CES 2020 အကြို ဈေးသက်သာပြီး ကြာရှည်ခံတဲ့ Galaxy book Flex a ကို ပြသလိုက်တဲ့ Samsung

0
347

[Unicode]

CES 2020 အကြိုအနေနဲ့ Samsung ဟာ Galaxy Book Flex a (a ဆိုတာက alphaကိုပြောတာ) ကို ပြသလိုက်ပါတယ်။ ဒီဇိုင်းလန်းတဲ့ laptop လေးဖြစ်ပြီးတော့ ကြာရှည်ခံတဲ့ဘတ်ထရီ၊ QLED display တို့ကို ရနိုင်မှာပါ။ ဈေးကတော့ ၈၂၉.၉၉ ဒေါ်လာဖြစ်ပါတယ်။
Galaxy Book Flex a ဟာ Galaxy Computing line အတွက် အသစ်အဆန်းတစ်ခုဖြစ်ပါတယ်။ ဒီဇိုင်း၊ hardware နဲ့ display feature တွေကို ဈေးနှုန်းထက် ပိုကောင်းအောင် ပေးစွမ်းထားပါတယ်။
TV set တွေမှာ အသုံးပြုတဲ့ ၁၃.၃လက်မ QLED display နဲ့ ဘောင်တွေကို အတော်လေးပါးထားတဲ့ဒီဇိုင်းကို တွေ့မြင်ရမှာပါ။ ဒါကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ခံစားနိုင်မှာပါ။
Galaxy Book Flexa a မှာ Active Pen stylus ထောက်ပံ့ပေးထားပြီးတော့ screen ဟာလည်း အနောက်ဘက်ကိုခေါက်ပြီးတော့ tablet အဖြစ်နဲ့လည်း အသုံးပြုနိုင်စေမှာပါ။
ဘတ်ထရီသက်တမ်းတိုက်ပွဲ
ဘတ်ထရီက laptop ဝယ်တော့မယ်ဆိုရင် အစဉ်းစားဆုံးအချက်တစ်ခုအနေနဲ့ ရပ်တည်လာပါပြီ။ Samsung ကလည်း Galaxy Book Flex a လေးကို အများထဲကထင်ရှားနေအောင် ၁၇.၅နာရီကြာတဲ့အထိ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။
Windows 10 laptop အနေနဲ့တော့ အတော်လေးမိုက်ပါတယ်။ ဒီတော့ တစ်ရက်တာအသုံးပြုမှုအတွက် အားသွင်းပေါက်ရှာနေစရာမလိုအောင် ဖန်တီးပေးထားတဲ့သဘောပါပဲ။ ဒီတော့ သုံးချင်သလောက်သာသုံးပါတော့ ။ အားသွင်းပေါက်ရှာနေရတဲ့အချိန်တွေကို နှုတ်ဆက်လို့ရပါပြီ။ နောက်ပြီး အားအမြန်သွင်းစနစ်ကိုထောက်ပံ့ပေးထားလို့ အားပြန်သွင်းရမယ်ဆိုရင်တောင် အချိန်မကြာဘူးပေါ့။
အခြားသော အချက်အလက်များ
ဈေးသက်သာတဲ့ Laptop ဆိုပေမယ့်လည်း ပရီမီယမ်ဆန်အောင်တော့ လုပ်ပေးထားပါတယ်။ အလေးချိန်က ၁.၁၉ကီလိုဂရမ်၊ ၁၃.၉မီလီမီတာအထူနဲ့ diamond-cut aluminium frame သုံးထားပါတယ်။ 10th generation Intel Core processor, 8GB or 12GB RAM, 256GB/512GB/1TB SSD ဆိုပြီးတော့လည်း ရွေးချယ်နိုင်ဦးမှာပါ။ Wi Fi 6 , 720p webcam တို့လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

[Zawgyi]

