[Unicode]
ဒါပေမယ့်ပိတ်လို့တော့ရပါတယ်
Software UI မှာ ကြော်ငြာတွေမိတ်ဆက်တာက အခုတလော high ဖြစ်နေလို့လားတော့မသိဘူး။ Realme ကလည်း လုပ်တော့မှာပါ။
Realme ဆိုတာကတော့ OPPO ရဲ့ brand တစ်ခုဖြစ်ပြီး Xiaomi ကို ပြိုင်ဆိုင်တဲ့အနေအထားတစ်ခုကို ဖန်တီးပါတယ်။ သူ့ရဲ့ဒီဇိုင်းကာလာအနေအထားကလည်း မိုက်နေပြန်ပါတယ်။ အခုတော့ အိန္ဒိယမှာ UI အတွင်းထဲကို ကြော်ငြာတွေထည့်သွင်းပြသတော့မယ်လို့ သိရပါတယ်။ သူကတော့ “commercial content recommendation” လို့ အမည်ပေးထားပါတယ်။
ColorOS 6 အသုံးပြုထားတဲ့ Realme ဖုန်းတွေအားလုံးမှာ ကြော်ငြာတွေကို တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။ Content recommendation ကတော့ app တွေနဲ့ ကြော်ငြာလင့်တွေကို ပရိုမိုးရှင်းဆင်းမှာ ဖြစ်ပါတယ်။ ကြော်ငြာတွေဟာ Phone Manager app ထဲမှာ၊ app အသစ်သွင်းပြီးရင်ပေါ်တတ်တဲ့ Security Check page ထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အခုကြော်ငြာစနစ်ဟာ privacy ကို ကာကွယ်ပေးသွားမှာဖြစ်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ထားတယ်လို့ Realme က ပြောကြားထားပါတယ်။
ကြော်ငြာမကြိုက်တတ်တဲ့သူတွေကတော့ ပိတ်လို့ရတယ်ဆိုတဲ့အကြောင်းပါ ပြောပါရစေ။ ဒါပေမယ့် Xiaomi ကတော့ ပိတ်လို့မရပါဘူး။
Realme ဖုန်းမှာ Settings>Additioinal settings>Get recommendations ကိုသွားပြီး ပိတ်လိုက်ရုံပါပဲ။ ကြော်ငြာတွေကတော့ default အရ ဖွင့်ထားမှာပါ။ Settings menu ထဲမှာတော့ ads လို့တော့ သုံးထားမှာ မဟုတ်ပါဘူး။ ဒီတော့ ads လို့ရိုက်ရှာပြီးတော့ ဘယ်လိုပိတ်ရမလဲ အင်တာနက်မှာရှာမယ်ဆိုရင် အချိန်ကုန် လူပင်ပန်းတာပဲ အဖတ်တင်မှာပါ။ ads ဆိုတဲ့ စကားလုံးကို မသုံးထားရတဲ့အကြောင်းအရင်းက ဒါပါပဲ။
[Zawgyi]
ဒါေပမယ့္ပိတ္လို႔ေတာ့ရပါတယ္
Software UI မွာ ေၾကာ္ျငာေတြမိတ္ဆက္တာက အခုတေလာ high ျဖစ္ေနလို႔လားေတာ့မသိဘူး။ Realme ကလည္း လုပ္ေတာ့မွာပါ။
Realme ဆိုတာကေတာ့ OPPO ရဲ႕ brand တစ္ခုျဖစ္ၿပီး Xiaomi ကို ၿပိဳင္ဆိုင္တဲ့အေနအထားတစ္ခုကို ဖန္တီးပါတယ္။ သူ႔ရဲ႕ဒီဇိုင္းကာလာအေနအထားကလည္း မိုက္ေနျပန္ပါတယ္။ အခုေတာ့ အိႏၵိယမွာ UI အတြင္းထဲကို ေၾကာ္ျငာေတြထည့္သြင္းျပသေတာ့မယ္လို႔ သိရပါတယ္။ သူကေတာ့ “commercial content recommendation” လို႔ အမည္ေပးထားပါတယ္။
ColorOS 6 အသုံးျပဳထားတဲ့ Realme ဖုန္းေတြအားလုံးမွာ ေၾကာ္ျငာေတြကို ေတြ႕ျမင္ရေတာ့မွာပဲ ျဖစ္ပါတယ္။ Content recommendation ကေတာ့ app ေတြနဲ႔ ေၾကာ္ျငာလင့္ေတြကို ပ႐ိုမိုးရွင္းဆင္းမွာ ျဖစ္ပါတယ္။ ေၾကာ္ျငာေတြဟာ Phone Manager app ထဲမွာ၊ app အသစ္သြင္းၿပီးရင္ေပၚတတ္တဲ့ Security Check page ထဲမွာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အခုေၾကာ္ျငာစနစ္ဟာ privacy ကို ကာကြယ္ေပးသြားမွာျဖစ္ၿပီး ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း လိုက္နာလုပ္ေဆာင္ထားတယ္လို႔ Realme က ေျပာၾကားထားပါတယ္။
ေၾကာ္ျငာမႀကိဳက္တတ္တဲ့သူေတြကေတာ့ ပိတ္လို႔ရတယ္ဆိုတဲ့အေၾကာင္းပါ ေျပာပါရေစ။ ဒါေပမယ့္ Xiaomi ကေတာ့ ပိတ္လို႔မရပါဘူး။
Realme ဖုန္းမွာ Settings>Additioinal settings>Get recommendations ကိုသြားၿပီး ပိတ္လိုက္႐ုံပါပဲ။ ေၾကာ္ျငာေတြကေတာ့ default အရ ဖြင့္ထားမွာပါ။ Settings menu ထဲမွာေတာ့ ads လို႔ေတာ့ သုံးထားမွာ မဟုတ္ပါဘူး။ ဒီေတာ့ ads လို႔႐ိုက္ရွာၿပီးေတာ့ ဘယ္လိုပိတ္ရမလဲ အင္တာနက္မွာရွာမယ္ဆိုရင္ အခ်ိန္ကုန္ လူပင္ပန္းတာပဲ အဖတ္တင္မွာပါ။ ads ဆိုတဲ့ စကားလုံးကို မသုံးထားရတဲ့အေၾကာင္းအရင္းက ဒါပါပဲ။
Ref: GSMArena