Samsung Galaxy S20 မျိုးဆက်တွေမှာ 120Hz display တွေထည့်သွင်းအသုံးပြုနိုင်

0
421

[Unicode]

Sam Mobile ရဲ့တင်ပြချက်အရ Samsung ရဲ့ နောက်ထပ်ထွက်ရှိလာတော့မယ့် flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S20 ဖုန်းတွေမှာ 120 Hz refresh rate ပါဝင်တဲ့ display တွေကို တပ်ဆင်အသုံးပြုမယ်လို့ သိရပါတယ်။
လက်ရှိထွက်နေတဲ့သတင်းတွေဟာ Exynos 990 ဆိုတဲ့ မျိုးဆက်သစ် mobile chipset လေးကို ကြေညာအပြီးနောက်မှာ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ chipset လေးမှာ 108MP camera နဲ့120Hz display တွေထောက်ပံ့မှုပါဝင်မယ်လို့ ပြောထားခဲ့ပါတယ်။
အဲဒီလိုပြောဆိုပြီးနောက် မကြာခင်မှာပဲ One UI Beta ထဲက hidden menu တစ်ခုမှာ device refresh rate ကို 60Hz ကနေ 120Hz ကို ပြောင်းလဲနိုင်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုကို မြင်တွေ့ခဲ့ကြရပါတယ်။ လက်ရှိ Samsung Galaxy flagship တွေက 60Hz ထက်ပိုပြီး ထောက်ပံ့မထားဘူးဆိုတော့ ဘာမှအလုပ်ဖြစ်မှာ မဟုတ်သေးပါဘူး။
Samsung Unpacked event teaser
Samsung ရဲ့flagship တွေမှာ display အကောင်းစားတွေနဲ့ မြင်တွေ့ရလေ့ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံး အသိပါပဲ။ နောက်လာမယ့် Galaxy Flagship အသစ်လေးကို ဖေဖော်ဝါရီ ၁၁ရက်နေ့ ဆန်ဖရန်စစ္စကိုမြို့မှာ ပွဲထုတ်သွားမှာပါ။ အဲဒီပွဲမှာ Galaxy Fold 2 ကိုလည်း ပြသသွားမယ်လို့ သိရပါတယ်။
မနှစ်ကတုန်းက စမတ်ဖုန်းအသစ်လေးရဲ့ရေစီးကြောင်းက လူကြိုက်များသွားခဲ့ပါတယ်။ အခုဆိုရင် စမတ်ဖုန်းရဲ့display တွေဟာ refresh rate များများနဲ့ထုတ်လုပ်နေကြပါပြီ။ rate မြင့်လေလေ ၊ ပုံရိပ်တွေက ပိုမိုချောမွေ့လေလေ ဖြစ်ပါတယ်။ OnePlus ဟာ 90Hz display ကို OnePlus 7 နဲ့7T မှာ သုံးခဲ့ပါတယ်။ Huawei ကတော့ Mate 30 Pro , ASUS ကတော့ ROG Phone II (120z), Realme X2 Pro, Google Pixel 4 တွေလည်း ကျွန်တော်တို့ မြင်ခဲ့ဖူးပြီးသားဆိုတော့ ဒီသတင်းက ဖြစ်နိုင်လောက်ပါတယ်။

[Zawgyi]

Sam Mobile ရဲ႕တင္ျပခ်က္အရ Samsung ရဲ႕ ေနာက္ထပ္ထြက္ရွိလာေတာ့မယ့္ flagship စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S20 ဖုန္းေတြမွာ 120 Hz refresh rate ပါဝင္တဲ့ display ေတြကို တပ္ဆင္အသုံးျပဳမယ္လို႔ သိရပါတယ္။
လက္ရွိထြက္ေနတဲ့သတင္းေတြဟာ Exynos 990 ဆိုတဲ့ မ်ိဳးဆက္သစ္ mobile chipset ေလးကို ေၾကညာအၿပီးေနာက္မွာ ထြက္ရွိလာခဲ့တာျဖစ္ပါတယ္။ chipset ေလးမွာ 108MP camera နဲ႔120Hz display ေတြေထာက္ပံ့မႈပါဝင္မယ္လို႔ ေျပာထားခဲ့ပါတယ္။
အဲဒီလိုေျပာဆိုၿပီးေနာက္ မၾကာခင္မွာပဲ One UI Beta ထဲက hidden menu တစ္ခုမွာ device refresh rate ကို 60Hz ကေန 120Hz ကို ေျပာင္းလဲႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေလးတစ္ခုကို ျမင္ေတြ႕ခဲ့ၾကရပါတယ္။ လက္ရွိ Samsung Galaxy flagship ေတြက 60Hz ထက္ပိုၿပီး ေထာက္ပံ့မထားဘူးဆိုေတာ့ ဘာမွအလုပ္ျဖစ္မွာ မဟုတ္ေသးပါဘူး။
Samsung Unpacked event teaser
Samsung ရဲ႕flagship ေတြမွာ display အေကာင္းစားေတြနဲ႔ ျမင္ေတြ႕ရေလ့ရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔အားလုံး အသိပါပဲ။ ေနာက္လာမယ့္ Galaxy Flagship အသစ္ေလးကို ေဖေဖာ္ဝါရီ ၁၁ရက္ေန႔ ဆန္ဖရန္စစၥကိုၿမိဳ႕မွာ ပြဲထုတ္သြားမွာပါ။ အဲဒီပြဲမွာ Galaxy Fold 2 ကိုလည္း ျပသသြားမယ္လို႔ သိရပါတယ္။
မႏွစ္ကတုန္းက စမတ္ဖုန္းအသစ္ေလးရဲ႕ေရစီးေၾကာင္းက လူႀကိဳက္မ်ားသြားခဲ့ပါတယ္။ အခုဆိုရင္ စမတ္ဖုန္းရဲ႕display ေတြဟာ refresh rate မ်ားမ်ားနဲ႔ထုတ္လုပ္ေနၾကပါၿပီ။ rate ျမင့္ေလေလ ၊ ပုံရိပ္ေတြက ပိုမိုေခ်ာေမြ႕ေလေလ ျဖစ္ပါတယ္။ OnePlus ဟာ 90Hz display ကို OnePlus 7 နဲ႔7T မွာ သုံးခဲ့ပါတယ္။ Huawei ကေတာ့ Mate 30 Pro , ASUS ကေတာ့ ROG Phone II (120z), Realme X2 Pro, Google Pixel 4 ေတြလည္း ကြၽန္ေတာ္တို႔ ျမင္ခဲ့ဖူးၿပီးသားဆိုေတာ့ ဒီသတင္းက ျဖစ္ႏိုင္ေလာက္ပါတယ္။

Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.