Realme X50 5G ရဲ့ အရှေ့ပိုင်းကိုတွေ့မြင်ရမယ့် official ပိုစတာ

0
420

[Unicode]

ပြီးခဲ့တဲ့အပတ်တုန်းက X50 5G ရဲ့ ပိုစတာအချို့ကို Realme က မျှဝေခဲ့ပါတယ်။ အဲဒီပုံတွေကိုကြည့်လိုက်တဲ့အခါမှာ စမတ်ဖုန်းရဲ့ဒီဇိုင်းတွေ၊ အနောက်ကင်မရာလေးလုံး၊ ဘေးဘက် လက်ဗွေစနစ်တွေ၊ စတာတွေကို တွေ့မြင်ရပါတယ်။ ဒီနေ့မှာလည်း နောက်ထပ်ပုံတစ်ခုကို ထုတ်ပြလိုက်တဲ့အတွက်ကြောင့် ဖုန်းရဲ့အရှေ့ဘက်ခြမ်းကို ထပ်မံမြင်တွေ့ရပြန်ပါပြီ။
X50 5G မှာ ဆေးတောင့်ပုံအပေါက်လေးကို ဘယ်ဘက်အပေါ်နားမှာ ဆယ်လ်ဖီကင်မရာနှစ်လုံးထည့်ဖို့အတွက် အသုံးပြုထားပါတယ်။ ဒါပေမယ့်လည်း ဒီပုံထဲမှာတော့ ဖုန်းရဲ့ အပေါ်၊ ဘယ်၊ ညာတွေမှာ ဘောင်တွေကို ပါးထားတယ်ဆိုတာ သေချာတွေ့မြင်ရပါတယ်။
ဇန်နဝါရီလ ၇ရက်နေ့မှာ ပြသတော့မယ့် X50 5G အတွက် အချက်အလက်တွေကို ပြန်နွေးရမယ်ဆိုရင် Snapdragon 765G, နှစ်ရက်တာခံမယ့် ဘတ်ထရီ , VOOC 4.0 အားအမြန်သွင်းစနစ်တွေ ပါဝင်မှာဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေက မပြောထားသေးပေမယ့်လည်း သတင်းတွေအရဆိုရင်တော့ 6.67” FHD+ 120Hz LCD , 4,500 mAh ဘတ်ထရီ, USB-C port တွေပါဝင်မယ်လို့ သိရပါတယ်။
ဓါတ်ပုံသမားတွေအတွက်ကတော့ အရှေ့ကင်မရာအနေနဲ့ 32MP+8MP သုံးပေးထားပြီး အနောက်ကင်မရာကတော့(64MP + 13MP telephoto + 8MP ultrawide + 2MP macro) တို့ကို ပေါင်းစပ်ပေးထားပါတယ်။ မမ်မိုရီအရတော့ သုံးမျိုးကြားထားပါတယ်။
6GB/128GB, 8GB/128GB, 8GB/256GB ဖြစ်ပြီး ၃၁၅ဒေါ်လာ၊ ၃၆၀ဒေါ်လာ၊ ၄၀၀ဒေါ်လာ အသီးသီးဖြစ်ပါတယ်။

[Zawgyi]

ျပီးခဲ့တဲ့အပတ္တုန္းက X50 5G ရဲ႕ ပိုစတာအခ်ိဳ႕ကို Realme က မွ်ေ၀ခဲ့ပါတယ္။ အဲဒီပံုေတြကိုၾကည့္လိုက္တဲ့အခါမွာ စမတ္ဖုန္းရဲ႕ဒီဇုိင္းေတြ၊ အေနာက္ကင္မရာေလးလံုး၊ ေဘးဘက္ လက္ေဗြစနစ္ေတြ၊ စတာေတြကို ေတြ႕ျမင္ရပါတယ္။ ဒီေန႕မွာလည္း ေနာက္ထပ္ပံုတစ္ခုကို ထုတ္ျပလိုက္တဲ့အတြက္ေၾကာင့္ ဖုန္းရဲ႕အေရွ႕ဘက္ျခမ္းကို ထပ္မံျမင္ေတြ႕ရျပန္ပါျပီ။
X50 5G မွာ ေဆးေတာင့္ပံုအေပါက္ေလးကို ဘယ္ဘက္အေပၚနားမွာ ဆယ္လ္ဖီကင္မရာႏွစ္လံုးထည့္ဖို႕အတြက္ အသံုးျပဳထားပါတယ္။ ဒါေပမယ့္လည္း ဒီပံုထဲမွာေတာ့ ဖုန္းရဲ႕ အေပၚ၊ ဘယ္၊ ညာေတြမွာ ေဘာင္ေတြကို ပါးထားတယ္ဆိုတာ ေသခ်ာေတြ႕ျမင္ရပါတယ္။
ဇန္န၀ါရီလ ၇ရက္ေန႕မွာ ျပသေတာ့မယ့္ X50 5G အတြက္ အခ်က္အလက္ေတြကို ျပန္ေႏြးရမယ္ဆိုရင္ Snapdragon 765G, ႏွစ္ရက္တာခံမယ့္ ဘတ္ထရီ , VOOC 4.0 အားအျမန္သြင္းစနစ္ေတြ ပါ၀င္မွာျဖစ္ပါတယ္။
အေသးစိတ္အခ်က္အလက္ေတြက မေျပာထားေသးေပမယ့္လည္း သတင္းေတြအရဆိုရင္ေတာ့ 6.67” FHD+ 120Hz LCD , 4,500 mAh ဘတ္ထရီ, USB-C port ေတြပါ၀င္မယ္လို႕ သိရပါတယ္။
ဓါတ္ပံုသမားေတြအတြက္ကေတာ့ အေရွ႕ကင္မရာအေနနဲ႕ 32MP+8MP သံုးေပးထားျပီး အေနာက္ကင္မရာကေတာ့(64MP + 13MP telephoto + 8MP ultrawide + 2MP macro) တို႕ကို ေပါင္းစပ္ေပးထားပါတယ္။ မမ္မိုရီအရေတာ့ သံုးမ်ိဳးၾကားထားပါတယ္။
6GB/128GB, 8GB/128GB, 8GB/256GB ျဖစ္ျပီး ၃၁၅ေဒၚလာ၊ ၃၆၀ေဒၚလာ၊ ၄၀၀ေဒၚလာ အသီးသီးျဖစ္ပါတယ္။

Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.