[Unicode]

AirPods ဒါမှမဟုတ် AirPods Pro ဝယ်ယူဖို့ အော်ဒါတင်တော့မယ့် ဝယ်ယူသူတွေအနေနဲ့ emoji လေးတွေထွင်းလို့ရနေပါပြီ။ ဒီအကြောင်းကို သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ ပြောင်းလဲဖော်ပြထားတာဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်အသစ်လေးမှာတော့ သုံးစွဲသူတွေဟာ emoji ပေါင်း ၃၁မျိုးထဲကနေ စိတ်ကြိုက်တစ်ခုကို ရွေးချယ်နိုင်မှာပါ။ emoji လေးတွေကို စိတ်ကြိုက်စာသားတွေတုန်းကလိုပဲ အလယ်ခေါင်မှာ ထွင်းပေးမှာပါ။ အားသွင်းမီးလေးရဲ့အောက်ဘက်နားမှာ တွေ့မြင်ရပါလိမ့်မယ်။
emoji လေးတွေမှာ ပါဝင်တဲ့ဟာလေးတွေအများစုကတော့ smiley face နဲ့ hand sign လေးတွေ၊ heart & star emoji, animal lover တွေအတွက်လည်း ထည့်သွင်းပေးထားပါသေးတယ်။ poop emoji လည်း ရှိပါတယ်။ ဒေါ်လာ ၁၆၀-၂၀၀ တန် earbuds လေးပေါ်မှာ ဘယ်လိုမျိုးလေးတွေ ထွင်းမလဲဆိုတာကို ကျွန်တော်ကတော့ စိတ်ဝင်စားနေမိပါတယ်။

ဒီလုပ်ဆောင်ချက်လေးကတော့ ပုံမှန်စာသားလေးတွေထွင်းပေးနေတဲ့လုပ်ဆောင်မှုမှာ ဖြည့်တင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်နှစ်ခုက ကွဲပြားနေတဲ့အတွက်ကြောင့် emoji နဲ့ စာသား တစ်ခုပဲရွေးချယ်လို့ရမှာပါ။ ဒီလုပ်ဆောင်ချက်လေးကို AirPods မော်ဒယ်လ်သုံးမျိုးလုံးမှာ ရနိုင်ပါတယ်။ original AirPods, Wireless Charging Case ပါတဲ့ AirPods, AirPods Pro တို့ပေါ့။
ကဲ စာဖတ်သူတွေကရော စာသားထည့်မှာလား။ emoji လေးထည့်မှာလား။ ဘယ်လိုစာသား၊ ဘယ်လို emoji တွေထည့်မလဲဆိုတာကိုလည်း ပြောခဲ့ကြပါဦး။
[Zawgyi]

AirPods ဒါမွမဟုတ္ AirPods Pro ဝယ္ယူဖို႔ ေအာ္ဒါတင္ေတာ့မယ့္ ဝယ္ယူသူေတြအေနနဲ႔ emoji ေလးေတြထြင္းလို႔ရေနပါၿပီ။ ဒီအေၾကာင္းကို သူတို႔ရဲ႕ဝက္ဘ္ဆိုက္မွာ ေျပာင္းလဲေဖာ္ျပထားတာျဖစ္ပါတယ္။
ဒီလုပ္ေဆာင္ခ်က္အသစ္ေလးမွာေတာ့ သုံးစြဲသူေတြဟာ emoji ေပါင္း ၃၁မ်ိဳးထဲကေန စိတ္ႀကိဳက္တစ္ခုကို ေ႐ြးခ်ယ္ႏိုင္မွာပါ။ emoji ေလးေတြကို စိတ္ႀကိဳက္စာသားေတြတုန္းကလိုပဲ အလယ္ေခါင္မွာ ထြင္းေပးမွာပါ။ အားသြင္းမီးေလးရဲ႕ေအာက္ဘက္နားမွာ ေတြ႕ျမင္ရပါလိမ့္မယ္။
emoji ေလးေတြမွာ ပါဝင္တဲ့ဟာေလးေတြအမ်ားစုကေတာ့ smiley face နဲ႔ hand sign ေလးေတြ၊ heart & star emoji, animal lover ေတြအတြက္လည္း ထည့္သြင္းေပးထားပါေသးတယ္။ poop emoji လည္း ရွိပါတယ္။ ေဒၚလာ ၁၆၀-၂၀၀ တန္ earbuds ေလးေပၚမွာ ဘယ္လိုမ်ိဳးေလးေတြ ထြင္းမလဲဆိုတာကို ကြၽန္ေတာ္ကေတာ့ စိတ္ဝင္စားေနမိပါတယ္။

ဒီလုပ္ေဆာင္ခ်က္ေလးကေတာ့ ပုံမွန္စာသားေလးေတြထြင္းေပးေနတဲ့လုပ္ေဆာင္မႈမွာ ျဖည့္တင္းလိုက္တာပဲ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ႏွစ္ခုက ကြဲျပားေနတဲ့အတြက္ေၾကာင့္ emoji နဲ႔ စာသား တစ္ခုပဲေ႐ြးခ်ယ္လို႔ရမွာပါ။ ဒီလုပ္ေဆာင္ခ်က္ေလးကို AirPods ေမာ္ဒယ္လ္သုံးမ်ိဳးလုံးမွာ ရႏိုင္ပါတယ္။ original AirPods, Wireless Charging Case ပါတဲ့ AirPods, AirPods Pro တို႔ေပါ့။
ကဲ စာဖတ္သူေတြကေရာ စာသားထည့္မွာလား။ emoji ေလးထည့္မွာလား။ ဘယ္လိုစာသား၊ ဘယ္လို emoji ေတြထည့္မလဲဆိုတာကိုလည္း ေျပာခဲ့ၾကပါဦး။
Ref: RedmondPie