Samsung Galaxy Note 10 Lite ရဲ့ပေါက်ကြားပုံရိပ်အသစ်များ
0
694
[Unicode]
Samsung Galaxy Note 10 Lite ရဲ့ လက်တွေ့ပုံရိပ်တွေကို ရှုထောင့်ပုံစံအမျိုးမျိုးကနေ ရိုက်ပြထားတဲ့ပုံလေးတွေကို ထပ်မံမြင်တွေ့လိုက်ရပြန်ပါပြီ။
2020 ရောက်လာပါပြီ။ ကျွန်တော်တို့အတွက် Samsung Galaxy Note 10 Lite နဲ့ Galaxy S10 Lite တို့ကို မြင်ရဖို့ နီးလာပြီပေါ့။ ကျွန်တော်တို့လည်း ပေါက်ကြားပုံရိပ်တွေကို တွေ့မြင်ခဲ့ရတာ မနည်းတော့ပါဘူး။ ဒီတစ်ခေါက်မှာတော့ Note 10 Lite လေးကို ပါဝါပွင့်လျက်အနေအထားနဲ့ မြင်တွေ့ရပါပြီ။
ဒီတစ်ကြိမ်မှာတော့ ဓါတ်ပုံလေးတွေကို TechTalkTV ရဲ့ တွစ်တာပို့စ်တစ်ခုမှာ မြင်တွေ့ရတာဖြစ်ပါတယ်။ ဒီဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေမဟုတ်ပေမယ့် တကယ့်ပုံရိပ်တွေဖြစ်ပါတယ်။ S pen နဲ့တောင် တွေ့ရတာပါ။ အမိုက်ဆုံးကတော့ 3.5mm headphone jack ဖြစ်မယ်ထင်ပါတယ်။ 6GB RAM, 128GB storage, Exynos 9810 processor, in-display fingerprint scanner တို့လည်း ပါဝင်ပါတယ်။ Android 10 ကတော့ တန်းသုံးနိုင်မယ်ထင်ပါတယ်။ ဈေးနှုန်းဆိုရင်တော့ ဒေါ်လာ၇၀၀ကနေ ၈၄၀ ကြားတော့ ရှိပါလိမ့်မယ်။
[Zawgyi]
Ref: pocketnow
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.