GOOGLE PIXEL 4A ရဲ့ ဒီဇိုင်းပုံရိပ်များ ပေါက်ကြားထွက်ရှိလာ

0
315

Google အနေနဲ့ ယခုနှစ်စပိုင်းလောက်မှာ android အခြေပြု Pixel ဖုန်းတလုံးကို မိတ်ဆက်ပေးဖို့ ရှိနေပါတယ်။ အစောပိုင်း သတင်းတွေတုံးက ဖုန်းကို မော်ဒယ်၂ မျိုးမိတ်ဆက်မယ်ဆိုပြီး သတင်း ထွက်ခဲ့ပေမယ့် အခုတော့ မော်ဒယ်တမျိုးတည်းသာ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဖုန်းကတော့ PIXEL 4A ဖြစ်ပြီး ပြီးခဲ့တဲ နှစ်ကထွက်ရှိခဲ့တဲ့ Pixel 3a ဖုန်းရဲ့ မျိုးဆက်ဖုန်း ဖြစ်မှာပါ။


ကောလာဟလတွေအရ ကုမ္ပဏီအနေနဲ့ ယခုအကြိမ်မှာတော့ ဖုန်း၁မျိုးတည်းသာ ထုတ်လုပ်လာမယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက် OnLeaks ကနေ Pixel 4a နဲ့ပတ်သတ်တဲ့ renders တွေ ထွက်ခဲ့ပါတယ်။ အဲ့ဒီပုံတွေမှာတော့ စမတ်ဖုန်းမှာ သုံးလာမယ့် ကင်မရာပုံစံကို တွေ့လိုက်ရပါတယ်။ ဓာတ်ပုံတွေအရ အဲ့ဒီဖုန်းမှာ Pixel 4 ဖုန်းမှာလို့ စတုရန်းပုံစံ ကင်မရာ ဒီဇိုင်းကိုသာ သုံးလာမှာပါ။


သတင်းတွေအရ Pixel 4a ဖုန်းမှာ 5.81-inch display နဲ့ ထွက်လာမယ်လို့ ဆိုတာကြောင့် mid-range Google ဖုန်းလို့ သတ်မှတ်နိုင်မှာပါ။ ပြီးတော့ အရှေ့ဘက်ကင်မရာ Selfie ကိုလည်း punch-hole ပုံစံမျိုး ထုတ်လာမှာပါ။ 3.5mm headphone jack ကိုလည်း ထည့်ပေးထားမယ်လို့ သိရပါတယ်။ စမတ်ဖုန်းမော်ဒယ်သစ်ဟာ မေလမှာ ကျင်းပဖို့ ရှိနေတဲ့ Google event မှာ ထုတ်ပြသွားနိုင်ပါတယ်။

GOOGLE PIXEL 4A ရဲ႕ ဒီဇိုင္းပုံရိပ္မ်ား ေပါက္ၾကားထြက္ရွိလာ
Google အေနနဲ႔ ယခုႏွစ္စပိုင္းေလာက္မွာ android အေျချပဳ Pixel ဖုန္းတလုံးကို မိတ္ဆက္ေပးဖုိ႔ ရွိေနပါတယ္။ အေစာပိုင္း သတင္းေတြတုံးက ဖုန္းကို ေမာ္ဒယ္၂ မ်ိဳးမိတ္ဆက္မယ္ဆိုၿပီး သတင္း ထြက္ခဲ့ေပမယ့္ အခုေတာ့ ေမာ္ဒယ္တမ်ိဳးတည္းသာ ထုတ္ေပးေတာ့မွာ ျဖစ္ပါတယ္။ အဲ့ဒီဖုန္းကေတာ့ PIXEL 4A ျဖစ္ၿပီး ၿပီးခဲ့တဲ ႏွစ္ကထြက္ရွိခဲ့တဲ့ Pixel 3a ဖုန္းရဲ႕ မ်ိဳးဆက္ဖုန္း ျဖစ္မွာပါ။


ေကာလာဟလေတြအရ ကုမၸဏီအေနနဲ႔ ယခုအႀကိမ္မွာေတာ့ ဖုန္း၁မ်ိဳးတည္းသာ ထုတ္လုပ္လာမယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းေလာက္ OnLeaks ကေန Pixel 4a နဲ႔ပတ္သတ္တဲ့ renders ေတြ ထြက္ခဲ့ပါတယ္။ အဲ့ဒီပုံေတြမွာေတာ့ စမတ္ဖုန္းမွာ သုံးလာမယ့္ ကင္မရာပုံစံကို ေတြ႕လုိက္ရပါတယ္။ ဓာတ္ပုံေတြအရ အဲ့ဒီဖုန္းမွာ Pixel 4 ဖုန္းမွာလို႔ စတုရန္းပုံစံ ကင္မရာ ဒီဇိုင္းကိုသာ သုံးလာမွာပါ။


သတင္းေတြအရ Pixel 4a ဖုန္းမွာ 5.81-inch display နဲ႔ ထြက္လာမယ္လို႔ ဆိုတာေၾကာင့္ mid-range Google ဖုန္းလို႔ သတ္မွတ္ႏုိင္မွာပါ။ ၿပီးေတာ့ အေရွ႕ဘက္ကင္မရာ Selfie ကိုလည္း punch-hole ပံုစံမ်ိဳး ထုတ္လာမွာပါ။ 3.5mm headphone jack ကိုလည္း ထည့္ေပးထားမယ္လို႔ သိရပါတယ္။ စမတ္ဖုန္းေမာ္ဒယ္သစ္ဟာ ေမလမွာ က်င္းပဖုိ႔ ရွိေနတဲ့ Google event မွာ ထုတ္ျပသြားႏုိင္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.