ဘေးဘက်ကထွက်လာမယ့် ကင်မရာဒီဇိုင်းအသစ်ကို လုပ်ဆောင်နေတဲ့ OPPO

0
194

[Unicode]

ထုတ်လုပ်သူတွေကတော့ စမတ်ဖုန်းတွေကို မျက်နှာပြင်ပြည့်ဖြစ်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်နေတာကို တွေ့မြင်ကြရမှာပါ။ ကျွန်တော်တို့အနေနဲ့ notch, punch hole, pop-up, rotating camera တွေကို မြင်တွေ့ခဲ့ဖူးပါပြီ။ ဒါပေမယ့် အခု OPPO ရဲ့ patent အသစ်လေးကတော့ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကို ယူဆောင်လာပြန်ပါပြီ။ လက်ရှိမှာတော့ pop-up ဆိုတဲ့အတိုင်း အပေါ်ကနေပဲ ထွက်လာသေးတာပါ။ အခုတော့ ဘေးဘက်ကနေ ထွက်လာမယ့်ဒီဇိုင်းကို မြင်ရပြန်ပါပြီ။


ပုံလေးတွေအရဆိုရင်တော့ ကင်မရာကိုညာဘက်ဘေးမှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ အနောက်ဘက်မှာဆိုရင်တော့ ကင်မရာနှစ်လုံးအသုံးပြုထားပြီး အောက်မှာတော့ flash ဖြစ်ပါတယ်။


ညာဘက်မှာ ပါဝါခလုတ်လည်းရှိနေမှာဖြစ်ပြီး ဘယ်ဘက်ကတော့ အသံခလုတ်တွေနဲ့ sim-slot တွေရှိမှာပါ။ အောက်ခြေမှာတော့ စပီကာတွေရှိနေပြီး Type-C နဲ့ headphone jack လည်း မြင်တွေ့ရပါတယ်။
တကယ့်ဖုန်းမှာ မြင်တွေ့ရမလားဆိုတာကတော့ ကျွန်တော်တို့မပြောနိုင်သေးပါဘူး။ များသောအားဖြင့် patent တင်ထားပြီးတော့ မလုပ်ဖြစ်တာတွေလည်း ရှိတတ်တာပဲမဟုတ်လား။ OPPO လည်း ဘယ်လိုဖြစ်မလဲဆိုတာကတော့ အချိန်တစ်ခုစောင့်ကြည့်ရမှာပါ။

[Zawgyi]

ထုတ္လုပ္သူေတြကေတာ့ စမတ္ဖုန္းေတြကို မ်က္ႏွာျပင္ျပည့္ျဖစ္ေရးအတြက္ အားသြန္ခြန္စိုက္လုပ္ေဆာင္ေနတာကို ေတြ႕ျမင္ၾကရမွာပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ notch, punch hole, pop-up, rotating camera ေတြကို ျမင္ေတြ႕ခဲ့ဖူးပါၿပီ။ ဒါေပမယ့္ အခု OPPO ရဲ႕ patent အသစ္ေလးကေတာ့ ေနာက္ထပ္စိတ္ဝင္စားဖို႔ေကာင္းတာတစ္ခုကို ယူေဆာင္လာျပန္ပါၿပီ။ လက္ရွိမွာေတာ့ pop-up ဆိုတဲ့အတိုင္း အေပၚကေနပဲ ထြက္လာေသးတာပါ။ အခုေတာ့ ေဘးဘက္ကေန ထြက္လာမယ့္ဒီဇိုင္းကို ျမင္ရျပန္ပါၿပီ။


ပုံေလးေတြအရဆိုရင္ေတာ့ ကင္မရာကိုညာဘက္ေဘးမွာ တပ္ဆင္ထားတာျဖစ္ပါတယ္။ အေနာက္ဘက္မွာဆိုရင္ေတာ့ ကင္မရာႏွစ္လုံးအသုံးျပဳထားၿပီး ေအာက္မွာေတာ့ flash ျဖစ္ပါတယ္။


ညာဘက္မွာ ပါဝါခလုတ္လည္းရွိေနမွာျဖစ္ၿပီး ဘယ္ဘက္ကေတာ့ အသံခလုတ္ေတြနဲ႔ sim-slot ေတြရွိမွာပါ။ ေအာက္ေျခမွာေတာ့ စပီကာေတြရွိေနၿပီး Type-C နဲ႔ headphone jack လည္း ျမင္ေတြ႕ရပါတယ္။
တကယ့္ဖုန္းမွာ ျမင္ေတြ႕ရမလားဆိုတာကေတာ့ ကြၽန္ေတာ္တို႔မေျပာႏိုင္ေသးပါဘူး။ မ်ားေသာအားျဖင့္ patent တင္ထားၿပီးေတာ့ မလုပ္ျဖစ္တာေတြလည္း ရွိတတ္တာပဲမဟုတ္လား။ OPPO လည္း ဘယ္လိုျဖစ္မလဲဆိုတာကေတာ့ အခ်ိန္တစ္ခုေစာင့္ၾကည့္ရမွာပါ။

Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.