ဒေါ်လာ 5,000 တန် ဂိမ်းမင်း Mac ကို Apple တကယ်လုပ်နေပြီလား

0
1013

[Unicode]

တအားကြီး စိတ်မလှုပ်ရှားပါနဲ့ဦး
၂၀၂၀ခုနှစ်ကတော့ အစပျိုးနေပါပြီ။ ကောလာဟလသတင်းတွေကို မှန်မမှန်ရင်ခုန်စွာနဲ့ စောင့်ကြည့်နေရချိန်မှာ Apple ရဲ့ ဒေါ်လာ 5,000 တန် Mac လည်း ပါဝင်နေပါတယ်။ ဒီသတင်းကို ပထမဆုံးတင်ပြခဲ့တာကတော့ Economic Daily Website ကဖြစ်ပြီးတော့ ဂိမ်းသမားတွေကို ပစ်မှတ်ထားပြီး ဆန်းသစ်ဈေးကြီးတဲ့ ညှို့အားပြင်း Mac တစ်လုံးကို ဈေးကွက်အသစ်ရှာဖို့ လုပ်နေတယ်လို့ ပြောခဲ့တာပါ။
သူတို့သတင်းအရဆိုရင်တော့ supply chain တွေဆီကနေ Apple ဟာ အဲဒီလိုပစ္စည်းမျိုးလုပ်ဆောင်နေတယ်လို့ ဖွင့်ဟပြောဆိုခဲ့တာပါ။ မျက်နှာပြင်ကြီးမားပြီးတော့ all-in-one PC တစ်လုံး ဒါမှမဟုတ် မျက်နှာပြင်ကျယ် ဂိမ်းမင်း laptop တစ်လုံးကို MacBook Pro 16-inch လိုင်းနဲ့အတူ တွဲဖက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ သတင်းတွေအရ Apple ဟာ gaming Mac အသစ်လေးကို Worldwide Developer Conference (WWDC) မှာ ပြသသွားနိုင်ချေရှိတယ်လို့ သိရပါတယ်။
တကယ်ကြီးလား
Apple အနေနဲ့ PC gaming ဈေးကွက်ကို ဝင်ရောက်မယ်ဆိုတဲ့စိတ်ကူးက စိတ်ဝင်စားဖို့ကောင်းနေတယ်ဆိုပေမယ့် Gaming Mac ဒါမှမဟုတ် gaming MacBook ကို မြန်မြန်ကြီးတွေ့မြင်ရလိမ့်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးမိပါတယ်။ အကြောင်းရင်းတွေကို အောက်မှာဆက်ပြောကြတာပေါ့။
ပထမဆုံးအနေနဲ့ Mac gaming ecosystem ဟာ Windows PC တွေနဲ့ယှဉ်လိုက်မယ်ဆိုရင် အားနည်းနေပါတယ်။ အကောင်းဆုံး PC Game တွေကို Windows 10 သုံး ဒီနေ့ခေတ်ကွန်ပျူတာတွေမှာ ဆော့ကစားနိုင်တယ်ဆိုပေမယ့်လည်း macOS အတွက်က ရှားပါးနေပါသေးတယ်။
Mac အတွက် သူတို့ရဲ့ဂိမ်းတွေကို ထုတ်ပေးနေတဲ့ရေးသားသူတွေရှိနေတယ်ဆိုပေမယ့် Mac သုံးပြီးဆော့တဲ့သူက နည်းပါးနေတဲ့အတွက်ကြောင့် အချိန်မပေးချင်တဲ့သူတွေက များနေပါတယ်။ ဒါကြောင့် Mac game တွေမရှိတာ၊ emulation software သုံးရမှာတွေ ဖြစ်လာပါတယ်။
ဒါ့အပြင် Gaming graphic card တွေနဲ့ပတ်သတ်လာရင် Nvidia က လက်ရှိမှာနေရာယူထားပြီးတော့ Nvidia ကလည်း Apple ထုတ်ကုန်တွေမှာသုံးဖို့အတွက် မထုတ်ထားသေးပါဘူး။ ၂၀၁၉ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဆက်ဆံရေးပျက်သွားခဲ့ပြီး macOS အတွက် CUDA ထောက်ပံ့မှုကိုလည်း Nvidia ဘက်ကနေ ဖြုတ်လိုက်ပါတယ်။
