Xiaomi Mi MIX Alpha ဖုန်းကိုမကြာခင် ရောင်းချလာနိုင်

0
434

တရုတ်နည်းပညာကုမ္ပဏီ Xiaomi အနေနဲ့ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ Mi 9 Pro 5G ကို ရောင်းချနေပေမယ့်လည်း Waterfall Display ပါဝင်တဲ့ MI MIX Alpha ကိုတော့ ရောင်းချခြင်း မရှိသေးပါဘူး။ Xiaomi Mi MIX Alpha ကို Taobao နှင့် Tmall တို့လို အွန်လိုင်းစတိုးတို့မှာ ဈေးကွက် တင်နေပါတယ်။
Abacus News ကလာတဲ့ သတင်းအရ Xiaomi Mi MIX Alpha ကို အကြာခင်အချိန် အတွင်းမှာ ရောင်းချလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ Xiaomi Mi MIX Alpha ကို ဈေးနှုန်း ဒေါ်လာ 2280 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို အလုံးရေ အကန့်အသတ်ဖြင့်သာ ရောင်းချလာဖို့ ရှိပါတယ်။


Xiaomi Mi MIX Alpha ကို Snapdragon 855+ ၊ RAM12GB နှင့် ပါဝါထောက်ပံ့ထားပြီး 512GB Storage UFS 3.0 ထောက်ပံ့ထားပါတယ်။ Android 10 OS အခြေခံ MIUI 11 သုံးထားပါတယ်။ ဘက်ထရီ 4050 mAh ပါဝင်ကာ 40W Charging အားသွင်းနိုင်ပါတယ်။ ဒီဖုန်းမှာ 7.92 လက်မ ထောင့်ကွေး S-AMOLED 2088×2250 px Resolution သုံးထားပါတယ်။ 108MP ကင်မရာပါဝင်ပြီး 12MP Telephoto (2x Optical)+20MP Ultrawide တို့ ပါဝင်ပါတယ်။
ဒီဖုန်းမှာထူးခြားချက်အနေနဲ့ ရှေ့ကင်မရာနှင့် နားကြပ်ပေါက်တို့ မပါဝင်ပါဘူး။ In-Screen Fingerprint Scanner ပါဝင်ပါတယ်။ Xiaomi က ဒီဖုန်းကို အကြီးအကျယ် ထုတ်လုပ်နိုင်ဖို့ အခက်အခဲ ရှိကြောင်း ဆိုထားပါတယ်။ တကယ်တော့ ဒီဖုန်းကို ဒီဇင်ဘာလမှာ ရောင်းချဖို့ စီစဉ်ထားခဲ့ပေမယ့် ထုတ်လုပ်မှုအပိုင်း အခက်အခဲကြောင့် ရွေ့ဆိုင်းထားရတာ ဖြစ်ပါတယ်။

zawgyi

Xiaomi Mi MIX Alpha ဖုန္းကိုမၾကာခင္ ေရာင္းခ်လာႏုိင္
တ႐ုတ္နည္းပညာကုမၸဏီ Xiaomi အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က ေၾကညာခဲ့တဲ့ Mi 9 Pro 5G ကို ေရာင္းခ်ေနေပမယ့္လည္း Waterfall Display ပါဝင္တဲ့ MI MIX Alpha ကိုေတာ့ ေရာင္းခ်ျခင္း မရွိေသးပါဘူး။ Xiaomi Mi MIX Alpha ကို Taobao ႏွင့္ Tmall တို႔လို အြန္လိုင္းစတိုးတို႔မွာ ေစ်းကြက္ တင္ေနပါတယ္။
Abacus News ကလာတဲ့ သတင္းအရ Xiaomi Mi MIX Alpha ကို အၾကာခင္အခ်ိန္ အတြင္းမွာ ေရာင္းခ်လာေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။ Xiaomi Mi MIX Alpha ကို ေဈးႏႈန္း ေဒၚလာ 2280 သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို အလုံးေရ အကန႔္အသတ္ျဖင့္သာ ေရာင္းခ်လာဖို႔ ရွိပါတယ္။


Xiaomi Mi MIX Alpha ကို Snapdragon 855+ ၊ RAM12GB ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး 512GB Storage UFS 3.0 ေထာက္ပံ့ထားပါတယ္။ Android 10 OS အေျခခံ MIUI 11 သုံးထားပါတယ္။ ဘက္ထရီ 4050 mAh ပါဝင္ကာ 40W Charging အားသြင္းႏိုင္ပါတယ္။ ဒီဖုန္းမွာ 7.92 လက္မ ေထာင့္ေကြး S-AMOLED 2088×2250 px Resolution သုံးထားပါတယ္။ 108MP ကင္မရာပါဝင္ၿပီး 12MP Telephoto (2x Optical)+20MP Ultrawide တို႔ ပါဝင္ပါတယ္။
ဒီဖုန္းမွာထူးျခားခ်က္အေနနဲ႔ ေရွ႕ကင္မရာႏွင့္ နားၾကပ္ေပါက္တို႔ မပါဝင္ပါဘူး။ In-Screen Fingerprint Scanner ပါဝင္ပါတယ္။ Xiaomi က ဒီဖုန္းကို အႀကီးအက်ယ္ ထုတ္လုပ္ႏိုင္ဖို႔ အခက္အခဲ ရွိေၾကာင္း ဆိုထားပါတယ္။ တကယ္ေတာ့ ဒီဖုန္းကို ဒီဇင္ဘာလမွာ ေရာင္းခ်ဖို႔ စီစဥ္ထားခဲ့ေပမယ့္ ထုတ္လုပ္မႈအပိုင္း အခက္အခဲေၾကာင့္ ေ႐ြ႕ဆိုင္းထားရတာ ျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.