iPhone SE 2 ကို iPhone 9 လို့ခေါ်နိုင်ပြီး နောက်ထပ်မော်ဒယ်လ်နှစ်မျိုးလည်း ဒီနှစ်ထဲမှာ တွေ့မြင်ရနိုင်

0
775

[Unicode]

Apple ဟာ ဒီနှစ်မှာ အရင်နှစ်တွေကထက် အလုံးရေပိုထုတ်မယ်ဆိုတာ ကျွန်တော်တို့ စာဖတ်သူတွေ သိထားပြီးလောက်ပါပြီ။ အများဆုံး ခြောက်လုံးအထိ ထုတ်တော့မှာပါ။ iPhone SE ကို နေရာအစားထိုးတော့မယ့် မော်ဒယ်လ်နှစ်လုံးအသစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။ အခုရထားတဲ့သတင်းအရဆိုရင် iPhone SE 2 ဆိုတဲ့နာမည်ကိုကျော်လွှားပြီးတော့ iPhone 9 လို့ခေါ်မှာပါ။
Digitimes ရဲ့တင်ပြချက်အရ Apple က ၂၀၂၀မှာ iPhone အလုံးရေခြောက်လုံးအထိ ထုတ်လုပ်သွားနိုင်ပါတယ်။ OLED လေးလုံးနဲ့ LCD နှစ်လုံးပေါ့။ ဒါတွေကိုတော့ ထိုင်ဝမ်ရဲ့ handset supply chain ကနေ သတင်းရရှိခဲ့ပါ။
နောက်ထပ်အထောက်အထားတစ်ခုကို တင်ပြရမယ်ဆိုရင်တော့ LCD screen တွေမှာ အသုံးပြုရတဲ့ display driver chip ကလည်း LCD နှစ်လုံးအတွက် အမှာစာတွေလက်ခံရရှိထားတယ်ဆိုတော့ ဒီသတင်းကို ထောက်ပံ့ပေးနေသလိုပါပဲ။
iPhone SE 2 ရဲ့ အကြီးဗားရှင်းရှိမယ်ဆိုရင်တော့ ၅.၅လက်မ ဒါမှမဟုတ် ၆.၁လက်မှ ဖြစ်လာနိုင်ပါတယ်။ standard ဗားရှင်းထွက်အပြီး လအတန်ကြာမှ ဒီကောင်လေးကို တွေ့မြင်ရနိုင်မှာပါ။ iPhone 12 မိတ်ဆက်ချိန်လောက်နဲ့ သွားတူနေလောက်မှာပါ။ iPhone SE 2 Plus ကို 2021 အတွက် ပြင်ဆင်ထားတယ်လို့တော့ Min-Chi Kuo က ပြောထားဖူးပါတယ်။ ဒီတော့ စောင့်ရပါလိမ့်မယ်။
iPhone SE 2 နဲ့ SE 2 Plus/Pro တို့ကတော့ Apple ရွေးလောက်မယ့်နာမည်တွေဖြစ်တယ်ဆိုပေမယ့်လည်း iPhone 9 နဲ့iPhone 9 Puls/Pro လို့ ခေါ်မှာပါတဲ့။ iPhone 8 ကနေ iPhone X တောင် ပြောင်းခေါ်သေးတာပဲမဟုတ်လား။ မဖြစ်နိုင်စရာတော့ မရှိပါဘူး။
ဟန်းဆက်အသစ်တွေကို မျှော်လင့်ဖို့အတွက် အနေအထားကို ခန့်မှန်းရမယ်ဆိုရင်တော့ iPhone 8/8 Plus တို့နဲ့ ဆင်တူနိုင်ပြီးတော့ အတွင်းပိုင်းအချက်အလက်တွေကတော့ iPhone 11 နဲ့ ဆင်တူနိုင်ပါတယ်။

[Zawgyi]

