CES 2020 မှာ ကိုယ်ပိုင်အမှတ်တံဆိပ် စမတ်ဖုန်းတွေကို ထုတ်ပြလိုက်တဲ့ TCL

0
410

အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှု အပိုင်းမှာ နာမည်ကျော်တဲ့ TCL အနေနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ စမတ်ဖုန်း ၃ မျိုးကို လက်ရှိကျင်းပနေတဲ့ CES ပွဲကြီးမှာ ထုတ်ပြလိုက်ပါတယ်။ TCL 10 series ဖုန်းတွေဖြစ်ပြီး TCL 10 5G, 10 Pro, 10L ဖုန်းတွေဖြစ်ပါတယ်။ 10 5G နဲ့ 10L တွေမှာသုံးထားတဲ့ ‘flat’ displays အတွက် ကုမ္ပဏီက ထုတ်ထားတဲ့ NXTVISION display ကိုသုံးထားပြီး 10 Pro ဖုန်းမှာတော့ edge AMOLED screen ကိုသုံးပေးထားပါတယ်။

TCL 10 5G ဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းဖြစ်လာပြီး Qualcomm 7-Series chipsets ဖြစ်တဲ့ Snapdragon 765G ကိုသုံး ထားပါလိမ့်မယ်။ ဒီဖုန်းမှာ ကြီးမားတဲ့ Display နဲ့ဖြစ်ပြီး နောက်ဘက်မှာ လက်ဗွေဖတ်စနစ်ကို ထည့်ပေးထားပါတယ်။ အခြား 10-Series စမတ်ဖုန်း ၂ မျိုးလိုပဲ ဒီဖုန်းမှာ quad-camera setup သုံးထားမှာပါ။

TCL 10 Pro မှာတော့ 10 5G နဲ့ဆင်တူသယောင် ထင်ရပေမယ့် အခြားအပိုင်းတွေမှာ ကွဲပြားခြားနားပါလိမ့်မယ်။ ရောင်ပြန် holographic ပုံစံအစား သူ့မှာ OnePlus 7 Pro မှာသုံးထားတဲ့ ‘glowy’ patterns လိုမျိုးဖြစ်ပါတယ်။ 10 Pro မှာ in-display fingerprint scanner ပါဝင်ပါလိမ့်မယ်။ TCL 10L ဖုန်းမှာတော့ အခြေခံမော်ဒယ်ဖြစ်ပြီး 48MP နဲ့အတူ quad-camera setup ကိုသုံးထားပါတယ် CES မှာပြသလိုက်တယ် ဆိုပေမယ့် လက်ရှိတော့ ဈေးကွက်ထဲကို ရောင်းချအုံးမှာ မဟုတ်ပါဘူး။ အသစ်ပြသလိုက်တဲ့ စမတ်ဖုန်းတွေကိုတော့ မြောက်အမေရိက ဈေးကွက်မှာ အရင်ရောင်းပေးသွားမှာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကိုတော့ 2020 နှစ်ကုန်ပိုင်းလောက်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

zawgyi

CES 2020 မွာ ကိုယ္ပိုင္အမွတ္တံဆိပ္ စမတ္ဖုန္းေတြကို ထုတ္ျပလိုက္တဲ့ TCL
အီလက္ထေရာနစ္ပစၥည္း ထုတ္လုပ္မႈ အပိုင္းမွာ နာမည္ေက်ာ္တဲ့ TCL အေနနဲ႔ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ စမတ္ဖုန္း ၃ မ်ိဳးကို လက္ရွိက်င္းပေနတဲ့ CES ပြဲႀကီးမွာ ထုတ္ျပလိုက္ပါတယ္။ TCL 10 series ဖုန္းေတြျဖစ္ၿပီး TCL 10 5G, 10 Pro, 10L ဖုန္းေတြျဖစ္ပါတယ္။ 10 5G နဲ႔ 10L ေတြမွာသုံးထားတဲ့ ‘flat’ displays အတြက္ ကုမၸဏီက ထုတ္ထားတဲ့ NXTVISION display ကိုသုံးထားၿပီး 10 Pro ဖုန္းမွာေတာ့ edge AMOLED screen ကိုသုံးေပးထားပါတယ္။

TCL 10 5G ဖုန္းဟာ ကုမၸဏီရဲ႕ ပထမဆုံး 5G ဖုန္းျဖစ္လာၿပီး Qualcomm 7-Series chipsets ျဖစ္တဲ့ Snapdragon 765G ကိုသုံး ထားပါလိမ့္မယ္။ ဒီဖုန္းမွာ ႀကီးမားတဲ့ Display နဲ႔ျဖစ္ၿပီး ေနာက္ဘက္မွာ လက္ေဗြဖတ္စနစ္ကို ထည့္ေပးထားပါတယ္။ အျခား 10-Series စမတ္ဖုန္း ၂ မ်ိဳးလိုပဲ ဒီဖုန္းမွာ quad-camera setup သုံးထားမွာပါ။

TCL 10 Pro မွာေတာ့ 10 5G နဲ႔ဆင္တူသေယာင္ ထင္ရေပမယ့္ အျခားအပိုင္းေတြမွာ ကြဲျပားျခားနားပါလိမ့္မယ္။ ေရာင္ျပန္ holographic ပုံစံအစား သူ႔မွာ OnePlus 7 Pro မွာသုံးထားတဲ့ ‘glowy’ patterns လိုမ်ိဳးျဖစ္ပါတယ္။ 10 Pro မွာ in-display fingerprint scanner ပါဝင္ပါလိမ့္မယ္။ TCL 10L ဖုန္းမွာေတာ့ အေျခခံေမာ္ဒယ္ျဖစ္ၿပီး 48MP နဲ႔အတူ quad-camera setup ကိုသုံးထားပါတယ္ CES မွာျပသလိုက္တယ္ ဆိုေပမယ့္ လက္ရွိေတာ့ ေဈးကြက္ထဲကို ေရာင္းခ်အုံးမွာ မဟုတ္ပါဘူး။ အသစ္ျပသလိုက္တဲ့ စမတ္ဖုန္းေတြကိုေတာ့ ေျမာက္အေမရိက ေဈးကြက္မွာ အရင္ေရာင္းေပးသြားမွာ ျဖစ္ၿပီး ကမာၻ႔ေဈးကြက္ကိုေတာ့ 2020 ႏွစ္ကုန္ပိုင္းေလာက္မွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.