မနှစ်က 5G စမတ်ဖုန်းတွေ စုစုပေါင်းအလုံးရေ ၆.၇မီလျံ ရောင်းချခဲ့တဲ့ Samsung

0
375

[Unicode]

မနှစ်က 5G စမတ်ဖုန်းအလုံးရေ ၆.၇မီလျံထက်ကျော်လွန်အောင် ရောင်းချနိုင်ခဲ့တယ်လို့ Samsung က ပြောပါတယ်။
ဟုတ်ပါတယ်။ 5G ဆိုတာက ၂၀၁၉ခုနှစ်အတွက် ရေပန်းအစားဆုံး စကားလုံးလေးတွေဖြစ်ခဲ့တာမဟုတ်လား။ ၂၀၂၀မှာ ပိုမိုအားကောင်းလာမယ့်နည်းပညာတစ်ခုလို့လည်း အများကရှုမြင်ထားကြပါတယ်။ ဒါပေမယ့် အသစ်အဆန်းဖြစ်နေတာရယ်၊ ဒေသအချို့မှာ မရနိုင်သေးတာရယ်၊ ဈေးကြီးတာလေးတွေရယ်က 5G ကို စမ်းသပ်သုံးကြည့်ဖို့အတွက် နည်းနည်းစဉ်းစားစေခဲ့ပါသေးတယ်။
Samsung အတွက်တော့ ၂၀၂၀မှာ Galaxy 5G အတွက် အားထုတ်မှုတွေ ပြင်းထန်နေမှာပါ။ 5G ကို device အမျိုးအစားများများမှာ မြင်ရဖို့ မျှော်လင့်နေမိပါတယ်။ ကျွန်တော်တို့တွေးထင်မထားဘူးတဲ့ mobile ခံစားမှုတွေကို ပေးစွမ်းနိုင်တဲ့အထိပေါ့။
Samsung မှာက 5G စမတ်ဖုန်းငါးလုံးကို ကမ္ဘာတစ်ဝှမ်းဖြန့်ချိထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့5G စမတ်ဖုန်းဈေးကွက်ရဲ့ ၅၃.၉ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီဖုန်းတွေကတော့ Galaxy S10 5G, Note 10 5G, Note 10+ 5G, Galaxy A90 5G, Galaxy Fold 5G တို့ ဖြစ်ပါတယ်။

[Zawgyi]

မႏွစ္က 5G စမတ္ဖုန္းအလုံးေရ ၆.၇မီလ်ံထက္ေက်ာ္လြန္ေအာင္ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ Samsung က ေျပာပါတယ္။
ဟုတ္ပါတယ္။ 5G ဆိုတာက ၂၀၁၉ခုႏွစ္အတြက္ ေရပန္းအစားဆုံး စကားလုံးေလးေတြျဖစ္ခဲ့တာမဟုတ္လား။ ၂၀၂၀မွာ ပိုမိုအားေကာင္းလာမယ့္နည္းပညာတစ္ခုလို႔လည္း အမ်ားကရႈျမင္ထားၾကပါတယ္။ ဒါေပမယ့္ အသစ္အဆန္းျဖစ္ေနတာရယ္၊ ေဒသအခ်ိဳ႕မွာ မရႏိုင္ေသးတာရယ္၊ ေဈးႀကီးတာေလးေတြရယ္က 5G ကို စမ္းသပ္သုံးၾကည့္ဖို႔အတြက္ နည္းနည္းစဥ္းစားေစခဲ့ပါေသးတယ္။
Samsung အတြက္ေတာ့ ၂၀၂၀မွာ Galaxy 5G အတြက္ အားထုတ္မႈေတြ ျပင္းထန္ေနမွာပါ။ 5G ကို device အမ်ိဳးအစားမ်ားမ်ားမွာ ျမင္ရဖို႔ ေမွ်ာ္လင့္ေနမိပါတယ္။ ကြၽန္ေတာ္တို႔ေတြးထင္မထားဘူးတဲ့ mobile ခံစားမႈေတြကို ေပးစြမ္းႏိုင္တဲ့အထိေပါ့။
Samsung မွာက 5G စမတ္ဖုန္းငါးလုံးကို ကမာၻတစ္ဝွမ္းျဖန႔္ခ်ိထားႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ကမာၻ႔5G စမတ္ဖုန္းေဈးကြက္ရဲ႕ ၅၃.၉ရာခိုင္ႏႈန္းကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
အဲဒီဖုန္းေတြကေတာ့ Galaxy S10 5G, Note 10 5G, Note 10+ 5G, Galaxy A90 5G, Galaxy Fold 5G တို႔ ျဖစ္ပါတယ္။

Ref: pocketnow

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.