48-Megapixel Triple ကင်မရာနဲ့ Galaxy S10 Lite ကိုကြေညာ

0
643

Samsung အနေနဲ့ Galaxy S10 Lite စမတ်ဖုန်းကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီဖုန်းမှာ 6.7″ FullHD+ Infinity-O displays သုံးထားမှာဖြစ်ပြီး နောက်ကျောဘက်မှာ လေးထောင့်ခပ်ရှည်ရှည်ပုံစံ ကင်မရာ ၃ လုံးနဲ့ဖြစ်ပါတယ်။ Galaxy S10 Lite ဖုန်းမှာတော့ 7nm chipset တပ်ဆင်ထားပြီး 2.8GHz, 2.4GHz , 1.7GHz အမြန်နှုန်းရှိတဲ့ octa-core CPU တခုခုဖြစ်နိုင်ပါတယ်။

ဘယ်လို ပရိုဆက်ဆာသုံးထားတယ်ဆိုတာကို အတည်မပြုရသေးတာကြောင့် ဖြစ်ပါတယ်။ Snapdragon 855 ဖြစ်မယ်လို့တော့ ပြောနေကြပါတယ်။ 6GB (သို့) 8 GB RAM မှာ 128GB storage နဲဖြစ်မှာပါ။ ကင်မရာအတွက်တော့ ၃လုံးဖြစ်ပြီး f/2.0 aperture နဲ့ 48MP ဆင်ဆာ ကင်မရာ၊ 123-degree FoV ultrawide angle ရမယ့် 12MP sensor နဲ့ 5MP macro ဆင်ဆာတွေ သုံးထားမှာ ဖြစ်ပါတယ်။

အရှေ့ဘက်ကင်မရာကတော့ 32MP sensor ဖြစ်ပါတယ်။ ပိုပြီးထူးခြားချက်ကတော့ Galaxy S10 Lite စမတ်ဖုန်းဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံး Super Steady OIS ကိုသုံးထားမယ့် ဖုန်းဖြစ်ပါတယ်။ ဒါဟာ အခြားဖုန်းတွေထက် ပိုသာလွန်တဲ့ ကင်မရာရဲ့တည်ငြိမ်မှုကို ရပါလိမ့်မယ်။ 4,500mAh ဘက်ထရီမှာ 25W fast charging support လုပ်ပါလိမ့်မယ်။ S10 Lite ရဲ့ဈေးနှုန်းကို တော့ ယူရို 649 သတ်မှတ်ထားပါတယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.