Xiaomi ရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေဖြစ်တဲ့ Mi 10 နဲ့ Mi 10 Pro ဖုန်းတွေကို ယခုနှစ် အစောပိုင်းမှာ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် ဖုန်းနှစ်မျိုးလုံးမှာ Snapdragon 865 SoC အသုံးပြုလာမှာဖြစ်ပြီး 5G ထောက်ပံ့လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ လအနည်းငယ်စောင့်ရပါဦးမယ်။ ဒီနေ့မှာတော့ Digital Chat Station မှာ Mi 10 နဲ့ Mi 10 Pro တို့မှာ သုံးလာမယ့် စနစ်များကို ဖော်ပြလာပါတယ်။

Xiaomi Mi 10 မှာ မျက်နှာပြင် 6.5 လက်မ OLED 90Hz Refresh Rate သုံးလာပါမယ်။ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမှာဖြစ်ပြီး အဓိကကင်မရာက Sony IMX686 ဖြစ်ကာ ဒုတိယကင်မရာက 20MP Ultrawide ဖြစ်ပါတယ်။ ကျန်ကင်မရာနှစ်လုံးက 12MP Telephoto နှင့် 5MP Xiaomi Mi 10 Pro ရဲ့ မျက်နှာပြင်၊ ရုပ်ထွက်တို့ကို ဖော်ပြထားခြင်း မရှိပါဘူး။ အရွယ်အစား အနည်းငယ် ကြီးလာနိုင်ပါတယ်။
Xiaomi Mi 10 Pro ဖုန်းမှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 108MP ဖြစ်ပြီး ကျန်ကင်မရာများက 48MP+12MP Telephoto+8MP ဖြစ်ပါတယ်။ ဘက်ထရီ 4500 mAh ဘဲပါဝင်လာမှာဖြစ်ပြီး 66W Fast Charging ၊ 40W Wireless Charging တို့ပါဝင်ပါမယ်။ Reverse Wireless Charging လုပ်မှုကို ဘယ်လောက်နဲ့ လုပ်နိုင်မယ်ဆိုတာ မသိရသေးပါဘူး။
ဒီဖုန်းကို RAM12GB+128GB ၊ RAM12GB+256GB နှင့် RAM12GB512GB ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းများက ဒေါ်လာ 544 ၊ ဒေါ်လာ 587 နှင့် ဒေါ်လာ 644 ဖြစ်လာပါမယ်။ Android 10 အခြေခံ MIUI 11 ပါဝင်လာပါမယ်
zawgyi
Mi 10 စီးရီးဖုန်းသစ်တွေမှာ သုံးလာမယ့် အချက်အလက်များပေါက်ကြား
