[Unicode]

Xiaomi ကတော့ ဖေဖော်ဝါရီလမှာ ကျင်းပတော့မယ့် Mobile World Congress မှာ ပြသဖို့အတါက် Mi 10 နဲ့Mi 10 Pro flagship စမတ်ဖုန်းနှစ်လုံးကို အရှိန်အဟုန်မြင့်လုပ်ဆောင်နေပါတယ်။ ဒီနှစ်အေစာပိုင်းမှာလည်း မော်ဒယ်လ်နှစ်ခုလုံးရဲ့ ပေါက်ကြားပုံရိပ်တွေက ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ Mi10 အတွက် မှန်မကွဲလေးကို ကျွန်တော်တို့ တွေ့မြင်လိုက်ရပါတယ်။
ဒီပုံလေးကို ကြည့်လိုက်တဲ့အခါမှာ မျက်နှာပြင်ကို ကွေးညွတ်ထားမယ်ဆိုတာ သိလိုက်ပါတယ်။ အနည်းဆုံးသော အစွန်းနှစ်ဖက်မှာ ကွေးညွတ်ထားမှာဖြစ်သလို လေးဖက်လေးလံလုံးလည်း ကွေးညွတ်ထားနိုင်ချေရှိပါတယ်။
panel ဟာ တစ်ခုလုံးခြုံကြည့်လိုက်ရင် ဘေးဘောင်တွေ သေးငယ်နေတာကို မြင်ရမှာပါ။ များတာဆိုလို့ အောက်ဘက်ဘောင်နားလေးပဲ ရှိတာပါ။ ဒါပေမယ့်လည်း အရင်တုန်းက ထွက်ခဲ့သမျှ Xiaomi စမတ်ဖုန်းတွေထက်တော့ သေးငယ်တယ်လို့ ဆိုနိုင်ပါတယ်။ မှန်မကွဲမှာ မြင်သာတဲ့အပေါက် ဒါမှမဟုတ် notch လိုမျိုးအတွက် နေရာတွေကိုလည်း မမြင်ရပါဘူး။ ဒီတော့ ကင်မရာကို screen အောက်မှာများ ထည့်သွင်းထားမလား စဉ်းစားစရာပါပဲ။
ဒါပေမယ့်လည်း ပေါက်ကြားထားတဲ့ပုံရိပ်တွေမှာကတော့ အပေါက်လေးတွေပါဝင်နေတာကို ကျွန်တော်တို့မြင်ခဲ့ကြပါတယ်။ ဒီတော့ အပေါက်နှစ်ခုပါတဲ့ဒီဇိုင်းကိုလည်း ကျွန်တော်တို့အံသြနေစရာတော့ မရှိပြန်ပါဘူး။ မှန်မကွဲမှာက သူတို့အတွက်နေရာပေးစရာမှမလိုတာ။ ၂၀၂၀မှာ pop-up ကင်မရာသုံးမယ်ဆိုရင်လည်း အဆင်ပြေနေတာပဲ။
[Zawgyi]

Xiaomi ကေတာ့ ေဖေဖာ္ဝါရီလမွာ က်င္းပေတာ့မယ့္ Mobile World Congress မွာ ျပသဖို႔အတါက္ Mi 10 နဲ႔Mi 10 Pro flagship စမတ္ဖုန္းႏွစ္လုံးကို အရွိန္အဟုန္ျမင့္လုပ္ေဆာင္ေနပါတယ္။ ဒီႏွစ္ေအစာပိုင္းမွာလည္း ေမာ္ဒယ္လ္ႏွစ္ခုလုံးရဲ႕ ေပါက္ၾကားပုံရိပ္ေတြက ထြက္ေပၚလာခဲ့ပါတယ္။ ဒီေန႔မွာေတာ့ Mi10 အတြက္ မွန္မကြဲေလးကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္လိုက္ရပါတယ္။
ဒီပုံေလးကို ၾကည့္လိုက္တဲ့အခါမွာ မ်က္ႏွာျပင္ကို ေကြးၫြတ္ထားမယ္ဆိုတာ သိလိုက္ပါတယ္။ အနည္းဆုံးေသာ အစြန္းႏွစ္ဖက္မွာ ေကြးၫြတ္ထားမွာျဖစ္သလို ေလးဖက္ေလးလံလုံးလည္း ေကြးၫြတ္ထားႏိုင္ေခ်ရွိပါတယ္။
panel ဟာ တစ္ခုလုံးၿခဳံၾကည့္လိုက္ရင္ ေဘးေဘာင္ေတြ ေသးငယ္ေနတာကို ျမင္ရမွာပါ။ မ်ားတာဆိုလို႔ ေအာက္ဘက္ေဘာင္နားေလးပဲ ရွိတာပါ။ ဒါေပမယ့္လည္း အရင္တုန္းက ထြက္ခဲ့သမွ် Xiaomi စမတ္ဖုန္းေတြထက္ေတာ့ ေသးငယ္တယ္လို႔ ဆိုႏိုင္ပါတယ္။ မွန္မကြဲမွာ ျမင္သာတဲ့အေပါက္ ဒါမွမဟုတ္ notch လိုမ်ိဳးအတြက္ ေနရာေတြကိုလည္း မျမင္ရပါဘူး။ ဒီေတာ့ ကင္မရာကို screen ေအာက္မွာမ်ား ထည့္သြင္းထားမလား စဥ္းစားစရာပါပဲ။
ဒါေပမယ့္လည္း ေပါက္ၾကားထားတဲ့ပုံရိပ္ေတြမွာကေတာ့ အေပါက္ေလးေတြပါဝင္ေနတာကို ကြၽန္ေတာ္တို႔ျမင္ခဲ့ၾကပါတယ္။ ဒီေတာ့ အေပါက္ႏွစ္ခုပါတဲ့ဒီဇိုင္းကိုလည္း ကြၽန္ေတာ္တို႔အံၾသေနစရာေတာ့ မရွိျပန္ပါဘူး။ မွန္မကြဲမွာက သူတို႔အတြက္ေနရာေပးစရာမွမလိုတာ။ ၂၀၂၀မွာ pop-up ကင္မရာသုံးမယ္ဆိုရင္လည္း အဆင္ေျပေနတာပဲ။
Ref: GSMArena