Exynos 8895 နဲ့အတူ Infinity-O displays သုံးလာတဲ့ Galaxy Note 10 Lite ကိုကြေညာ

0
377

Samsung အနေနဲ့ Galaxy Note10 Lite ဖုန်းတွေကို တရားဝင်ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ် မှာ 6.7″ FullHD+ Infinity-O displays သုံးထားမှာဖြစ်ပြီး 4,500mAh ဘက်ထရီမှာ 25W fast charging ထောက်ပံ့မှာပါ။ Galaxy Note10 Lite ဖုန်းမှာ Air Command support လုပ်တဲ့ S Pen ကိုထည့်သွင်းပေးထားပါတယ်။

သူလည်း 32MP အရှေ့ဘက် ကင်မရာကို 6.7” FullHD+ display ရဲ့ punch hole ထဲမှာ ထည့်ထားမှာပါ။ Note10 Lite ပရိုဆက်ဆာပိုင်းအတွက် ကုမ္ပဏီက ထုတ်ထားတဲ့ Exynos 8895 ကိုသုံးထားပါတယ်။ RAM ကတော့ 6/8GB ဖြစ်ပြီး 128GB သိုလှောင်မှုနဲ့ သုံးနိုင်မှာပါ။

Galaxy Note10 Lite ရဲ့နောက်ကျောဘက်မှာလည်း ကင်မရာ ၃ လုံး အထိုင်ချထားပြီး Dual Pixel AF နဲ့ OIS ပါတဲ့ 12 MP f/1.7 အဓိကဆင်ဆာ၊ 12 MP f/2.2 ultrawide angle ဆင်ဆာနဲ့ 12 MP f/2.4 telephoto တို့ပဲဖြစ်ပါတယ်။ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကတော့ Galaxy Note10 Lite ဖုန်းမှာ 3.5mm audio jack ကိုထည့်ပေးလိုက်တာပါ။ အရင်ထွက်ထားတဲ့ Galaxy Note10 မော်ဒယ် ၃ မျိုးနဲ့ Galaxy S10 မော်ဒယ် ၃ မျိုးလုံးမှာ audio port ကို ထည့်ထားခြင်း မရှိပါဘူး။ Galaxy Note10 Lite ရဲ့ဈေးနှုန်းက ယူရို 599 ဖြစ်ပါတယ်။

zawgyi

Exynos 8895 နဲ႔အတူ Infinity-O displays သုံးလာတဲ့ Galaxy Note 10 Lite ကိုေၾကညာ
Samsung အေနနဲ႔ Galaxy Note10 Lite ဖုန္းေတြကို တရားဝင္ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ စမတ္ဖုန္းသစ္ မွာ 6.7″ FullHD+ Infinity-O displays သုံးထားမွာျဖစ္ၿပီး 4,500mAh ဘက္ထရီမွာ 25W fast charging ေထာက္ပံ့မွာပါ။ Galaxy Note10 Lite ဖုန္းမွာ Air Command support လုပ္တဲ့ S Pen ကိုထည့္သြင္းေပးထားပါတယ္။

သူလည္း 32MP အေရွ႕ဘက္ ကင္မရာကို 6.7” FullHD+ display ရဲ႕ punch hole ထဲမွာ ထည့္ထားမွာပါ။ Note10 Lite ပ႐ိုဆက္ဆာပိုင္းအတြက္ ကုမၸဏီက ထုတ္ထားတဲ့ Exynos 8895 ကိုသုံးထားပါတယ္။ RAM ကေတာ့ 6/8GB ျဖစ္ၿပီး 128GB သိုေလွာင္မႈနဲ႔ သုံးႏိုင္မွာပါ။

Galaxy Note10 Lite ရဲ႕ေနာက္ေက်ာဘက္မွာလည္း ကင္မရာ ၃ လုံး အထိုင္ခ်ထားၿပီး Dual Pixel AF နဲ႔ OIS ပါတဲ့ 12 MP f/1.7 အဓိကဆင္ဆာ၊ 12 MP f/2.2 ultrawide angle ဆင္ဆာနဲ႔ 12 MP f/2.4 telephoto တို႔ပဲျဖစ္ပါတယ္။ ဒီထက္ပိုၿပီး စိတ္လႈပ္ရွားစရာကေတာ့ Galaxy Note10 Lite ဖုန္းမွာ 3.5mm audio jack ကိုထည့္ေပးလိုက္တာပါ။ အရင္ထြက္ထားတဲ့ Galaxy Note10 ေမာ္ဒယ္ ၃ မ်ိဳးနဲ႔ Galaxy S10 ေမာ္ဒယ္ ၃ မ်ိဳးလုံးမွာ audio port ကို ထည့္ထားျခင္း မရွိပါဘူး။ Galaxy Note10 Lite ရဲ႕ေဈးႏႈန္းက ယူ႐ို 599 ျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.