flagships တွေထက်စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းမယ့် Galaxy S10 Lite ကင်မရာ

0
437

ပြီးခဲ့တဲ့လက ထွက်ခဲ့တဲ့ Galaxy S10 Lite နဲ့ပတ်သတ်တဲ့ အချက်အလက်တွေမှာ ကင်မရာပိုင်းအတွက် 12MP ultrawide နဲ့ 5MP macro တွေပါဝင်လာမှာဖြစ်ပြီး အဓိကကင်မရာကိုတော့ 48MP သုံးထားမယ်ဆိုတာပါ။ ယခုနောက်ဆုံးထွက်လာတဲ့ အချက်အလက်ဆိုင်ရာ သတင်းမှာတော့ ဖုန်းရဲ့ဓာတ်ပုံရိုက်ကူးမှုပိုင်းကို အနည်းငယ်ဖော်ပြထားပါတယ်။


tipster ဖြစ်တဲ့ Ice universe ရဲ့ပြောကြားချက်အရ Samsung အနေနဲ့ Galaxy S10 Lite ဖုန်းမှာ ထူးခြားတဲ့ OIS နည်းပညာကို ထည့်သွင်းလာမှာဖြစ်ပြီး လက်ရှိ flagships ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းမယ်လို့ ဆိုပါတယ်။ ဒီဖုန်းရဲ့ အခြားအချက်အလက်တွေ အနေနဲ့ Snapdragon 855 SoC, 8GB RAM နဲ့ အတူ 128GB storage ပါလာမယ်လို့ သိရပါတယ်။
S10 Lite မှာ 6.7″ FHD+ 20:9 Super AMOLED display ကိုသုံးထားပြီး မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်နဲ့ လာမှာပါ။ ပြီးတော့ အရှေ့ဘက်ကင်မရာကလည်း punch hole ဖြစ်ပြီး 32MP selfie သုံးထားမှာပါ။ ဘက်ထရီစွမ်းအားကတော့ 4,500 mAh ဖြစ်ပြီး 45W fast charging support လုပ်ပါလိမ့်မယ်။
Ice universe ဘက်က OIS နည်းပညာပိုင်းနဲ့ ပတ်သတ်ပြီး ဘာမှပြောထားတာ မရှိပေမယ့် ယခင်ထွက်ထားတဲ့ သတင်းတွေအရ Samsung ဟာ “tilt-OIS” လို့ခေါ်တဲ့ နည်းပညာသစ် တခုကို Galaxy S10 Lite မှာသုံးမယ်လို့ ဆိုပါတယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.