Apple ဟာ ဒီႏွစ္မွာ အရင္ႏွစ္ေတြကထက္ အလုံးေရပိုထုတ္မယ္ဆိုတာ ကြၽန္ေတာ္တို႔ စာဖတ္သူေတြ သိထားၿပီးေလာက္ပါၿပီ။ အမ်ားဆုံး ေျခာက္လုံးအထိ ထုတ္ေတာ့မွာပါ။ iPhone SE ကို ေနရာအစားထိုးေတာ့မယ့္ ေမာ္ဒယ္လ္ႏွစ္လုံးအသစ္လည္း ပါဝင္မယ္လို႔ သိရပါတယ္။ အခုရထားတဲ့သတင္းအရဆိုရင္ iPhone SE 2 ဆိုတဲ့နာမည္ကိုေက်ာ္လႊားၿပီးေတာ့ iPhone 9 လို႔ေခၚမွာပါ။
Digitimes ရဲ႕တင္ျပခ်က္အရ Apple က ၂၀၂၀မွာ iPhone အလုံးေရေျခာက္လုံးအထိ ထုတ္လုပ္သြားႏိုင္ပါတယ္။ OLED ေလးလုံးနဲ႔ LCD ႏွစ္လုံးေပါ့။ ဒါေတြကိုေတာ့ ထိုင္ဝမ္ရဲ႕ handset supply chain ကေန သတင္းရရွိခဲ့ပါ။
ေနာက္ထပ္အေထာက္အထားတစ္ခုကို တင္ျပရမယ္ဆိုရင္ေတာ့ LCD screen ေတြမွာ အသုံးျပဳရတဲ့ display driver chip ကလည္း LCD ႏွစ္လုံးအတြက္ အမွာစာေတြလက္ခံရရွိထားတယ္ဆိုေတာ့ ဒီသတင္းကို ေထာက္ပံ့ေပးေနသလိုပါပဲ။
iPhone SE 2 ရဲ႕ အႀကီးဗားရွင္းရွိမယ္ဆိုရင္ေတာ့ ၅.၅လက္မ ဒါမွမဟုတ္ ၆.၁လက္မွ ျဖစ္လာႏိုင္ပါတယ္။ standard ဗားရွင္းထြက္အၿပီး လအတန္ၾကာမွ ဒီေကာင္ေလးကို ေတြ႕ျမင္ရႏိုင္မွာပါ။ iPhone 12 မိတ္ဆက္ခ်ိန္ေလာက္နဲ႔ သြားတူေနေလာက္မွာပါ။ iPhone SE 2 Plus ကို 2021 အတြက္ ျပင္ဆင္ထားတယ္လို႔ေတာ့ Min-Chi Kuo က ေျပာထားဖူးပါတယ္။ ဒီေတာ့ ေစာင့္ရပါလိမ့္မယ္။
iPhone SE 2 နဲ႔ SE 2 Plus/Pro တို႔ကေတာ့ Apple ေ႐ြးေလာက္မယ့္နာမည္ေတြျဖစ္တယ္ဆိုေပမယ့္လည္း iPhone 9 နဲ႔iPhone 9 Puls/Pro လို႔ ေခၚမွာပါတဲ့။ iPhone 8 ကေန iPhone X ေတာင္ ေျပာင္းေခၚေသးတာပဲမဟုတ္လား။ မျဖစ္ႏိုင္စရာေတာ့ မရွိပါဘူး။
ဟန္းဆက္အသစ္ေတြကို ေမွ်ာ္လင့္ဖို႔အတြက္ အေနအထားကို ခန႔္မွန္းရမယ္ဆိုရင္ေတာ့ iPhone 8/8 Plus တို႔နဲ႔ ဆင္တူႏိုင္ၿပီးေတာ့ အတြင္းပိုင္းအခ်က္အလက္ေတြကေတာ့ iPhone 11 နဲ႔ ဆင္တူႏိုင္ပါတယ္။

Ref: techspot

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.