Apple အနေနဲ့ Mac ဘက်ကို ဂိမ်းသမားတွေရောက်လာအောင် ဆွယ်ဖို့အတွက်က အတော်လေးကို ရုန်းကန်ရမယ့်အနေအထားဖြစ်ပါတယ်။ ဂိမ်းတွေတောင် မရှိနေပါဘူး။ နောက်တစ်ခုကတော့ ဈေးနှုန်း မှန်သေးပါဘူး တကယ်လို့များ Apple ကသာ ဒေါ်လာ5,000 တန် ဂိမ်းပစ္စည်းကို ဖန်တီးမယ်ဆိုရင် ဈေးအကြီးဆုံးသော gaming device ဖြစ်လာပါလိမ့်မယ်။ gaming laptop တွေက ဈေးကြီးတာမှန်ပေမယ့်လည်း အဲဒီလောက်တော့ ဈေးမရှိပါဘူး။
တကယ်လို့ ဈေးကအဲလောက်ဖြစ်မယ်ဆိုရင်တော့ Apple အနေနဲ့ ထူးခြားပြောင်မြောက်တဲ့ပစ္စည်းကို ထုတ်လုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဈေးနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေရှိဖို့လိုတယ်။
Esport ကလည်း လုပ်ငန်းကြီးတစ်ခုအဖြစ် ကူးပြောင်းလာပြီဆိုတော့ Apple အနေနဲ့လည်း နည်းနည်းလောက်ဖြစ်ဖြစ် လိုချင်လာလိမ့်မယ်ဆိုတာ တွက်ဆမိပါတယ်။ ဒါပေမယ့်လည်း လူကြိုက်များနေတဲ့ esport တွေကလည်း အဲဒီလောက်ဈေးကြီးပြီးတော့ စွမ်းဆောင်ရည်မြင့်စရာလည်း မလိုအပ်သေးပါဘူး။ Esport သမားတေါက refresh rate မြင့်တာ၊ frame rate များတာလိုချင်ကြပါတယ်။ graphic က အဲဒီလောက်မဟုတ်ပါဘူး။ Fortnite နဲ့ Dota 2 သမားတွေဆိုရင် ဒေါ်လာ5,000 Mac ကို စိတ်တောင်မကူးကြပါဘူး။
တကယ်တော့
esport အတွက်လောက်နဲ့တော့ ဒေါ်လာ5,000 Mac ကို Apple လုပ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် Apple ဟာ Apple Arcade ကို မိတ်ဆက်ပြီးနောက်မှာ gaming ပိုင်းကို ဝင်ရောက်လာပါတယ်။ Apple Arcade ဆိုတာကတော့ Microsoft Xbox Game Pass ကိုပြိုင်ဆိုင်ထားတဲ့ game subscription ဝန်ဆောင်မှုလေးတစ်ခုပါ။ ဒါပေမယ့်လည်း Apple Arcade ဟာ iPhone လိုမျိုး iOS device တွေအတွက် mobile game တွေလောက်သာ ရှိသေးတာပါ။ ဘတ်ဂျက်ကြီးမားတဲ့ဂိမ်းတွေမဟုတ်ပါဘူး။
Apple အနေနဲ့ ဈေးကြီးတဲ့gaming Mac ဒါမှမဟုတ် Gaming PC, Laptop တွေကို ယှဉ်ပြိုင်ဖို့လုပ်မှာမဟုတ်ဘဲနဲ့ Apple Arcade game တွေဆော့လို့ရတဲ့ဟာမျိုးလုပ်နေတာတော့ ဖြစ်နိုင်ပါတယ်။ gaming Mac mini ဒါမှမဟုတ် gaming Apple TV လိုမျိုး ပေါ့ပါးတဲ့ သေးငယ်တဲ့ဟာမျိုး ထုတ်လုပ်နိုင်ပါတယ်။ PS5 တို့လို၊ Xbox Series X တို့လိုပေါ့။ Apple Arcade game တွေက game controller တွေနဲ့လည်း အဆင်ပြေတယ်။
ဒီနှစ်ထဲမှာ gaming နဲ့ပတ်သတ်လို့ Apple ရဲ့လှုပ်ရှားမှုတွေကိုလည်း ကျွန်တော်တို့စောင့်ကြည့်နေဦးမှာပါ။ Apple အနေနဲ့ gaming Mac လုပ်မှာကို မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ သုံးသပ်ပေမယ့်လည်း Apple ကတော့ ဂိမ်းသမားတွေအတွက် တစ်ခုခုလုပ်ဆောင်ပေးမှာတော့ ကျိန်းသေပါတယ်။