CES 2020 အႀကိဳအေနနဲ႔ Samsung ဟာ Galaxy Book Flex a (a ဆိုတာက alphaကိုေျပာတာ) ကို ျပသလိုက္ပါတယ္။ ဒီဇိုင္းလန္းတဲ့ laptop ေလးျဖစ္ၿပီးေတာ့ ၾကာရွည္ခံတဲ့ဘတ္ထရီ၊ QLED display တို႔ကို ရႏိုင္မွာပါ။ ေဈးကေတာ့ ၈၂၉.၉၉ ေဒၚလာျဖစ္ပါတယ္။
Galaxy Book Flex a ဟာ Galaxy Computing line အတြက္ အသစ္အဆန္းတစ္ခုျဖစ္ပါတယ္။ ဒီဇိုင္း၊ hardware နဲ႔ display feature ေတြကို ေဈးႏႈန္းထက္ ပိုေကာင္းေအာင္ ေပးစြမ္းထားပါတယ္။
TV set ေတြမွာ အသုံးျပဳတဲ့ ၁၃.၃လက္မ QLED display နဲ႔ ေဘာင္ေတြကို အေတာ္ေလးပါးထားတဲ့ဒီဇိုင္းကို ေတြ႕ျမင္ရမွာပါ။ ဒါေၾကာင့္ ၾကည္လင္ျပတ္သားတဲ့ ပုံရိပ္ေတြကို ခံစားႏိုင္မွာပါ။
Galaxy Book Flexa a မွာ Active Pen stylus ေထာက္ပံ့ေပးထားၿပီးေတာ့ screen ဟာလည္း အေနာက္ဘက္ကိုေခါက္ၿပီးေတာ့ tablet အျဖစ္နဲ႔လည္း အသုံးျပဳႏိုင္ေစမွာပါ။
ဘတ္ထရီသက္တမ္းတိုက္ပြဲ
ဘတ္ထရီက laptop ဝယ္ေတာ့မယ္ဆိုရင္ အစဥ္းစားဆုံးအခ်က္တစ္ခုအေနနဲ႔ ရပ္တည္လာပါၿပီ။ Samsung ကလည္း Galaxy Book Flex a ေလးကို အမ်ားထဲကထင္ရွားေနေအာင္ ၁၇.၅နာရီၾကာတဲ့အထိ အသုံးျပဳႏိုင္ေအာင္ လုပ္ေဆာင္ေပးထားပါတယ္။
Windows 10 laptop အေနနဲ႔ေတာ့ အေတာ္ေလးမိုက္ပါတယ္။ ဒီေတာ့ တစ္ရက္တာအသုံးျပဳမႈအတြက္ အားသြင္းေပါက္ရွာေနစရာမလိုေအာင္ ဖန္တီးေပးထားတဲ့သေဘာပါပဲ။ ဒီေတာ့ သုံးခ်င္သေလာက္သာသုံးပါေတာ့ ။ အားသြင္းေပါက္ရွာေနရတဲ့အခ်ိန္ေတြကို ႏႈတ္ဆက္လို႔ရပါၿပီ။ ေနာက္ၿပီး အားအျမန္သြင္းစနစ္ကိုေထာက္ပံ့ေပးထားလို႔ အားျပန္သြင္းရမယ္ဆိုရင္ေတာင္ အခ်ိန္မၾကာဘူးေပါ့။
အျခားေသာ အခ်က္အလက္မ်ား
ေဈးသက္သာတဲ့ Laptop ဆိုေပမယ့္လည္း ပရီမီယမ္ဆန္ေအာင္ေတာ့ လုပ္ေပးထားပါတယ္။ အေလးခ်ိန္က ၁.၁၉ကီလိုဂရမ္၊ ၁၃.၉မီလီမီတာအထူနဲ႔ diamond-cut aluminium frame သုံးထားပါတယ္။ 10th generation Intel Core processor, 8GB or 12GB RAM, 256GB/512GB/1TB SSD ဆိုၿပီးေတာ့လည္း ေ႐ြးခ်ယ္ႏိုင္ဦးမွာပါ။ Wi Fi 6 , 720p webcam တို႔လည္း စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

Ref: techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.