Redmi K30 5G ရဲ့ဘူးပါကင်ပုံစံကို ထုတ်ပြလိုက်တဲ့ Xiaomi စီအီးအို

0
781

Xiaomi သုံးစွဲသူတွေ မျှော်လင့်လျက်ရှိနေတဲ့ ထုတ်ကုန်သစ် တခုကို ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ လေဂျွင်းက လူမှုကွန်ရက် ဝီဘိုမှာ ထုတ်ပြလိုက်ပါတယ်။ အဲ့ဒါကတော့ Redmi K30 5G စမတ်ဖုန်းရဲ့ retail box ပုံပဲဖြစ်ပါတယ်။ ဘောက်မှာ တွေ့လိုက်ရတဲ့ ပုံစံအရ ဒီဖုန်းဟာ အရောင်ပြေး ဒီဇိုင်းဖြစ်ဖို့များပါတယ်။ ဘာကြောင့်လဲဆိုရင် အဖြူရောင်ဘောက်စ်မှာ Redmi K30 ဆိုတာကို ရောင်ပြေးလေးတွေနဲ့ ရေးပေးထားလို့ပါ။

Redmi K30 5G ဖုန်းကို လာမယ့် ၇ ရက်နေ့ တရုတ်မှာစရောင်းမယ် ဆိုရောင်းမှာဖြစ်တာကြောင့် ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံအနံှ့မှာရှိတဲ့ သတ်မှတ်ထားတဲ့ Mi Store တွေမှာ အမှာစာတွေ လက်ခံနေပြီ ဖြစ်ပါတယ်။ Xiaomi အနေနဲ့ LTE version ဖြစ်တဲ့ Redmi K30 ဖုန်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လဝက်လောက်ထဲက ရောင်းချပေးနေတာ ဖြစ်ပါတယ်။

5G ဗားရှင်းကတော့ မူကွဲဖြစ်မှာပါ။ ပုံမှန် K30 ဖုန်းမှာ Snapdragon 730 သုံးထားပြီး 5G အမျိုးအစားမှာတော့ Snapdragon 765G ကိုသုံးပေးထားမှာ ဖြစ်ပါတယ်။ 12GB + 512GB ဗားရှင်းလည်း မကြာခင်တရုတ်ဈေးကွက်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဖုန်းမှာပါဝင်မယ့် လုပ်ဆောင်ချက်တွေ အနေနဲ့ 6.67-inch LCD နဲ့ဖြစ်ပြီး refresh rate က 120Hz ဖြစ်မှာပါ။ ကင်မရာ ၄လုံးပါဝင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကလည်း 4,500 mAh စွမ်းအားကို 30W fast charging ထောက်ပံ့ပါလိမ့်မယ်။

zawgyi

Redmi K30 5G ရဲ႕ဘူးပါကင္ပုံစံကို ထုတ္ျပလိုက္တဲ့ Xiaomi စီအီးအို
Xiaomi သုံးစြဲသူေတြ ေမွ်ာ္လင့္လ်က္ရွိေနတဲ့ ထုတ္ကုန္သစ္ တခုကို ကုမၸဏီရဲ႕ တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ ေလဂြၽင္းက လူမႈကြန္ရက္ ဝီဘိုမွာ ထုတ္ျပလိုက္ပါတယ္။ အဲ့ဒါကေတာ့ Redmi K30 5G စမတ္ဖုန္းရဲ႕ retail box ပုံပဲျဖစ္ပါတယ္။ ေဘာက္မွာ ေတြ႕လိုက္ရတဲ့ ပုံစံအရ ဒီဖုန္းဟာ အေရာင္ေျပး ဒီဇိုင္းျဖစ္ဖို႔မ်ားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အျဖဴေရာင္ေဘာက္စ္မွာ Redmi K30 ဆိုတာကို ေရာင္ေျပးေလးေတြနဲ႔ ေရးေပးထားလို႔ပါ။

Redmi K30 5G ဖုန္းကို လာမယ့္ ၇ ရက္ေန႔ တ႐ုတ္မွာစေရာင္းမယ္ ဆိုေရာင္းမွာျဖစ္တာေၾကာင့္ ကုမၸဏီအေနနဲ႔ တ႐ုတ္ႏိုင္ငံအနံွ႔မွာရွိတဲ့ သတ္မွတ္ထားတဲ့ Mi Store ေတြမွာ အမွာစာေတြ လက္ခံေနၿပီ ျဖစ္ပါတယ္။ Xiaomi အေနနဲ႔ LTE version ျဖစ္တဲ့ Redmi K30 ဖုန္းကို ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ လဝက္ေလာက္ထဲက ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။

5G ဗားရွင္းကေတာ့ မူကြဲျဖစ္မွာပါ။ ပုံမွန္ K30 ဖုန္းမွာ Snapdragon 730 သုံးထားၿပီး 5G အမ်ိဳးအစားမွာေတာ့ Snapdragon 765G ကိုသုံးေပးထားမွာ ျဖစ္ပါတယ္။ 12GB + 512GB ဗားရွင္းလည္း မၾကာခင္တ႐ုတ္ေဈးကြက္ကို ေရာက္ရွိေတာ့မွာ ျဖစ္ပါတယ္။ ဖုန္းမွာပါဝင္မယ့္ လုပ္ေဆာင္ခ်က္ေတြ အေနနဲ႔ 6.67-inch LCD နဲ႔ျဖစ္ၿပီး refresh rate က 120Hz ျဖစ္မွာပါ။ ကင္မရာ ၄လုံးပါဝင္မွာ ျဖစ္ပါတယ္။ ဘက္ထရီကလည္း 4,500 mAh စြမ္းအားကို 30W fast charging ေထာက္ပံ့ပါလိမ့္မယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.