[Zawgyi]

တအားႀကီး စိတ္မလႈပ္ရွားပါနဲ႔ဦး
၂၀၂၀ခုႏွစ္ကေတာ့ အစပ်ိဳးေနပါၿပီ။ ေကာလာဟလသတင္းေတြကို မွန္မမွန္ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္ေနရခ်ိန္မွာ Apple ရဲ႕ ေဒၚလာ 5,000 တန္ Mac လည္း ပါဝင္ေနပါတယ္။ ဒီသတင္းကို ပထမဆုံးတင္ျပခဲ့တာကေတာ့ Economic Daily Website ကျဖစ္ၿပီးေတာ့ ဂိမ္းသမားေတြကို ပစ္မွတ္ထားၿပီး ဆန္းသစ္ေဈးႀကီးတဲ့ ညႇိဳ႕အားျပင္း Mac တစ္လုံးကို ေဈးကြက္အသစ္ရွာဖို႔ လုပ္ေနတယ္လို႔ ေျပာခဲ့တာပါ။
သူတို႔သတင္းအရဆိုရင္ေတာ့ supply chain ေတြဆီကေန Apple ဟာ အဲဒီလိုပစၥည္းမ်ိဳးလုပ္ေဆာင္ေနတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့တာပါ။ မ်က္ႏွာျပင္ႀကီးမားၿပီးေတာ့ all-in-one PC တစ္လုံး ဒါမွမဟုတ္ မ်က္ႏွာျပင္က်ယ္ ဂိမ္းမင္း laptop တစ္လုံးကို MacBook Pro 16-inch လိုင္းနဲ႔အတူ တြဲဖက္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ သတင္းေတြအရ Apple ဟာ gaming Mac အသစ္ေလးကို Worldwide Developer Conference (WWDC) မွာ ျပသသြားႏိုင္ေခ်ရွိတယ္လို႔ သိရပါတယ္။
တကယ္ႀကီးလား
Apple အေနနဲ႔ PC gaming ေဈးကြက္ကို ဝင္ေရာက္မယ္ဆိုတဲ့စိတ္ကူးက စိတ္ဝင္စားဖို႔ေကာင္းေနတယ္ဆိုေပမယ့္ Gaming Mac ဒါမွမဟုတ္ gaming MacBook ကို ျမန္ျမန္ႀကီးေတြ႕ျမင္ရလိမ့္မယ္ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ေတြးမိပါတယ္။ အေၾကာင္းရင္းေတြကို ေအာက္မွာဆက္ေျပာၾကတာေပါ့။
ပထမဆုံးအေနနဲ႔ Mac gaming ecosystem ဟာ Windows PC ေတြနဲ႔ယွဥ္လိုက္မယ္ဆိုရင္ အားနည္းေနပါတယ္။ အေကာင္းဆုံး PC Game ေတြကို Windows 10 သုံး ဒီေန႔ေခတ္ကြန္ပ်ဴတာေတြမွာ ေဆာ့ကစားႏိုင္တယ္ဆိုေပမယ့္လည္း macOS အတြက္က ရွားပါးေနပါေသးတယ္။
Mac အတြက္ သူတို႔ရဲ႕ဂိမ္းေတြကို ထုတ္ေပးေနတဲ့ေရးသားသူေတြရွိေနတယ္ဆိုေပမယ့္ Mac သုံးၿပီးေဆာ့တဲ့သူက နည္းပါးေနတဲ့အတြက္ေၾကာင့္ အခ်ိန္မေပးခ်င္တဲ့သူေတြက မ်ားေနပါတယ္။ ဒါေၾကာင့္ Mac game ေတြမရွိတာ၊ emulation software သုံးရမွာေတြ ျဖစ္လာပါတယ္။
ဒါ့အျပင္ Gaming graphic card ေတြနဲ႔ပတ္သတ္လာရင္ Nvidia က လက္ရွိမွာေနရာယူထားၿပီးေတာ့ Nvidia ကလည္း Apple ထုတ္ကုန္ေတြမွာသုံးဖို႔အတြက္ မထုတ္ထားေသးပါဘူး။ ၂၀၁၉ ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္ဆက္ဆံေရးပ်က္သြားခဲ့ၿပီး macOS အတြက္ CUDA ေထာက္ပံ့မႈကိုလည္း Nvidia ဘက္ကေန ျဖဳတ္လိုက္ပါတယ္။
