လက်ဗီးဂက်မှာ ကျင်းပမယ့် CES 2020 ပွဲမှာ Escobar Fold 1 စမတ်ဖုန်းကို ပွဲထုတ်ပြသခွင့် ရမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် ESCOBAR FOLDABLEစမတ်ဖုန်း တည်ရှိမှု ပုံစံဟာ ပြပွဲကြီးနဲ့ သင့်တော်မှု မရှိတာကြောင့်လို့ CES ပွဲကိုပြုလုပ်တဲ့ စားသုံးသူနည်းပညာအသင်းက ပြောကြာခဲ့ပါတယ်။ ESCOBAR FOLDABLE ဖုန်းထုတ်လုပ်မှုရဲ့ နောက်ကွယ်မှာ ကိုလံဘီယာ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ ဆီွံဒင်စီးပွားရေးလုပ်ငန်းရှင် ပါဝင်မှုတွေကြောင့် ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဒီဖုန်းကို ကိုလံဘီယာ ဆေးဘုရင် Pablo Escobar ရဲ့ ညီဖြစ်တဲ့ Roberto De Jesus Escobar Gaviria ကထုတ်ပေးထားတာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သူ့ရဲ့စိတ်ကူးအိုင်ဒီယာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀ သာကျသင့်မှာပါ။ ဒီဖုန်းရဲ့ အားသာချက်အနေနဲ့ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ “Network” အားလုံးနဲ့ Compatible ဖြစ်တယ်လို့လဲ အာမခံထားပါတယ်။ ဒီဖုန်းကို ပရိုမိုးရှင်းဗီဒီယိုတွေအရ ဖုန်းဟာ မျက်နှာပြင်အကျယ် ၇.၈လက်မအထိရှိတဲ့ AMOLED full HD plus screen ကိုအသုံးပြုထားပြီး၊ Android 9 နဲ့ အလုပ်လုပ်မှာပါ။

Chipset အနေနဲ့ Snapdragon ရဲ့ 8 series ကိုအသုံးပြုထားပြီး 16MP နဲ့ 20MP အရည်အသွေး ရှိတဲ့ ကင်မရာတွေပါဝင်ပါတယ်။ ကြော်ငြာ ဗီဒီယိုမှာ Apple တည်ထောင်သူ Steve Jobs ရဲ့ ရည်ညွှန်းချက်အချို့လည်း ထည့်သွင်းပေးထားပါတယ်။ လက်ရှိ Escobar Fold ဖုန်းကို 128GB အတွက် ဒေါ်လာ ၃၅၀နဲ့ 512GB အတွက် ဒေါ်လာ ၅၀၀ ဈေးသတ်မှတ်ထားကြောင်းသိရပါတယ်။ အခြားထုတ်လုပ်သူတွေ အတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်တာကြောင့် ဒီဖုန်းကို ပြသခွင့်မပေးတာ ဖြစ်နိုင်ပါတယ်။
zawgyi
CES 2020 မွာျပသခြင့္ ရမွာမဟုတ္တဲ့ ESCOBAR FOLDABLE စမတ္ဖုန္း
လက္ဗီးဂက္မွာ က်င္းပမယ့္ CES 2020 ပြဲမွာ Escobar Fold 1 စမတ္ဖုန္းကို ပြဲထုတ္ျပသခြင့္ ရမွာမဟုတ္ဘူးလို႔ သိရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ESCOBAR FOLDABLEစမတ္ဖုန္း တည္ရွိမႈ ပုံစံဟာ ျပပြဲႀကီးနဲ႔ သင့္ေတာ္မႈ မရွိတာေၾကာင့္လို႔ CES ပြဲကိုျပဳလုပ္တဲ့ စားသုံးသူနည္းပညာအသင္းက ေျပာၾကာခဲ့ပါတယ္။ ESCOBAR FOLDABLE ဖုန္းထုတ္လုပ္မႈရဲ႕ ေနာက္ကြယ္မွာ ကိုလံဘီယာ မူးယစ္ေဆးဝါးေရာင္းဝယ္သူနဲ႔ ဆီြံဒင္စီးပြားေရးလုပ္ငန္းရွင္ ပါဝင္မႈေတြေၾကာင့္ ျဖစ္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ ဒီဖုန္းကို ကိုလံဘီယာ ေဆးဘုရင္ Pablo Escobar ရဲ႕ ညီျဖစ္တဲ့ Roberto De Jesus Escobar Gaviria ကထုတ္ေပးထားတာ ျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ သူ႔ရဲ႕စိတ္ကူးအိုင္ဒီယာပါ။ ေဈးႏႈန္းကေတာ့ ေဒၚလာ ၃၅၀ သာက်သင့္မွာပါ။ ဒီဖုန္းရဲ႕ အားသာခ်က္အေနနဲ႔ ကမာၻေပၚမွာ အသုံးျပဳေနတဲ့ “Network” အားလုံးနဲ႔ Compatible ျဖစ္တယ္လို႔လဲ အာမခံထားပါတယ္။ ဒီဖုန္းကို ပ႐ိုမိုးရွင္းဗီဒီယိုေတြအရ ဖုန္းဟာ မ်က္ႏွာျပင္အက်ယ္ ၇.၈လက္မအထိရွိတဲ့ AMOLED full HD plus screen ကိုအသုံးျပဳထားၿပီး၊ Android 9 နဲ႔ အလုပ္လုပ္မွာပါ။

Chipset အေနနဲ႔ Snapdragon ရဲ႕ 8 series ကိုအသုံးျပဳထားၿပီး 16MP နဲ႔ 20MP အရည္အေသြး ရွိတဲ့ ကင္မရာေတြပါဝင္ပါတယ္။ ေၾကာ္ျငာ ဗီဒီယိုမွာ Apple တည္ေထာင္သူ Steve Jobs ရဲ႕ ရည္ၫႊန္းခ်က္အခ်ိဳ႕လည္း ထည့္သြင္းေပးထားပါတယ္။ လက္ရွိ Escobar Fold ဖုန္းကို 128GB အတြက္ ေဒၚလာ ၃၅၀နဲ႔ 512GB အတြက္ ေဒၚလာ ၅၀၀ ေဈးသတ္မွတ္ထားေၾကာင္းသိရပါတယ္။ အျခားထုတ္လုပ္သူေတြ အတြက္ ထိခိုက္မႈေတြ ျဖစ္လာႏိုင္တာေၾကာင့္ ဒီဖုန္းကို ျပသခြင့္မေပးတာ ျဖစ္ႏိုင္ပါတယ္။