နာမည်ကျော် Tiktok ကတော့ အမေရိကန်မှာ အပိတ်ခံလိုက်ရပါပြီ။ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားများအား TikTok အသုံးပြုခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်စစ်သားများအနေဖြင့် ကိုယ်ပိုင် စမတ်ဖုန်းဖြင့် TikTok App အသုံးပြုကြမှာဖြစ်ပေမယ့် အစိုးရပိုင် စမတ်ဖုန်းဖြင့် TikTok သုံးနိုင်တော့မှာ မဟုတ်ပါဘူး။

အမေရိကန်စစ်တပ်က TikTok App က ဆိုင်ဘာလုံခြုံရေး ခြိမ်းခြောက်နေတာကြောင့် ပိတ်ပင်လိုက်တာလို့ ဆိုထားပါတယ်။ ယခုလအစောပိုင်းတုန်းက US Navy နှင့် ကာကွယ်ရေးဌာနတို့က စစ်သားများအား TikTok မသုံးရန် သတိပေးခဲ့ဖူးကာ အစိုးရပိုင် Device များတွင် ထည့်သွင်းထားပါကလည်း ဖယ်ရှားရန် အမိန့်ပေးခဲ့ပါတယ်။
TikTok ကို ပိုင်ဆိုင်တဲ့ ByTeDance ဟာ အမေရိကန်အစိုးရရဲ့ ဖိအားပေးမှု ခံရပြီးနောက် TikTok ရှယ်ယာများကို ရောင်းချရန် စီစဉ်နေတယ်လို့ သိရပါတယ်။ ByteDance ဟာ ဘေဂျင်း ခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ လုံခြုံရေး ထိပါးမှာ စိုးတဲ့အတွက် ဒီလို ပိတ်ပင်လိုက်တာပါ။ App ကနေ အမေရိကန်တွေကို စုံစမ်းထောက်လှမ်းနေတယ်လို့လည်း သံသယ ရှိနေပါတယ်။
zawgyi
TikTok အသုံးျပဳခြင့္ ပိတ္ပင္လုိက္တဲ့ အေမရိကန္စစ္တပ္
နာမည္ေက်ာ္ Tiktok ကေတာ့ အေမရိကန္မွာ အပိတ္ခံလိုက္ရပါၿပီ။ အေမရိကန္စစ္တပ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ စစ္သားမ်ားအား TikTok အသုံးျပဳခြင့္ ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ အေမရိကန္စစ္သားမ်ားအေနျဖင့္ ကိုယ္ပိုင္ စမတ္ဖုန္းျဖင့္ TikTok App အသုံးျပဳၾကမွာျဖစ္ေပမယ့္ အစိုးရပိုင္ စမတ္ဖုန္းျဖင့္ TikTok သုံးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။
အေမရိကန္စစ္တပ္က TikTok App က ဆိုင္ဘာလုံၿခဳံေရး ၿခိမ္းေျခာက္ေနတာေၾကာင့္ ပိတ္ပင္လိုက္တာလို႔ ဆိုထားပါတယ္။ ယခုလအေစာပိုင္းတုန္းက US Navy ႏွင့္ ကာကြယ္ေရးဌာနတို႔က စစ္သားမ်ားအား TikTok မသုံးရန္ သတိေပးခဲ့ဖူးကာ အစိုးရပိုင္ Device မ်ားတြင္ ထည့္သြင္းထားပါကလည္း ဖယ္ရွားရန္ အမိန႔္ေပးခဲ့ပါတယ္။

TikTok ကို ပိုင္ဆိုင္တဲ့ ByTeDance ဟာ အေမရိကန္အစိုးရရဲ႕ ဖိအားေပးမႈ ခံရၿပီးေနာက္ TikTok ရွယ္ယာမ်ားကို ေရာင္းခ်ရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ByteDance ဟာ ေဘဂ်င္း ေျခစိုက္ ကုမၸဏီ ျဖစ္ၿပီး အေမရိကန္ႏိုင္ငံရဲ႕ လုံၿခဳံေရး ထိပါးမွာ စိုးတဲ့အတြက္ ဒီလို ပိတ္ပင္လိုက္တာပါ။ App ကေန အေမရိကန္ေတြကို စုံစမ္းေထာက္လွမ္းေနတယ္လို႔လည္း သံသယ ရွိေနပါတယ္။