မီးတောက်၊ ရေခဲတွေနဲ့စမ်းသပ်ထားတဲ့ ‘Shot on iPhone’ ဗွီဒီယိုလေးထွက်ပေါ်လာ

0
376

[Unicode]

ဒါလေးကတော့ ”Experiments IV: Fire & Ice” လို့အမည်ပေးထားတဲ့ Apple ရဲ့ occasional series လေးတစ်ခုဖြစ်ပြီး iPhone ရဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုလုပ်ဆောင်နိုင်စွမ်းရည်တွေကို မီးမောင်းထိုးပြထားတာပါ။ ပထမဆုံး အနေနဲ့ iPhone 11 Pro ကို အသုံးပြုထားပါတယ်။
၂၀၁၈ စက်တင်ဘာလမှာစတင်ခဲ့တဲ့ “Shot on iPhone”စမ်းသပ်ချက်လေးကို ဆက်လက်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ဒါနဲ့ဆို လေးခုမြောက်ဗွီဒီယိုလေးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ ဒီထဲမှာတော့ ကျွန်တော်တို့ရဲ့ iPhone 11 Pro လေးကို အသုံးပြုပြီးတင်ဆက်ထားတာကို မြင်တွေ့ရမှာပါ။
သူ့ရဲ့ YouTube channel လေးမှာတင်ထားတဲ့ဗွီဒီယိုလေးကို ကြည့်ပြီးတော့ iPhone 11 Pro ဟာ စွမ်းအားပြင်းတဲ့ element တွေကို ဘယ်လိုကောင်းကောင်း ရိုက်ကူးနိုင်သလဲဆိုတာ ခံစားကြည့်ကြပါစို့။
ဗွီဒီယိုလေးကိုတော့ Incite မှ Donghoon Jun နဲ့James Thornton တို့က ဖန်တီးခဲ့ကြတာဖြစ်ပြီး iPhone 11 Pro ရဲ့ အရည်အသွေးမြင့်ပုံရိပ်တွေ၊ slow motion လိုမျိုး feature တွေကို ထင်ရှားအောင်ပြသထားပါတယ်။ ကွန်ပျူတာနဲ့ဖန်တီးလုပ်ဆောင်ထားတာ တစ်ခုမှ မြင်တွေ့ရမှာမဟုတ်ပါဘူး။ မီးတောက်နဲ့ ရေခဲတွေပါဝင်တဲ့ close-up photography ကို အစစ်အမှန်ခံစားရမှာပါ။


ဒါ့အပြင် Apple ဟာ ဗွီဒီယိုလေးရဲ့နောက်ကွယ်က ပုံရိပ်တွေကိုလည်း ကြည့်ရှုနိုင်စေဖို့အတွက် တင်ပေးထားသေးတာမို့ effect တွေရအောင် ဘယ်လိုကြိုးစားခဲ့ကြသလဲဆိုတာကိုပါ မြင်တွေ့နိုင်ဦးမှာပါ။
“Shot on iPhone”စမ်းသပ်ချက်လေးကတော့ landscape အစား portrait နဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမဆုံးတစ်ခုကတော့ Donghoon Jun နဲ့ Sean S တို့ ရိုက်ကူးခဲ့တာဖြစ်ပြီး iPhone XS ရဲ့ slow motion နဲ့ time-lapse video shot အကြောင်းဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ ၂၀၁၉ ဇန်နဝါရီလမှာရိုက်ကူးခဲ့တဲ့ Jonghoon Jun နဲ့James Thornton တို့ရဲ့လက်ရာ iPhone XR ရဲ့ 360 degree view လေးပါ။
တတိယတစ်ခုကတော့ ၂၀၁၉ ဂျွန်လမှာ ရိုက်ကူးခဲ့တဲ့ ရေကိုအဓိကရိုက်ကူးထားတဲ့ပြကွက်လေးတွေပဲ ဖြစ်ပါတယ်။

[Zawgyi]




Ref: appleinsider

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.