Galaxy A စီးရီး စမတ်ဖုန်း ၉ လုံးကို မှတ်ပုံတင်လိုက်တဲ့ Samsung

0
599

Samsung အနေနဲ့ 2019 ခုနှစ်မှာ Galaxy A series စမတ်ဖုန်းတွေကို စတင်မိတ်ဆက် ပေးခဲ့ပါတယ်။ အခုကိုရီးယား ကုမ္ပဏီအနနဲ့ 2020 မှာလည်း Galaxy A series ဖုန်း မျိုးဆက်သစ်တွေကို ထပ်မံရောင်းချလာအုံးမှာ ဖြစ်ပါတယ်။ မိခင်နိုင်ငံဖြစ်တဲ့ ကိုရီယားမှာ ဆမ်ဆောင်းအနေနဲ့ ဖုန်းအသစ်တွေကို မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။

ကိုရီးယားနည်းပညာ လုပ်ငန်းစုအနေနဲ့ တွစ်တာမှာတင်လိုက်တာ ဖြစ်ပြီး စုစုပေါင်း စမတ်ဖုန်းပေါင်း ၉ မျိုးတိတိဖြစ်ပါတယ်။ ဖုန်းတွေရဲ့မော်ဒယ်နံပတ်တွေကတော့ trademarked စာရင်းအရ Galaxy A12, Galaxy A22, Galaxy A32, Galaxy A42, Galaxy A52, Galaxy A62, Galaxy A72, Galaxy A82 နဲ့ Galaxy A92 တို့ပဲဖြစ်ပါတယ်။

Galaxy A စီးရီး ဖုန်းအသစ်တွေနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိသေးပါဘူး။ မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ဖုန်းအသစ်တွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ပိုမိုမြင်တွေ့ရနိုင်ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ A စီးရီးဖုန်းတွေကို အဆင့်မြင့်တင်မှုတွေ ပြုလုပ်လာမှာကတော့ သေချာပါတယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.