ကင်မရာသုံးလုံးတပ်ဆင်ထားနိုင်ချေရှိတဲ့ Huawei P40

0
311

[Unicode]

အခုထွက်ရှိလာတဲ့ပုံရိပ်လေးကတော့ Huawei P40 ရဲ့ ကင်မရာလေးတွေဖြစ်ပါတယ်။ ထုတ်လုပ်မှုအပိုင်းကနေ ရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် hardware ပိုင်းမှာ ဘယ်လိုလေးတွေလုပ်ဆောင်နေလဲဆိုတာ ကျွန်တော်တို့ သိလိုက်ရပြန်ပါပြီ။
ကင်မရာသုံးလုံးကို ကြည့်လိုက်တဲ့အခါမှာ စက်ဝိုင်းပုံလေးတွေ ဖြတ်တောက်ထားတာကို မြင်တွေ့ရမှာပါ။ periscope telephoto တော့ ပါဝင်မှာမဟုတ်ပါဘူး။ အဲဒီလိုမျိုးတွေက လေးထောင့်ပုံဒီဇိုင်းပဲသုံးနေကြတာပါ။ အခုမြင်ရတဲ့ပုံစံလေးက Pro ဗားရှင်းအတွက် ဖြစ်နိုင်ပါတယ်။ P30 နဲ့ P30 Pro ဆိုပြီး နှစ်မျိုးထွက်ခဲ့သေးတာ မဟုတ်လား။
ကင်မရာထည့်တဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာ dual LED flash နဲ့ laser emitter, receiver combo တို့ကို ထည့်သွင်းမယ်လို့ ခန့်မှန်းမိပါတယ်။ ဒါတွေကို အရင်တုန်းက အပြင်ဘက်မှာထည့်သွင်းကြပေမယ့်လည်း အခုတော့ camera module ထဲမှာ ပြောင်းနေကြပါပြီ။ တစ်နေရာတည်းမှာထားလိုက်ခြင်းအားဖြင့် Honor V30 Pro နဲ့တောင် သွားဆင်နေပါတယ်။
ကျွန်တော်တို့အနေနဲ့ ခန့်မှန်းပေးရမယ်ဆိုရင်တော့ P30 မှာ ကင်မရာသုံးလုံးထည့်သွင်းထားတာဖြစ်လို့ P40 မှာ သုံးလုံးထက်တော့ မနည်းနိုင်လောက်ပါဘူး။ တကယ်လို့များ သုံးလုံးပဲပါလာမယ်ဆိုရင်တောင် အချက်အလက်တွေက ပိုမိုကောင်းမွန်အောင်တော့ လုပ်ဆောင်ထားမှာပါ။ အခုက cutout လေးပဲမြင်ရတာဆိုတော့ အချက်အလက်အသေးစိတ်ကို ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုအပ်ပါသေးတယ်။

[Zawgyi]

အခုထြက္ရွိလာတဲ့ပုံရိပ္ေလးကေတာ့ Huawei P40 ရဲ႕ ကင္မရာေလးေတြျဖစ္ပါတယ္။ ထုတ္လုပ္မႈအပိုင္းကေန ႐ိုက္ကူးထားတာျဖစ္တဲ့အတြက္ေၾကာင့္ hardware ပိုင္းမွာ ဘယ္လိုေလးေတြလုပ္ေဆာင္ေနလဲဆိုတာ ကြၽန္ေတာ္တို႔ သိလိုက္ရျပန္ပါၿပီ။
ကင္မရာသုံးလုံးကို ၾကည့္လိုက္တဲ့အခါမွာ စက္ဝိုင္းပုံေလးေတြ ျဖတ္ေတာက္ထားတာကို ျမင္ေတြ႕ရမွာပါ။ periscope telephoto ေတာ့ ပါဝင္မွာမဟုတ္ပါဘူး။ အဲဒီလိုမ်ိဳးေတြက ေလးေထာင့္ပုံဒီဇိုင္းပဲသုံးေနၾကတာပါ။ အခုျမင္ရတဲ့ပုံစံေလးက Pro ဗားရွင္းအတြက္ ျဖစ္ႏိုင္ပါတယ္။ P30 နဲ႔ P30 Pro ဆိုၿပီး ႏွစ္မ်ိဳးထြက္ခဲ့ေသးတာ မဟုတ္လား။
ကင္မရာထည့္တဲ့ေနရာကိုၾကည့္လိုက္တဲ့အခါမွာ dual LED flash နဲ႔ laser emitter, receiver combo တို႔ကို ထည့္သြင္းမယ္လို႔ ခန႔္မွန္းမိပါတယ္။ ဒါေတြကို အရင္တုန္းက အျပင္ဘက္မွာထည့္သြင္းၾကေပမယ့္လည္း အခုေတာ့ camera module ထဲမွာ ေျပာင္းေနၾကပါၿပီ။ တစ္ေနရာတည္းမွာထားလိုက္ျခင္းအားျဖင့္ Honor V30 Pro နဲ႔ေတာင္ သြားဆင္ေနပါတယ္။
ကြၽန္ေတာ္တို႔အေနနဲ႔ ခန႔္မွန္းေပးရမယ္ဆိုရင္ေတာ့ P30 မွာ ကင္မရာသုံးလုံးထည့္သြင္းထားတာျဖစ္လို႔ P40 မွာ သုံးလုံးထက္ေတာ့ မနည္းႏိုင္ေလာက္ပါဘူး။ တကယ္လို႔မ်ား သုံးလုံးပဲပါလာမယ္ဆိုရင္ေတာင္ အခ်က္အလက္ေတြက ပိုမိုေကာင္းမြန္ေအာင္ေတာ့ လုပ္ေဆာင္ထားမွာပါ။ အခုက cutout ေလးပဲျမင္ရတာဆိုေတာ့ အခ်က္အလက္အေသးစိတ္ကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ဖို႔ လိုအပ္ပါေသးတယ္။

Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.