OnePlus Concept One မှာ အမြင်အာရုံကွယ်ပျောက်နေမယ့် ကင်မရာသုံးလုံးရှိနေ

0
993

[Unicode]

CES 2020 အတွက် OnePlus Concept One စမတ်ဖုန်းလေးကတော့ အဆင်သင့်စောင့်ကြိုလို့နေပါပြီ။ ဒီကောင်လေးအကြောင်းကို ပြည့်ပြည့်စုံစုံ မသိရသေးပေမယ့်လည်း သူဖော်ပြထားသလောက်ကတော့ သိထားပါပြီ။
OnePlus Concept One လေးအကြောင်းကို Wired က အချက်အလက်အချို့ကို ထုတ်ပြောထားသလို OnePlus ကိုယ်တိုင်ကလည်း ဗွီဒီယိုအသစ်လေးတစ်ခုနဲ့ tease လုပ်ထားပါတယ်။
အပေါ်မှာမြင်ရတဲ့ဗွီဒီယိုလေးအတိုင်းပါပဲ။ OnePlus Concept One လေးမှာ ပထမဆုံးသော ဖျောက်ထားတဲ့ကင်မရာတွေ ပါဝင်နေပါတယ်။ OnePlus ကတော့ electrochromic glass ကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ OnePlus ဟာ McLaren နဲ့ အချိန်အတော်ကြာပူးပေါင်းလုပ်ဆောင်နေခဲ့ပြီးတော့ high-end car နဲ့ aircraft ပြတင်းပေါက်တွေမှာအသုံးပြုကြတဲ့ glass နည်းပညာကို စမတ်ဖုန်းမှာ အသုံးပြုနိုင်အောင် စီစဉ်နေခဲ့တာပါ။
OnePlus Concept One ကတော့ ပြိုင်ကားလိုလှသွေးကြွယ်နေမှာပါ။ McLaren ပူးပေါင်းထားတယ်ဆိုတော့ အံ့သြစရာတော့ မကောင်းပါဘူး။ ဖုန်းမော်ဒယ်လ်လေးကို Papaya Orange leather လေးနဲ့ အုပ်ထားပြီးတော့ အနက်ရောက် electrochromic glass နဲ့အစွန်းတစ်လျှောက်မှာလည်း လှပအောင် ပြင်ဆင်ထားပါတယ်။
Concept One ကို မကြာခင်မှာဖြန့်ချိဖို့ စီစဉ်မထားဘူးလို့ သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ ထုတ်ကုန်ပမာဏအနည်းငယ်လောက်သာ ထုတ်နိုင်မှာပါ။ သုံးစွဲသူအနည်းလောက်ဆီက တုံ့ပြန်မှုသာ ရနိုင်မှာပါ။ ပြီးမှသာ သုံးစွဲသူအများကြီးအတွက် ထုတ်သင့်သလား ဆုံးဖြတ်မှာပါ။
OnePlus Concept One ကင်မရာနဲ့ဒီဇိုင်းအနေအထား


