Foxconn ဆိုတာနဲ့ စမတ်ဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တပ်ဆင်ထုတ်လုပ်နေတဲ့ ကုမ္ပဏီဆိုတာ သိမှာပါ။ Foxconn ဟာ အိန္ဒိယမှာရင်းနှီးမြုပ်နှံမှု တခုပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ အဲ့ဒီအစီအစဉ်ဟာ ပျက်တော့မှာပါ။ အဓိကပြဿနာကတော့ စက်ရုံဆောက်လုပ်ဖို့ အတွက်မြေနေရာပဲ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရနဲ့ သတ်မှတ်ထားတဲ့ နားလည်မှုစာချွန်လွှာကို နောက်ဆုတ်လိုက်ရပါပြီ။ Foxconn ဘက်ကအလိုရှိနေတဲ့ မြေနေရာဟာ ၄၄ ဧကကျယ်ဝန်းတဲ့ စက်ရုံဆောက်ဖို့ မြေနေရာပါ။ ခိုင်မာတဲ့ သတင်းတွေကတော့ Foxconn ဟာ နာဘီမွမ်ဘိုင်းမှာရှိတဲ့ ဂျာဟာဝါလယ်မှာ ကုန်ထုတ်မှု အချက်အချာကျတဲ့ မြေနေရာတခုကို တည်ထောင်လိုပြီး အထူးစီးပွားရေးဇုန်အဖြစ် တည်ထောင်လိုတာကြောင့် မြေနေရာတွေ ဝယ်ယူချင်တာပါ။
အခုတော့ စက်ရုံဆောက်ဖို့ လုံလောက်တဲ့ မြေနေရာမရတာကြောင့် အိန္ဒိယမှာဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြုပ်နံှပြီး စက်ရုံဆောက်ဖို့ အစီအစဉ်ကို Foxconn ဘက်က ဖျက်သိမ်းလိုက်ပါပြီ။ ဒီဖြစ်ရပ်ကြောင့် အလုပ်အကိုင်အခွင့်အလမ်း အများအပြား ဆုံးရှုံးသွားပါတယ်။
zawgyi
စက္ရုံေဆာက္ဖုိ႔ ေျမေနရာမရတာေၾကာင့္ အိႏိၵယမွာစက္ရုံေဆာက္ဖုိ႔ အစီအစဥ္ကို Foxconn ဖ်က္သိမ္း
Foxconn ဆိုတာနဲ႔ စမတ္ဖုန္းနဲ႔ အီလက္ထေရာနစ္ ပစၥည္းေတြကုိ တပ္ဆင္ထုတ္လုပ္ေနတဲ့ ကုမၸဏီဆိုတာ သိမွာပါ။ Foxconn ဟာ အိႏိၵယမွာရင္းႏွီးျမဳပ္ႏွံမႈ တခုျပဳလုပ္ဖုိ႔ ျပင္ဆင္ေနပါတယ္။ အခုေတာ့ အဲ့ဒီအစီအစဥ္ဟာ ပ်က္ေတာ့မွာပါ။ အဓိကျပႆနာကေတာ့ စက္ရံုေဆာက္လုပ္ဖုိ႔ အတြက္ေျမေနရာပဲ ျဖစ္ပါတယ္။

အိႏၵိယအစိုးရနဲ႔ သတ္မွတ္ထားတဲ့ နားလည္မႈစာခြၽန္လႊာကို ေနာက္ဆုတ္လိုက္ရပါၿပီ။ Foxconn ဘက္ကအလိုရွိေနတဲ့ ေျမေနရာဟာ ၄၄ ဧကက်ယ္ဝန္းတဲ့ စက္ရုံေဆာက္ဖုိ႔ ေျမေနရာပါ။ ခုိင္မာတဲ့ သတင္းေတြကေတာ့ Foxconn ဟာ နာဘီမြမ္ဘိုင္းမွာရွိတဲ့ ဂ်ာဟာဝါလယ္မွာ ကုန္ထုတ္မႈ အခ်က္အခ်ာက်တဲ့ ေျမေနရာတခုကို တည္ေထာင္လိုၿပီး အထူးစီးပြားေရးဇုန္အျဖစ္ တည္ေထာင္လိုတာေၾကာင့္ ေျမေနရာေတြ ဝယ္ယူခ်င္တာပါ။
အခုေတာ့ စက္ရုံေဆာက္ဖုိ႔ လုံေလာက္တဲ့ ေျမေနရာမရတာေၾကာင့္ အိႏိၵယမွာေဒၚလာ ၅ ဘီလီယံ ရင္းႏွီးျမဳပ္ႏံွၿပီး စက္ရုံေဆာက္ဖုိ႔ အစီအစဥ္ကို Foxconn ဘက္က ဖ်က္သိမ္းလိုက္ပါၿပီ။ ဒီျဖစ္ရပ္ေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္း အမ်ားအျပား ဆုံးရႈံးသြားပါတယ္။