Realme 5i ရဲ့ အတည်ပြုထားသော အသေးစိတ်အချက်စာရင်း

0
393

[Unicode]

ဇန်နဝါရီလမှာ မြင်တွေ့ရတော့မယ့် Realmi 5i ရဲ့ အချက်အလက်လေးတွေကို Geekbench မှာ မြင်တွေ့လိုက်ရပြီဆိုတော့ အဓိကအချက်အလက်တွေကတော့ အတည်ပြုပြီးသားဖြစ်သွားပါပြီ။ benchmark ရဲ့ အချက်အလက်တွေအရဆိုရင်တော့ Realmi 5i ဟာ ဗားရှင်းနံပါတ် RMX2030 ဖြစ်ပြီး Snapdragon 665 နဲ့အတူ 4GB RAM သုံးထားပါတယ်။ အဲဒီစမတ်ဖုန်းလေးမှာ Android Pie အသုံးပြုထားမှာဖြစ်ပြီးတော့ ColorOS ကတော့ 6 ဖြစ်ပါတယ်။


Realmi 5i ကတော့ Geekbench 4 ရဲ့ single နဲ့multi-core test တွေမှာတော့ 1,543 နဲ့5,602 အသီးသီး ရရှိထားပါတယ်။ Geekbench 5 မှာတော့ single နဲ့ multi-core အတွက် 314 နဲ့ 1,389 အသီးသီး ရရှိထားပါတယ်။


ထွက်ရှိမယ့်ရက်အပြင်တော့ အခြားအချက်အလက်တွေကို ထုတ်ပြောခြင်း မရှိသေးပါဘူး။ ဆယ်လ်ဖီကင်မရာကတော့ 8MP လို့လည်း ကြားနေပါတယ်။

[Zawgyi]






Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.