[Unicode]

ဂျော်ဂျီယာက အသက်၇နှစ်အရွယ်ကောင်လေးကတော့ ခရစ္စမတ်လက်ဆောင်အဖြစ်ရခဲ့တဲ့ AirPod ကို မျိုချခဲ့မိတာကြောင့် ဆေးရုံကို သုတ်ချေတင်ပြေးခဲ့ရပါတယ်။ အမေဖြစ်သူ Kiara Stroud ရဲ့ပြောကြားချက်အရ သူ့ပါးစပ်ထဲမှာ ငုံထားခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုအချက်ကများ သူ့ကို မျိုချစေမိခဲ့သလဲဆိုတာ မသိပါဘူး။ စစ်ဆေးချက်တွေအရတော့ AirPod လေးဟာ သူ့ရဲ့အစာအိမ်ထဲကို ရောက်နေခဲ့ပါပြီ။
X-Ray ဓါတ်ပုံလေးကို Facebook ပေါ်မှာတင်ခဲ့ပြီးတော့ ဒီကလေးအတွက် AirPod မဝယ်တော့ဘူးလို့ ရေးသားခဲ့ပါတယ်။ ပုံမှန်နားကြပ်တွေသာ ဝယ်ပေးတော့မယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါသေးတယ်။
Stroud ရဲ့သားဖြစ်သူက အမေဖြစ်သူကို အခုလိုပြောခဲ့ပါတယ်။ ခရစ္စမတ်လက်ဆောင်လေးအဖြစ်နဲ့ ရခဲ့ပြီးနောက်မှာ သူ့ဖုန်းအနားကို မသွားချင်ဘူး။ ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ သီချင်းတွေစဖွင့်မှာကို မလိုလားတဲ့အတွက်ကြောင့်ပါ။ တော်ကြာ ဗိုက်ထဲကနေ သီချင်းသံတွေထွက်နေရမယ့်အဖြစ်ကို ခံစားကြည့်ကြပေတော့။
ကလေးအတွက် ကံကောင်းတာတစ်ခုကတော့ ခွဲစိတ်စရာမလိုတော့ပါဘူး။ ဆေးရုံကဆရာဝန်တွေက အစာအိမ်အတွင်းမှာရောက်နေတဲ့ AirPods ကို သဘာဝအတိုင်းပဲ အပြင်ထွက်သွားအောင်လုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြလို့ပါ။
ယုံချင်ယုံ မယုံချင်နေပါဗျာ။ ဒါမျိုး မျိုချမိတာက ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ထိုင်ဝမ်က Ben Hsu တစ်ယောက်လည်း နားမှာတပ်ပြီး အိပ်ပျော်သွားခဲ့ပါတယ်။ ပြန်နိုးလာတော့ တစ်ဖက်ပျောက်နေတာနဲ့ Find My AirPods feature လေးနဲ့ရှာကြည့်တာ အစာအိမ်ထဲကနေ အသံတွေမြည်နေပါသတဲ့။ ဒါပေမယ့်လည်း မျိုချမကြည့်ကြပါနဲ့ဦးနော်။
ဒါနဲ့ Hsu လည်း ဆေးရုံပြေးပြီး X-ray စစ်ကြည့်တော့ အစာအိမ်ထဲမှာ တွေ့ပါလေရော။ အူလမ်းကြောင်းကနေတစ်ဆင့် သဘာဝအတိုင်းထွက်လာအောင်ပဲလုပ်ဖို့ ဆရာဝန်တွေက အကြံပေးပါတယ်။ အစာအိမ်ထဲက အက်စစ်တွေနဲ့တွေ့ခဲ့ပေမယ့်လည်း ပြန်ထွက်လာချိန်မှာ အလုပ်လုပ်နိုင်သေးတယ်လို့ Hsu ရဲ့အတွေ့အကြုံအရ သိရပါတယ်။
