စမတ်ဖုန်း ထုတ်လုပ်မှုပိုင်းမှာ ယခင်ကလောက် အောင်မြင်တော့ခြင်း မရှိတော့ပေမယ့် စမတ်ဖုန်းမှာ တပ်ဆင်တဲ့ ကင်မရာဆင်ဆာ ရောင်းချမှုမှာတော့ ထုတ်မလောက်အောင် ဖြစ်နေတဲ့ Sony ကတော့ CES မှာ အံ့သြစရာတွေ ထုတ်ပြလိုက်ပါပြီ။ စမတ်ဖုန်းနဲ့ ဖျော်ဖြေရေးပစ္စည်းတွေသာ ထုတ်နေတဲ့ Sony အတွက် မတူညီတဲ့ ဈေးကွက်ကို ဦးတည်လိုက်တာ ဖြစ်ပါတယ်။
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/19580309/sony_vision_s_0400.jpg?w=1068&ssl=1)
Sony Vision-S လို့နာမည်ပေးထားပြီး electric concept ဆီဒင်အမျိုးအစား ကားပါ။ ဒီကားရဲ့ အချက်အလက် အချို့ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒါတွေကတော့ ကားရဲ့အတွင်းနဲ့အပြင်ပိုင်းမှာ မတူညီတဲ့ ဆင်ဆာအမျိုးအစား ၃၃ ထိထည့်ပေးထားပြီး multiple widescreen displays, 360 audio အရည်အသွေးတွေပါ ပါဝင်ပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ BlackBerry နဲ့ Bosch မှာ ထည့်ပေးထားတဲ့ နည်းပညာမျိုးတွေပါ။
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/19580520/sony_concept_car_vision_s_002.jpg?w=1068&ssl=1)
Sony ရဲ့ကားအသစ်ဟာ အခြား SUVs ကားတွေလိုပဲ စွမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့ ဒီကားအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ထုတ်ပေးတဲ့ Magna ပြောလိုက်ပါတယ်။ ဆိုနီကုမ္ပဏီရဲ့ စီအီးအိုဖြစ်တဲ့ ကင်နီရှီယိုကတော့ ဒီကားရဲ့ရှေ့ပြေးပုံစံနဲ့အတူ ကျွန်တော်တို့ဟာ မော်တော်ကားဈေးကွက်ထဲကို ဝင်ရောက်လာပြီဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ထုတ်ဖော်မိတ်ဆက်ပွဲမှာ ပြောသွားပါတယ်။ ကားနဲ့ပတ်သတ်တဲ့ အခြားအချက်အလက်တွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
zawgyi
အံ့အားသင့္ဖြယ္ electric concept ကားကို ထုတ္ျပလိုက္တဲ့ Sony
စမတ္ဖုန္း ထုတ္လုပ္မႈပိုင္းမွာ ယခင္ကေလာက္ ေအာင္ျမင္ေတာ့ျခင္း မရွိေတာ့ေပမယ့္ စမတ္ဖုန္းမွာ တပ္ဆင္တဲ့ ကင္မရာဆင္ဆာ ေရာင္းခ်မႈမွာေတာ့ ထုတ္မေလာက္ေအာင္ ျဖစ္ေနတဲ့ Sony ကေတာ့ CES မွာ အံ့ၾသစရာေတြ ထုတ္ျပလိုက္ပါၿပီ။ စမတ္ဖုန္းနဲ႔ ေဖ်ာ္ေျဖေရးပစၥည္းေတြသာ ထုတ္ေနတဲ့ Sony အတြက္ မတူညီတဲ့ ေဈးကြက္ကို ဦးတည္လိုက္တာ ျဖစ္ပါတယ္။
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/19580309/sony_vision_s_0400.jpg?w=1068&ssl=1)
Sony Vision-S လို႔နာမည္ေပးထားၿပီး electric concept ဆီဒင္အမ်ိဳးအစား ကားပါ။ ဒီကားရဲ႕ အခ်က္အလက္ အခ်ိဳ႕ကိုလည္း ထုတ္ျပန္ခဲ့ပါေသးတယ္။ အဲ့ဒါေတြကေတာ့ ကားရဲ႕အတြင္းနဲ႔အျပင္ပိုင္းမွာ မတူညီတဲ့ ဆင္ဆာအမ်ိဳးအစား ၃၃ ထိထည့္ေပးထားၿပီး multiple widescreen displays, 360 audio အရည္အေသြးေတြပါ ပါဝင္ပါတယ္။ ေဈးကြက္ထဲမွာရွိတဲ့ BlackBerry နဲ႔ Bosch မွာ ထည့္ေပးထားတဲ့ နည္းပညာမ်ိဳးေတြပါ။
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/19580520/sony_concept_car_vision_s_002.jpg?w=1068&ssl=1)
Sony ရဲ႕ကားအသစ္ဟာ အျခား SUVs ကားေတြလိုပဲ စြမ္းေဆာင္ႏိုင္မွာ ျဖစ္တယ္လို႔ ဒီကားအတြက္ လိုအပ္တဲ့ အစိတ္အပိုင္းေတြကို ထုတ္ေပးတဲ့ Magna ေျပာလိုက္ပါတယ္။ ဆိုနီကုမၸဏီရဲ႕ စီအီးအိုျဖစ္တဲ့ ကင္နီရွီယိုကေတာ့ ဒီကားရဲ႕ေရွ႕ေျပးပုံစံနဲ႔အတူ ကြၽန္ေတာ္တို႔ဟာ ေမာ္ေတာ္ကားေဈးကြက္ထဲကို ဝင္ေရာက္လာၿပီဆိုတာကို ျပသလိုက္တာျဖစ္တယ္လို႔ ထုတ္ေဖာ္မိတ္ဆက္ပြဲမွာ ေျပာသြားပါတယ္။ ကားနဲ႔ပတ္သတ္တဲ့ အျခားအခ်က္အလက္ေတြကိုေတာ့ အေသးစိတ္မသိရေသးပါဘူး။