OnePlus အနေနဲ့ OxygenOS အသစ်မှာ Optimized Charging လို့ခေါ်တဲ့ feature အသစ်တခုကို ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ အသစ်ထည့်ပေးမယ့် feature ကတော့OnePlus စမတ်ဖုန်း သုံးစွဲသူရဲ့ အိပ်ချိန်အလေ့အထပေါ် မူတည်ပြီး ဖုန်းဘက်ထရီသက်တမ်းကို တာရှည်ခံအောင် ပြုလုပ်ပေးမယ့် နည်းပညာဖြစ်ပါတယ်။
OxygenOS ရဲ့ စွမ်းဆောင်ချက် အသစ်အနေနဲ့ ပါဝင်လာမယ့် အဲဒီလုပ်ဆောင်ချက်ဟာ သင့်အိပ်ရာမဝင်ခင် ဖုန်းကိုအားသွင်းတဲ့ အချိန်မှာ ဖုန်းရဲ့စွမ်းအင်ဆဲလ်ဟာ အမြင့်ဆုံး စွမ်းရည်အဖြစ် 80 ရာခိုင်နှုန်းအထိသာ အားဖြည့်ပေးပြီး ရပ်နားထားမှာဖြစ်ပါတယ်။
သင်နိုးထမှုမတိုင်ခင် မိနစ် ၁၀၀ အလို (သို့) အိပ်ရာထဖို့ ဖုန်းက သတိပေးချက် မြည်တဲ့အချိန်မှာ ဖုန်းအားက အပြည့်ဖြစ်သွားမှာပါ။ OnePlus ရဲ့ဒီအကြံဉာဏ်ဟာ ဖုန်းသုံးစွဲသူတွေအတွက် အချိန်မတိုင်မီ ဖုန်းဘက်ထရီပျက်စီးသွားမှာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
တကယ်လို့သင့်မှာ OnePlus 7 (သို့)OnePlus 7 Pro ဖုန်းရှိမယ်ဆိုရင် ကုမ္ပဏီရဲ့ Open Beta software ထည့်ထားခြင်း ရှိမရှိကြည့်လိုက်ပါ။ တကယ်လို့ ရှိတယ်ဆိုရင် Settings ထဲက “Battery” ထဲကိုဝင်ရောက်ကာ Optimized Charging လုပ်ဆောင်ချက်ကို turn on လုပ်လိုက်ပါ။ OnePlus အနေနဲ့ မကြာခင်အချိန်မှာ ဒီလုပ်ဆောင်ချက်ကို အခြားမော်ဒယ်ဖုန်းတွေအတွက်လည်း ထုတ်ပေးနိုင်အောင်ပြုလုပ် နေပါတယ်။ သင့်ရဲ့အိပ်ချိန်စာရင်းကို ဖုန်းထဲမှာ ဒေတာအနေနဲ့ သိမ်းထားမှာဖြစ်ပါတယ်။
zawgyi