[Unicode]
Xiaomi ကို အားပြုထားတဲ့ Huami ဟာ CES မှာ T-Rex ကို ကြေညာမယ်လို့ ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။ မနှစ်က ရေးတင်ခဲ့ဖူးတယ်လေ။ နောက်ပြီး Amazfit BipS နဲ့ TWS truly wireless earbuds တွေကို ကြေညာဖို့ အသင့်ဖြစ်နေပါပြီ။ နောက်ထပ်ထွက်ရှိလာတဲ့ teaser လေးအရဆိုရင်လည်း Huami ဟာ Amazfit T-Rex ဆိုတဲ့ smartwatch လေးကို ပြသတော့မှာပါ။
teaser ပုံလေးတွေမှာ ဇန်နဝါရီလ ၈ရက်နေ့မှာ မြင်တွေ့ခွင့်ရတော့မယ့် outdoor smartwatch စီးရီးအသစ်များလို့ ရေးသားထားပါတယ်။ လက်ပတ်ကြိုးထူထူနဲ့အကြမ်းခံဒီဇိုင်းကိုလည်း မြင်တွေ့ရပါတယ်။
live image တွေကိုလည်း ဒီတစ်ပတ်အစောပိုင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ teaser ပုံလေးထဲကအတိုင်းပါပဲ။ လက်ပတ်ကြိုး အထူကြီးတွေကို မြင်တွေ့ရပါတယ်။ ကိုယ်ထည်ကလည်း ဘောင်အထူကြီးတွေသုံးထားပြီးတော့ အကြမ်းခံအောင်လုပ်ထားပါတယ်။ HR monitoring hardware အကြီးစားကိုလည်း တွေ့မြင်ရပါတယ်။
လက်ရှိသတင်းတွေအရတော့ T-Rex မှာ Bluetooth 5.0 LE, 390 mAh battery, 5 ATM ရေစိုခံနိုင်ခြင်းတွေ ပါဝင်မယ်လို့ သိရပါတယ်။ ကျန်တာကိုတော့ နောက်ပိုင်းမှ သိခွင့်ရမှာပါ။
[Zawgyi]
Xiaomi ကို အားျပဳထားတဲ့ Huami ဟာ CES မွာ T-Rex ကို ေၾကညာမယ္လို႔ ေျပာခဲ့တာကို မွတ္မိၾကဦးမွာပါ။ မႏွစ္က ေရးတင္ခဲ့ဖူးတယ္ေလ။ ေနာက္ၿပီး Amazfit BipS နဲ႔ TWS truly wireless earbuds ေတြကို ေၾကညာဖို႔ အသင့္ျဖစ္ေနပါၿပီ။ ေနာက္ထပ္ထြက္ရွိလာတဲ့ teaser ေလးအရဆိုရင္လည္း Huami ဟာ Amazfit T-Rex ဆိုတဲ့ smartwatch ေလးကို ျပသေတာ့မွာပါ။
teaser ပုံေလးေတြမွာ ဇန္နဝါရီလ ၈ရက္ေန႔မွာ ျမင္ေတြ႕ခြင့္ရေတာ့မယ့္ outdoor smartwatch စီးရီးအသစ္မ်ားလို႔ ေရးသားထားပါတယ္။ လက္ပတ္ႀကိဳးထူထူနဲ႔အၾကမ္းခံဒီဇိုင္းကိုလည္း ျမင္ေတြ႕ရပါတယ္။
live image ေတြကိုလည္း ဒီတစ္ပတ္အေစာပိုင္းမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ teaser ပုံေလးထဲကအတိုင္းပါပဲ။ လက္ပတ္ႀကိဳး အထူႀကီးေတြကို ျမင္ေတြ႕ရပါတယ္။ ကိုယ္ထည္ကလည္း ေဘာင္အထူႀကီးေတြသုံးထားၿပီးေတာ့ အၾကမ္းခံေအာင္လုပ္ထားပါတယ္။ HR monitoring hardware အႀကီးစားကိုလည္း ေတြ႕ျမင္ရပါတယ္။
လက္ရွိသတင္းေတြအရေတာ့ T-Rex မွာ Bluetooth 5.0 LE, 390 mAh battery, 5 ATM ေရစိုခံႏိုင္ျခင္းေတြ ပါဝင္မယ္လို႔ သိရပါတယ္။ က်န္တာကိုေတာ့ ေနာက္ပိုင္းမွ သိခြင့္ရမွာပါ။
Ref: GSMArena