ကင်မရာအချက်အလက်ကတော့ OnePlus 7T Pro McLaren Edition နဲ့ အတူတူပါပဲ။ 48MP primary camrea, 16MP ultra-wide shooter, 8MP snapper တစ်လုံး ပါဝင်မှာပါ။ ထူးခြားတာက ကင်မရာတွေဟာ မှန်သားပြင်တွေအောက်မှာ ပျောက်နေမှာပါ။ activate လုပ်လိုက်ချိန်မှာ ဖုန်းရဲ့နောက်ကျောပြင်ဟာ လုံးဝအနက်ရောင်ဖြစ်သွားပြီး lenses တွေကို အုပ်လိုက်ပြီးတော့ အနောက်ကာဗာနဲ့ တသားတည်းဖြစ်သွားမှာပါ။
အခုသုံးထားတဲ့ electrochromic glass ဟာ McLaren 720S supercar ပေါ်မှာ အသုံးပြုထားတဲ့ optional sunroof မှာသုံးတဲ့အမျိုးအစားပါ။ OnePlus ဟာ အဲဒီကားကြောင့် ဒီစိတ်ကူးရခဲ့တာပါ။ ဒီglass လေးရဲ့ အထူနဲ့ပတ်သတ်ပြီးတော့လည်း OnePlus စဉ်းစားခဲ့ရပါသေးတယ်။ စမတ်ဖုန်းကင်မရာတွေဟာ glass နဲ့အုပ်ပြီးသားဖြစ်လို့ နောက်ထပ်တစ်လွှာသုံးဖို့က မလွယ်ကူပါဘူး။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ကင်မရာပေါ်ကို 0.1mm သာ ထပ်အုပ်ထားနိုင်ခဲ့ပါတယ်။ camrea lens တွေဟာ ပိတ်နေရာကနေ ဖွင့်ဖို့အတွက် တစ်စက္ကန့်တောင် အချိန်မယူဘူးလို့လည်း ပြောခဲ့ပါသေးတယ်။
ဒီလို glass ဟာ ထုတ်လုပ်ဖို့အတွက် ဈေးကြီးမယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် OnePlus ကတော့ နည်းပညာမြင့်မားလာချိန်မှာ ကုန်ကျစရိတ်သက်သာမယ်လို့ တွေးပါတယ်။ မျက်နှာပြင်ရဲ့အလှတရားကို မပျက်စီးစေဘဲ လှပတဲ့ဒီဇိုင်းထုတ်နိုင်ဖို့အတွက် ဦးတည်ထားတာပါ။
ကဲ ဘယ်လိုထင်ကြလဲ။

[Zawgyi]

CES 2020 အတြက္ OnePlus Concept One စမတ္ဖုန္းေလးကေတာ့ အဆင္သင့္ေစာင့္ႀကိဳလို႔ေနပါၿပီ။ ဒီေကာင္ေလးအေၾကာင္းကို ျပည့္ျပည့္စုံစုံ မသိရေသးေပမယ့္လည္း သူေဖာ္ျပထားသေလာက္ကေတာ့ သိထားပါၿပီ။
OnePlus Concept One ေလးအေၾကာင္းကို Wired က အခ်က္အလက္အခ်ိဳ႕ကို ထုတ္ေျပာထားသလို OnePlus ကိုယ္တိုင္ကလည္း ဗြီဒီယိုအသစ္ေလးတစ္ခုနဲ႔ tease လုပ္ထားပါတယ္။
အေပၚမွာျမင္ရတဲ့ဗြီဒီယိုေလးအတိုင္းပါပဲ။ OnePlus Concept One ေလးမွာ ပထမဆုံးေသာ ေဖ်ာက္ထားတဲ့ကင္မရာေတြ ပါဝင္ေနပါတယ္။ OnePlus ကေတာ့ electrochromic glass ကို အသုံးျပဳထားတယ္လို႔ဆိုပါတယ္။ OnePlus ဟာ McLaren နဲ႔ အခ်ိန္အေတာ္ၾကာပူးေပါင္းလုပ္ေဆာင္ေနခဲ့ၿပီးေတာ့ high-end car နဲ႔ aircraft ျပတင္းေပါက္ေတြမွာအသုံးျပဳၾကတဲ့ glass နည္းပညာကို စမတ္ဖုန္းမွာ အသုံးျပဳႏိုင္ေအာင္ စီစဥ္ေနခဲ့တာပါ။
OnePlus Concept One ကေတာ့ ၿပိဳင္ကားလိုလွေသြးႂကြယ္ေနမွာပါ။ McLaren ပူးေပါင္းထားတယ္ဆိုေတာ့ အံ့ၾသစရာေတာ့ မေကာင္းပါဘူး။ ဖုန္းေမာ္ဒယ္လ္ေလးကို Papaya Orange leather ေလးနဲ႔ အုပ္ထားၿပီးေတာ့ အနက္ေရာက္ electrochromic glass နဲ႔အစြန္းတစ္ေလွ်ာက္မွာလည္း လွပေအာင္ ျပင္ဆင္ထားပါတယ္။
Concept One ကို မၾကာခင္မွာျဖန႔္ခ်ိဖို႔ စီစဥ္မထားဘူးလို႔ သိရပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ထုတ္ကုန္ပမာဏအနည္းငယ္ေလာက္သာ ထုတ္ႏိုင္မွာပါ။ သုံးစြဲသူအနည္းေလာက္ဆီက တုံ႔ျပန္မႈသာ ရႏိုင္မွာပါ။ ၿပီးမွသာ သုံးစြဲသူအမ်ားႀကီးအတြက္ ထုတ္သင့္သလား ဆုံးျဖတ္မွာပါ။
OnePlus Concept One ကင္မရာနဲ႔ဒီဇိုင္းအေနအထား