Apple အေနနဲ႔ Mac ဘက္ကို ဂိမ္းသမားေတြေရာက္လာေအာင္ ဆြယ္ဖို႔အတြက္က အေတာ္ေလးကို ႐ုန္းကန္ရမယ့္အေနအထားျဖစ္ပါတယ္။ ဂိမ္းေတြေတာင္ မရွိေနပါဘူး။ ေနာက္တစ္ခုကေတာ့ ေဈးႏႈန္း မွန္ေသးပါဘူး တကယ္လို႔မ်ား Apple ကသာ ေဒၚလာ5,000 တန္ ဂိမ္းပစၥည္းကို ဖန္တီးမယ္ဆိုရင္ ေဈးအႀကီးဆုံးေသာ gaming device ျဖစ္လာပါလိမ့္မယ္။ gaming laptop ေတြက ေဈးႀကီးတာမွန္ေပမယ့္လည္း အဲဒီေလာက္ေတာ့ ေဈးမရွိပါဘူး။
တကယ္လို႔ ေဈးကအဲေလာက္ျဖစ္မယ္ဆိုရင္ေတာ့ Apple အေနနဲ႔ ထူးျခားေျပာင္ေျမာက္တဲ့ပစၥည္းကို ထုတ္လုပ္ဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။ ေဈးနဲ႔ထိုက္တန္တဲ့ စြမ္းေဆာင္ရည္ေတြရွိဖို႔လိုတယ္။
Esport ကလည္း လုပ္ငန္းႀကီးတစ္ခုအျဖစ္ ကူးေျပာင္းလာၿပီဆိုေတာ့ Apple အေနနဲ႔လည္း နည္းနည္းေလာက္ျဖစ္ျဖစ္ လိုခ်င္လာလိမ့္မယ္ဆိုတာ တြက္ဆမိပါတယ္။ ဒါေပမယ့္လည္း လူႀကိဳက္မ်ားေနတဲ့ esport ေတြကလည္း အဲဒီေလာက္ေဈးႀကီးၿပီးေတာ့ စြမ္းေဆာင္ရည္ျမင့္စရာလည္း မလိုအပ္ေသးပါဘူး။ Esport သမားေတါက refresh rate ျမင့္တာ၊ frame rate မ်ားတာလိုခ်င္ၾကပါတယ္။ graphic က အဲဒီေလာက္မဟုတ္ပါဘူး။ Fortnite နဲ႔ Dota 2 သမားေတြဆိုရင္ ေဒၚလာ5,000 Mac ကို စိတ္ေတာင္မကူးၾကပါဘူး။
တကယ္ေတာ့
esport အတြက္ေလာက္နဲ႔ေတာ့ ေဒၚလာ5,000 Mac ကို Apple လုပ္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ ဒါေပမယ့္ Apple ဟာ Apple Arcade ကို မိတ္ဆက္ၿပီးေနာက္မွာ gaming ပိုင္းကို ဝင္ေရာက္လာပါတယ္။ Apple Arcade ဆိုတာကေတာ့ Microsoft Xbox Game Pass ကိုၿပိဳင္ဆိုင္ထားတဲ့ game subscription ဝန္ေဆာင္မႈေလးတစ္ခုပါ။ ဒါေပမယ့္လည္း Apple Arcade ဟာ iPhone လိုမ်ိဳး iOS device ေတြအတြက္ mobile game ေတြေလာက္သာ ရွိေသးတာပါ။ ဘတ္ဂ်က္ႀကီးမားတဲ့ဂိမ္းေတြမဟုတ္ပါဘူး။
Apple အေနနဲ႔ ေဈးႀကီးတဲ့gaming Mac ဒါမွမဟုတ္ Gaming PC, Laptop ေတြကို ယွဥ္ၿပိဳင္ဖို႔လုပ္မွာမဟုတ္ဘဲနဲ႔ Apple Arcade game ေတြေဆာ့လို႔ရတဲ့ဟာမ်ိဳးလုပ္ေနတာေတာ့ ျဖစ္ႏိုင္ပါတယ္။ gaming Mac mini ဒါမွမဟုတ္ gaming Apple TV လိုမ်ိဳး ေပါ့ပါးတဲ့ ေသးငယ္တဲ့ဟာမ်ိဳး ထုတ္လုပ္ႏိုင္ပါတယ္။ PS5 တို႔လို၊ Xbox Series X တို႔လိုေပါ့။ Apple Arcade game ေတြက game controller ေတြနဲ႔လည္း အဆင္ေျပတယ္။
ဒီႏွစ္ထဲမွာ gaming နဲ႔ပတ္သတ္လို႔ Apple ရဲ႕လႈပ္ရွားမႈေတြကိုလည္း ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ေနဦးမွာပါ။ Apple အေနနဲ႔ gaming Mac လုပ္မွာကို မျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္တို႔ သုံးသပ္ေပမယ့္လည္း Apple ကေတာ့ ဂိမ္းသမားေတြအတြက္ တစ္ခုခုလုပ္ေဆာင္ေပးမွာေတာ့ က်ိန္းေသပါတယ္။

Ref: TechCrunch

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.