[Zawgyi]

ေဂ်ာ္ဂ်ီယာက အသက္၇ႏွစ္အ႐ြယ္ေကာင္ေလးကေတာ့ ခရစၥမတ္လက္ေဆာင္အျဖစ္ရခဲ့တဲ့ AirPod ကို မ်ိဳခ်ခဲ့မိတာေၾကာင့္ ေဆး႐ုံကို သုတ္ေခ်တင္ေျပးခဲ့ရပါတယ္။ အေမျဖစ္သူ Kiara Stroud ရဲ႕ေျပာၾကားခ်က္အရ သူ႔ပါးစပ္ထဲမွာ ငုံထားခဲ့တယ္လို႔ သိရပါတယ္။ ဘယ္လိုအခ်က္ကမ်ား သူ႔ကို မ်ိဳခ်ေစမိခဲ့သလဲဆိုတာ မသိပါဘူး။ စစ္ေဆးခ်က္ေတြအရေတာ့ AirPod ေလးဟာ သူ႔ရဲ႕အစာအိမ္ထဲကို ေရာက္ေနခဲ့ပါၿပီ။
X-Ray ဓါတ္ပုံေလးကို Facebook ေပၚမွာတင္ခဲ့ၿပီးေတာ့ ဒီကေလးအတြက္ AirPod မဝယ္ေတာ့ဘူးလို႔ ေရးသားခဲ့ပါတယ္။ ပုံမွန္နားၾကပ္ေတြသာ ဝယ္ေပးေတာ့မယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါေသးတယ္။
Stroud ရဲ႕သားျဖစ္သူက အေမျဖစ္သူကို အခုလိုေျပာခဲ့ပါတယ္။ ခရစၥမတ္လက္ေဆာင္ေလးအျဖစ္နဲ႔ ရခဲ့ၿပီးေနာက္မွာ သူ႔ဖုန္းအနားကို မသြားခ်င္ဘူး။ ဖုန္းနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ သီခ်င္းေတြစဖြင့္မွာကို မလိုလားတဲ့အတြက္ေၾကာင့္ပါ။ ေတာ္ၾကာ ဗိုက္ထဲကေန သီခ်င္းသံေတြထြက္ေနရမယ့္အျဖစ္ကို ခံစားၾကည့္ၾကေပေတာ့။
ကေလးအတြက္ ကံေကာင္းတာတစ္ခုကေတာ့ ခြဲစိတ္စရာမလိုေတာ့ပါဘူး။ ေဆး႐ုံကဆရာဝန္ေတြက အစာအိမ္အတြင္းမွာေရာက္ေနတဲ့ AirPods ကို သဘာဝအတိုင္းပဲ အျပင္ထြက္သြားေအာင္လုပ္ဖို႔အတြက္ ဆုံးျဖတ္ခဲ့ၾကလို႔ပါ။
ယုံခ်င္ယုံ မယုံခ်င္ေနပါဗ်ာ။ ဒါမ်ိဳး မ်ိဳခ်မိတာက ပထမဆုံးအႀကိမ္မဟုတ္ေတာ့ပါဘူး။ ထိုင္ဝမ္က Ben Hsu တစ္ေယာက္လည္း နားမွာတပ္ၿပီး အိပ္ေပ်ာ္သြားခဲ့ပါတယ္။ ျပန္ႏိုးလာေတာ့ တစ္ဖက္ေပ်ာက္ေနတာနဲ႔ Find My AirPods feature ေလးနဲ႔ရွာၾကည့္တာ အစာအိမ္ထဲကေန အသံေတြျမည္ေနပါသတဲ့။ ဒါေပမယ့္လည္း မ်ိဳခ်မၾကည့္ၾကပါနဲ႔ဦးေနာ္။
ဒါနဲ႔ Hsu လည္း ေဆး႐ုံေျပးၿပီး X-ray စစ္ၾကည့္ေတာ့ အစာအိမ္ထဲမွာ ေတြ႕ပါေလေရာ။ အူလမ္းေၾကာင္းကေနတစ္ဆင့္ သဘာဝအတိုင္းထြက္လာေအာင္ပဲလုပ္ဖို႔ ဆရာဝန္ေတြက အႀကံေပးပါတယ္။ အစာအိမ္ထဲက အက္စစ္ေတြနဲ႔ေတြ႕ခဲ့ေပမယ့္လည္း ျပန္ထြက္လာခ်ိန္မွာ အလုပ္လုပ္ႏိုင္ေသးတယ္လို႔ Hsu ရဲ႕အေတြ႕အႀကဳံအရ သိရပါတယ္။
Ref: DigitalTrends