Galaxy Fold 2 စမတ်ဖုန်းတွင် Super Fast charging ပါဝင်လာမည်

0
398

Samsung ရဲ့ ဒုတိယမြောက် foldable phone ကို မကြာခင်လပိုင်းအတွင်းမှာ မိတ်ဆက်ပေးဖို့ ရှိနေပါတယ်။ ဖေဖော်ဝါရီ ၁၁ ဒါမှမဟုတ် ၁၈ ရက်လောက်မှာဖြစ်ပြီး flagship စမတ်ဖုန်းတွေဖြစ်တဲ့ S20 series ဖုန်းတွေနဲ့ အတူ တပြိုင်နက်တည်း မိတ်ဆက်လာနိုင်ပါတယ်။ Fold 2 နဲ့ပတ်သတ်တဲ့ အချက်အလက်ကိုတော့ XDA Developer ကနေ Galaxy Note9 ကို stable Android 10 ထုတ်ပေးခြင်းမှာ အခြား ကုတ်တခုအနေနဲ့ တွေ့ရှိခဲ့တာပါ။


အဲ့ဒါကတော့ Fold 2 မှာ Super Fast charging ပါမယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီကုတ်မှာတော့ Fold 2 စမတ်ဖုန်းရဲ့ charging ပိုင်းနဲ့ ပတ်သတ်တဲ့ ဖော်ပြချက်အချို့ကို မြင်လိုက်ရတာ ဖြစ်ပြီး file titled ကိုတော့ “bloom_front_charging_effect_superfast” လို့ပေးထားပါတယ်။ Fold 2 ကို Bloom ဆိုပြီး code-name ပေးထားပါတယ်။ ဖုန်းအတွက် လုံလောက်တဲ့အားသွင်းမြန်နှုန်းကို ရရှိစေဖို့အတွက်ကတော့ charging adapter ကို 45W သုံးနိုင်ပါတယ်။
ဒုတိယမျိုးဆက် Galaxy Fold နဲ့ပတ်သတ်လို့ နောက်ထပ်သတင်းအချက်အလက်ကတော့ သူ့မှာထည့်ထားတဲ့ ဘက်ထရီတွေထဲက တခုဟာ 900 mAh စွမ်းအားရှိမယ်ဆိုတာပါ။ ဒုတိယတခုဟာ ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပေမယ့် 3,000 mAh အောက်လောက်ပဲ ရှိနိုင်မှာပါ။ ကိုရီးယား ကုမ္ပဏီ အနေနဲ့ Galaxy S10 5G မိတ်ဆက်ပွဲတုန်းက ပြသခဲ့တဲ့ Super Fast Charging နည်းပညာသစ်ကို နောက်ထွက်မယ့် foldable ဖုန်းသစ်မှာထည့်ပေးတော့မှာပါ။

zawgyi

Galaxy Fold 2 စမတ္ဖုန္းတြင္ Super Fast charging ပါဝင္လာမည္
Samsung ရဲ႕ ဒုတိယေျမာက္ foldable phone ကို မၾကာခင္လပိုင္းအတြင္းမွာ မိတ္ဆက္ေပးဖုိ႔ ရွိေနပါတယ္။ ေဖေဖာ္ဝါရီ ၁၁ ဒါမွမဟုတ္ ၁၈ ရက္ေလာက္မွာျဖစ္ၿပီး flagship စမတ္ဖုန္းေတြျဖစ္တဲ့ S20 series ဖုန္းေတြနဲ႔ အတူ တၿပိဳင္နက္တည္း မိတ္ဆက္လာႏိုင္ပါတယ္။ Fold 2 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ကိုေတာ့ XDA Developer ကေန Galaxy Note9 ကို stable Android 10 ထုတ္ေပးျခင္းမွာ အျခား ကုတ္တခုအေနနဲ႔ ေတြ႕ရွိခဲ့တာပါ။

အဲ့ဒါကေတာ့ Fold 2 မွာ Super Fast charging ပါမယ္ဆိုတာပဲ ျဖစ္ပါတယ္။ အဲဒီကုတ္မွာေတာ့ Fold 2 စမတ္ဖုန္းရဲ႕ charging ပိုင္းနဲ႔ ပတ္သတ္တဲ့ ေဖာ္ျပခ်က္အခ်ိဳ႕ကို ျမင္လိုက္ရတာ ျဖစ္ၿပီး file titled ကိုေတာ့ “bloom_front_charging_effect_superfast” လို႔ေပးထားပါတယ္။ Fold 2 ကို Bloom ဆိုၿပီး code-name ေပးထားပါတယ္။ ဖုန္းအတြက္ လုံေလာက္တဲ့အားသြင္းျမန္ႏႈန္းကို ရရွိေစဖို႔အတြက္ကေတာ့ charging adapter ကို 45W သုံးႏုိင္ပါတယ္။
ဒုတိယမ်ိဳးဆက္ Galaxy Fold နဲ႔ပတ္သတ္လို႔ ေနာက္ထပ္သတင္းအခ်က္အလက္ကေတာ့ သူ႕မွာထည့္ထားတဲ့ ဘက္ထရီေတြထဲက တခုဟာ 900 mAh စြမ္းအားရွိမယ္ဆုိတာပါ။ ဒုတိယတခုဟာ ဘယ္ေလာက္ရွိမယ္ဆိုတာ မသိရေသးေပမယ့္ 3,000 mAh ေအာက္ေလာက္ပဲ ရွိႏုိင္မွာပါ။ ကိုရီးယား ကုမၸဏီ အေနနဲ႔ Galaxy S10 5G မိတ္ဆက္ပြဲတုန္းက ျပသခဲ့တဲ့ Super Fast Charging နည္းပညာသစ္ကုိ ေနာက္ထြက္မယ့္ foldable ဖုန္းသစ္မွာထည့္ေပးေတာ့မွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.