7.2-INCH DISPLAY နဲ့ FOLDABLE ဖုန်းကို CES 2020 မှာ TCL ကြေငြာ

0
640

2020 ခုနှစ်ရဲ့ အစပိုင်းမှာပဲ foldable phones တမျိုးဟာ CES မှာ ထွက်လာခဲ့ပါပြီ။ တရုတ် အီလက်ထရောနစ် ကုမ္ပဏီ TCL ကပြသလိုက်တာဖြစ်ပြီး TCL Foldable ဖုန်းဟာ 7.2-inch panel နဲ့ဖြစ်ပါတယ်။ အိတ်ဆောင်ပုံစံမျိုး မဟုတ်ပေမယ့် သူ့ကိုခေါက်သိမ်းနိုင်မှာပါ။ ပြောရမယ်ဆို Foldable ဖုန်းတွေထဲမှာ သေးငယ်တဲ့ အရွယ်အစားလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။

secondary display မပါဝင်တာကြောင့် အခြားဖုန်းတွေလို ခေါက်လိုက်တဲ့အချိန်မှာ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ TCL အနေနဲ့ panel အမျိုးအစား၊ resolution တွေ display ပိုင်းနဲ့ ပတ်သတ်တဲ့ အခြားအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ပြီးတော့ ဘယ်လို layer တွေသုံးထားတယ်ဆိုတာလည်း မသိရသေးပါဘူး။

အပြင်ဘက်ကာဘာပုံစံကတော့ ဒိုင်းမွန်းပုံစံ အရောင်တောက်တောက် ဖြစ်ပြီး နောက်ကျောဘက်မှာ ကင်မရာ ၄ လုံးတပ်ဆင်ထားတာကို တွေ့ရပါတယ်။ TCL အနေနဲ့ ကင်မရာပိုင်းနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေ ထုန်ပြန်ခြင်း မရှိပေမယ့် resolution မြင့်မားတဲ့ 48MP / 64MP ဆင်ဆာတွေ သုံးပေးဖို့ သေချာနေပါတယ်။ ဒီဖုန်းကို ယခုနှစ်အတွင်း ထုတ်ပေးမှာဖြစ်ပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။

zawgyi

7.2-INCH DISPLAY နဲ႔ FOLDABLE ဖုန္းကို CES 2020 မွာ TCL ေၾကျငာ
2020 ခုႏွစ္ရဲ႕ အစပိုင္းမွာပဲ foldable phones တမ်ိဳးဟာ CES မွာ ထြက္လာခဲ့ပါၿပီ။ တ႐ုတ္ အီလက္ထေရာနစ္ ကုမၸဏီ TCL ကျပသလိုက္တာျဖစ္ၿပီး TCL Foldable ဖုန္းဟာ 7.2-inch panel နဲ႔ျဖစ္ပါတယ္။ အိတ္ေဆာင္ပုံစံမ်ိဳး မဟုတ္ေပမယ့္ သူ႔ကိုေခါက္သိမ္းႏိုင္မွာပါ။ ေျပာရမယ္ဆို Foldable ဖုန္းေတြထဲမွာ ေသးငယ္တဲ့ အ႐ြယ္အစားလို႔ သတ္မွတ္ႏိုင္ပါလိမ့္မယ္။

secondary display မပါဝင္တာေၾကာင့္ အျခားဖုန္းေတြလို ေခါက္လိုက္တဲ့အခ်ိန္မွာ အသုံးျပဳႏိုင္မွာ မဟုတ္ပါဘူး။ TCL အေနနဲ႔ panel အမ်ိဳးအစား၊ resolution ေတြ display ပိုင္းနဲ႔ ပတ္သတ္တဲ့ အျခားအခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိပါဘူး။ ၿပီးေတာ့ ဘယ္လို layer ေတြသုံးထားတယ္ဆိုတာလည္း မသိရေသးပါဘူး။

အျပင္ဘက္ကာဘာပုံစံကေတာ့ ဒိုင္းမြန္းပုံစံ အေရာင္ေတာက္ေတာက္ ျဖစ္ၿပီး ေနာက္ေက်ာဘက္မွာ ကင္မရာ ၄ လုံးတပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ TCL အေနနဲ႔ ကင္မရာပိုင္းနဲ႔ ပတ္သတ္ၿပီး အေသးစိတ္ အခ်က္အလက္ေတြ ထုန္ျပန္ျခင္း မရွိေပမယ့္ resolution ျမင့္မားတဲ့ 48MP / 64MP ဆင္ဆာေတြ သုံးေပးဖို႔ ေသခ်ာေနပါတယ္။ ဒီဖုန္းကို ယခုႏွစ္အတြင္း ထုတ္ေပးမွာျဖစ္ၿပီး ေဈးႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.