Super Fast Charging စနစ်ပါဝင်လာမယ့် Samsung Galaxy Fold 2

0
239

[Unicode]

ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ မြင်တွေ့ရတော့မယ့် Samsung ရဲ့ ဒုတိယမျိုးဆက် Foldable ဖုန်းလေးဟာ ကျွန်တော်တို့ကို စောင့်မျှော်နေပါတယ်။ XDA Developer တွေရဲ့ တွေ့ရှိချက်အရ Galaxy Note9 ရဲ့ stable Android 10 ရရှိမှုနဲ့အတူ Fold 2 မှာ Super Fast Charging ပါဝင်မယ်လို့ သိလိုက်ရပြန်ပါပြီ။
code အတွင်းမှာ Fold 2 ရဲ့ charging animation တွေကို ဖော်ပြထားသလို ခေါင်းစဉ်မှာလည်း “bloom-front-charging-effect-superfast”ဆိုပြီးတော့ တွေ့မြင်ရပါတယ်။ Bloom ဆိုတာကတော့ Fold 2 အတွက် နာမည်ဖြစ်ပြီးတော့ Galaxy S10 5G မှာ မိတ်ဆက်ထားတဲ့ Super Fast Charging နည်းပညာကို ထည့်သွင်းအသုံးပြုထားမယ်ဆိုတဲ့ သဘောပါပဲ။ charging adapter ကောင်းကောင်းနဲ့သာဆိုရင် 45W အထိ ရောက်နိုင်မှာပါ။ charging animation လေးကတော့ dual camera ဘေးမှာရှိတဲ့ secondary notification display မှာ မြင်တွေ့ရမှာပါ။
ဘတ်ထရီပိုင်းမှာဆိုရင်လည်း ကျွန်တော်တို့ဟာ 900 mAh တစ်လုံး သုံးပေးထားမယ်လို့ သိရပါတယ်။ cell နှစ်ခုပေါင်းလိုက်ရင်တော့ 3,000 mAh အောက်မှာပဲ ရှိလောက်မှာပါ။ Fold 2 ကို Ultra-Thin Glass (UTG) display နဲ့ တွေ့မြင်ရမယ်လို့ မှန်းထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 1,000 လို့ကြားထားပါတယ်။ အသေးစိတ်ကတော့ နောက်တစ်လလောက်မှ ကောင်းကောင်းသိရမှာပါ။

[Zawgyi]

ေဖေဖာ္ဝါရီလ ၁၁ရက္ေန႔မွာ ျမင္ေတြ႕ရေတာ့မယ့္ Samsung ရဲ႕ ဒုတိယမ်ိဳးဆက္ Foldable ဖုန္းေလးဟာ ကြၽန္ေတာ္တို႔ကို ေစာင့္ေမွ်ာ္ေနပါတယ္။ XDA Developer ေတြရဲ႕ ေတြ႕ရွိခ်က္အရ Galaxy Note9 ရဲ႕ stable Android 10 ရရွိမႈနဲ႔အတူ Fold 2 မွာ Super Fast Charging ပါဝင္မယ္လို႔ သိလိုက္ရျပန္ပါၿပီ။
code အတြင္းမွာ Fold 2 ရဲ႕ charging animation ေတြကို ေဖာ္ျပထားသလို ေခါင္းစဥ္မွာလည္း “bloom-front-charging-effect-superfast”ဆိုၿပီးေတာ့ ေတြ႕ျမင္ရပါတယ္။ Bloom ဆိုတာကေတာ့ Fold 2 အတြက္ နာမည္ျဖစ္ၿပီးေတာ့ Galaxy S10 5G မွာ မိတ္ဆက္ထားတဲ့ Super Fast Charging နည္းပညာကို ထည့္သြင္းအသုံးျပဳထားမယ္ဆိုတဲ့ သေဘာပါပဲ။ charging adapter ေကာင္းေကာင္းနဲ႔သာဆိုရင္ 45W အထိ ေရာက္ႏိုင္မွာပါ။ charging animation ေလးကေတာ့ dual camera ေဘးမွာရွိတဲ့ secondary notification display မွာ ျမင္ေတြ႕ရမွာပါ။
ဘတ္ထရီပိုင္းမွာဆိုရင္လည္း ကြၽန္ေတာ္တို႔ဟာ 900 mAh တစ္လုံး သုံးေပးထားမယ္လို႔ သိရပါတယ္။ cell ႏွစ္ခုေပါင္းလိုက္ရင္ေတာ့ 3,000 mAh ေအာက္မွာပဲ ရွိေလာက္မွာပါ။ Fold 2 ကို Ultra-Thin Glass (UTG) display နဲ႔ ေတြ႕ျမင္ရမယ္လို႔ မွန္းထားပါတယ္။ ေဈးႏႈန္းကေတာ့ ေဒၚလာ 1,000 လို႔ၾကားထားပါတယ္။ အေသးစိတ္ကေတာ့ ေနာက္တစ္လေလာက္မွ ေကာင္းေကာင္းသိရမွာပါ။

Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.