ကင္မရာအခ်က္အလက္ကေတာ့ OnePlus 7T Pro McLaren Edition နဲ႔ အတူတူပါပဲ။ 48MP primary camrea, 16MP ultra-wide shooter, 8MP snapper တစ္လုံး ပါဝင္မွာပါ။ ထူးျခားတာက ကင္မရာေတြဟာ မွန္သားျပင္ေတြေအာက္မွာ ေပ်ာက္ေနမွာပါ။ activate လုပ္လိုက္ခ်ိန္မွာ ဖုန္းရဲ႕ေနာက္ေက်ာျပင္ဟာ လုံးဝအနက္ေရာင္ျဖစ္သြားၿပီး lenses ေတြကို အုပ္လိုက္ၿပီးေတာ့ အေနာက္ကာဗာနဲ႔ တသားတည္းျဖစ္သြားမွာပါ။
အခုသုံးထားတဲ့ electrochromic glass ဟာ McLaren 720S supercar ေပၚမွာ အသုံးျပဳထားတဲ့ optional sunroof မွာသုံးတဲ့အမ်ိဳးအစားပါ။ OnePlus ဟာ အဲဒီကားေၾကာင့္ ဒီစိတ္ကူးရခဲ့တာပါ။ ဒီglass ေလးရဲ႕ အထူနဲ႔ပတ္သတ္ၿပီးေတာ့လည္း OnePlus စဥ္းစားခဲ့ရပါေသးတယ္။ စမတ္ဖုန္းကင္မရာေတြဟာ glass နဲ႔အုပ္ၿပီးသားျဖစ္လို႔ ေနာက္ထပ္တစ္လႊာသုံးဖို႔က မလြယ္ကူပါဘူး။ ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ကင္မရာေပၚကို 0.1mm သာ ထပ္အုပ္ထားႏိုင္ခဲ့ပါတယ္။ camrea lens ေတြဟာ ပိတ္ေနရာကေန ဖြင့္ဖို႔အတြက္ တစ္စကၠန႔္ေတာင္ အခ်ိန္မယူဘူးလို႔လည္း ေျပာခဲ့ပါေသးတယ္။
ဒီလို glass ဟာ ထုတ္လုပ္ဖို႔အတြက္ ေဈးႀကီးမယ္လို႔ ေျပာေနၾကပါတယ္။ ဒါေပမယ့္ OnePlus ကေတာ့ နည္းပညာျမင့္မားလာခ်ိန္မွာ ကုန္က်စရိတ္သက္သာမယ္လို႔ ေတြးပါတယ္။ မ်က္ႏွာျပင္ရဲ႕အလွတရားကို မပ်က္စီးေစဘဲ လွပတဲ့ဒီဇိုင္းထုတ္ႏိုင္ဖို႔အတြက္ ဦးတည္ထားတာပါ။
ကဲ ဘယ္လိုထင္ၾကလဲ။

Ref: AndroidAuthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.