Global ဖုန်းတွေမှာ Google Phone & Message app တွေကို ဆက်လက်သွင်းသွားမယ့် Xiaomi

0
1354

[Unicode]

Mi 9T Pro မှစတင်ပြီးတော့ နိုင်ငံတကာကိုမိတ်ဆက်တဲ့ Xiaomi စမတ်ဖုန်းတိုင်းလိုလိုမှာ Google Phone & Messages app တွေကို ကြိုတင်သွင်းထားတော့မှာပါ။ ဒီအကြောင်းကိုတော့ ဒီနေ့မှာ Xiaomi ကသူ့ရဲ့တရားဝင်ဖိုရမ်မှာ ရေးသားတင်ပြခဲ့ပါတယ်။
ဒါကြောင့် Global or EEA ROM သုံးထားတဲ့ Xiaomi ဟန်းဆက်ရှိမယ်ဆိုရင်တော့ MIUI Dialer နဲ့Messenger တွေကို မြင်တွေ့ရမှာမဟုတ်တော့ပါဘူး။ ကမ္ဘာတစ်လွှားမှာ ဖြစ်ပျက်နေတဲ့ Privacy ကိစ္စတွေကြောင့် Google app တွေကိုသာ အသုံးပြုတော့မှာပါ။ Google Phone & Messages တွေဟာ Google Mobile Services တွေကို အသုံးပြုတာကြောင့် စိတ်ချရပါတယ်။
ဒီလိုလုပ်လိုက်ရခြင်းဟာ သူ့ထုတ်ကုန်တွေရောင်းချတဲ့နယ်မြေတွေမှာ privacy နဲ့ပတ်သတ်တဲ့ကိစ္စရပ်တွေမှာ အရှုပ်အရှင်းကင်းအောင် ဖန်တီးလိုက်တယ်လို့လည်း မြင်မိပါတယ်။ ဒီလုပ်ဆောင်ချက်ကိုတော့ Mi 9T Pro မတိုင်ခင် ထွက်ရှိခဲ့တဲ့စမတ်ဖုန်းတွေမှာတော့ လုပ်ဆောင်ပေးမယ် မထင်ပါဘူး။

[Zawgyi]


Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.