ်လို့ သတင်းထွက်လာပါတယ်။ ကိုရီးယားစမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ ဒီတကြိမ်မှာတော့ Exynos 990 ကိုလျစ်လျူရှုလိုက်ပြီ ထင်ပါတယ်။ GALAXY FOLD 2 ရဲ့ အချက်အလက်ပိုင်းနဲ့ ပတ်သတ်ပြီးတော့ အိန္ဒိယလူငယ်တဦးက အွန်လိုင်းမှာ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို တင်ပေးလိုက်တာပါ။

Samsung အနေနဲ့ Snapdragon 855 ကိုအဓိက ထုတ်ကုန်တွေမှာ သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပုံ ပေါ်ပါတယ်။ များသောအားဖြင့် ကိုရီးယား ကုမ္ပဏီအနေနဲ့ အမေရိကန်ဈေးကွက်အတွက် ဖုန်းတွေမှာ Qualcomm ကိုအသုံးပြုပြီး ဥရောပဈေးကွက်အတွက် ဖုန်းတွေမှာဆိုရင် Exynos SoC ကိုသုံးတာများပါတယ်။ Galaxy Fold 2 ကတော့ချွင်းချက် ဖြစ်နိုင်ပါတယ်။
သတင်းအချက်အလက်တွေ အရ Galaxy Fold 2 ကို ဒေါ်လာ ၈၅၀ နဲ့ရောင်းချလာနိုင်ပြီး ယခင်မျိုးဆက်ထက် ဈေးသက်သာပါလိမ့်မယ်။ ဒုတိယမျိုးဆက် Galaxy Fold နဲ့ပတ်သတ်လို့ နောက်ထပ်သတင်းအချက်အလက်ကတော့ သူ့မှာထည့်ထားတဲ့ ဘက်ထရီတွေထဲက တခုဟာ 900 mAh စွမ်းအားရှိမယ်ဆိုတာပါ။ ဒုတိယတခုဟာ ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပေမယ့် 3,000 mAh အောက်လောက်ပဲ ရှိနိုင်မှာပါ။

zawgyi

GALAXY FOLD 2 တြင္ SNAPDRAGON 855 SOC သုံးလာမည္
လာမယ့္လမွာ ထြက္လာမယ့္ Galaxy Fold 2 စမတ္ဖုန္းမွာ Qualcomm SoC ျဖစ္တဲ့ Snapdragon 855 သုံးလာမယ္လို႔ သတင္းထြက္လာပါတယ္။ ကိုရီးယားစမတ္ဖုန္း ထုတ္လုပ္သူ အေနနဲ႔ ဒီတႀကိမ္မွာေတာ့ Exynos 990 ကိုလ်စ္လ်ဴရႈလိုက္ၿပီ ထင္ပါတယ္။ GALAXY FOLD 2 ရဲ႕ အခ်က္အလက္ပိုင္းနဲ႔ ပတ္သတ္ၿပီးေတာ့ အိႏၵိယလူငယ္တဦးက အြန္လိုင္းမွာ နည္းပညာပိုင္းဆိုင္ရာ အခ်က္အလက္ေတြကို တင္ေပးလိုက္တာပါ။

Samsung အေနနဲ႔ Snapdragon 855 ကိုအဓိက ထုတ္ကုန္ေတြမွာ သုံးစြဲဖို႔ ဆုံးျဖတ္လိုက္ပုံ ေပၚပါတယ္။ မ်ားေသာအားျဖင့္ ကိုရီးယား ကုမၸဏီအေနနဲ႔ အေမရိကန္ေဈးကြက္အတြက္ ဖုန္းေတြမွာ Qualcomm ကိုအသုံးျပဳၿပီး ဥေရာပေဈးကြက္အတြက္ ဖုန္းေတြမွာဆိုရင္ Exynos SoC ကိုသုံးတာမ်ားပါတယ္။ Galaxy Fold 2 ကေတာ့ခြၽင္းခ်က္ ျဖစ္ႏိုင္ပါတယ္။
သတင္းအခ်က္အလက္ေတြ အရ Galaxy Fold 2 ကို ေဒၚလာ ၈၅၀ နဲ႔ေရာင္းခ်လာႏိုင္ၿပီး ယခင္မ်ိဳးဆက္ထက္ ေဈးသက္သာပါလိမ့္မယ္။ ဒုတိယမ်ိဳးဆက္ Galaxy Fold နဲ႔ပတ္သတ္လို႔ ေနာက္ထပ္သတင္းအခ်က္အလက္ကေတာ့ သူ႔မွာထည့္ထားတဲ့ ဘက္ထရီေတြထဲက တခုဟာ 900 mAh စြမ္းအားရွိမယ္ဆိုတာပါ။ ဒုတိယတခုဟာ ဘယ္ေလာက္ရွိမယ္ဆိုတာ မသိရေသးေပမယ့္ 3,000 mAh ေအာက္ေလာက္ပဲ ရွိႏိုင္မွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.