LG ရဲ့ ခေါက်သိမ်းနိုင်တဲ့ OLED TV အသစ်
0
385
[Unicode]
CES ပွဲမှာ LG ဟာ ပလတ်စတစ် OLED car display နဲ့ ခေါက်သိမ်းနိုင်တဲ့ in-flight screen တွေကို ပြသနိုင်ချေရှိနေပါတယ်။
မနှစ်က CES ပွဲမှာ LG Display တွေဟာ ထင်ရှားခဲ့ပါတယ်။ အဲဒီအထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Signature Series OLED TV R ဖြစ်ပြီး ၆၅လက်မရှိတဲ့ တီဗွီလေးဟာ ခေါက်သိမ်းလို့ရပါတယ်။ CES 2020 မှာတော့ LG ဟာ ၆၅လက်မ UHD OLED display ကို မျက်နှာကျက်ကနေ လှိမ့်ချဖို့အတွက် လုပ်ဆောင်နေပါတယ်။ LG ရဲ့ပြောကြားချက်အရ screen လေးကို သုံးချင်တဲ့အခါမှာ ဆွဲချပြီး မလိုတဲ့အခါမှာ လိပ်တင်ထားလို့ရနိုင်တာမို့နေရာစားသက်သာပါတယ်။
တီဗွီကို လိပ်တင်ဖို့အတွက် ပြောင်းလဲမှုအနည်းငယ်သာလုပ်ဆောင်ရတယ်ဆိုပေမယ့်လည်း အဲလောက်ထိတော့ မရိုးရှင်းတဲ့လုပ်ငန်းစဉ်ပါ။ ခေါက်သိမ်းနိုင်တဲ့ OLED တွေရဲ့ပထမဆုံးမော်ဒယ်လ်ကတော့ လိပ်တင်နိုင်ဖို့အတွက်ပဲ လုပ်ဆောင်ခဲ့တာပါ။ မျက်နှာကျက်ကနေ တွဲလွဲခိုနိုင်စေမယ့်နည်းလမ်းကို ပရော်ဖက်ရှင်နယ်တွေ ရှာတွေ့ခဲ့ပါစေဦးတော့။ နေရာပြန်ချဖို့အတွက် ကျွန်တော်တို့မှာ စက်ပစ္စည်းတွေ မရှိသေးပါဘူး။ ဒါကြောင့် အပေါ်အောက်အဖြစ်နဲ့ ထွက်ပေါ်လာခဲ့တာပါ။ ၈ပေအမြင့်မျက်နှာကျက်မှာ တည်ရှိနေမှာဆိုတော့ ကြည့်ရတာ မော့နေမယ့်အနေအထားဖြစ်ပါတယ်။
LG ဟာ အဲဒီလိုမျက်နှာကျက်အမြင့်ရဲ့ အခက်အခဲတွေကို ဘယ်လိုမျိုးကျော်လွှားခဲ့သလဲဆိုတဲ့အချက်အလက်အသေးစိတ်ကိုတော့ မပြောခဲ့ပေမယ့်လည်း CES 2020 မှာတော့ သေသေချာချာလေး ပြောပြမှာပါ။
LG က ရှိုးမှာ နောက်ထပ်display အသစ်တွေကိုလည်း ပြသသွားဖို့ရှိနေပါတယ်။ လေယာဉ်အတွက် ၅၅ လက်မ OLED video wall စီးရီးတစ်ခု ၊ လျှောက်လမ်းအတွက် ၅၅လက်မ Full HD Transparent OLED display တစ်ခု ၊ နှစ်ဖက်လုံးမှာ flexible ဖြစ်တဲ့ ၆၅လက်မ UHD Bendable OLED screen တွေလည်း ပါဝင်မှာပါ။
၈၈လက်မ 8K Cinematic Sound OLED display ကို 11.2 channel system နဲ့ပေါင်းစပ်ထားတာလည်း တွေ့မြင်ရမှာပါ။ ၇၇လက်မ UHD Film Cinematic Sound ၊ Wallpaper OLED ၊ wafer-thin screen တို့ပေါင်းစပ်ထားတဲ့တစ်ခုလည်း မြင်ရမှာပါ။ အသံစနစ်တွေကတော့ display မှာ မြှုပ်နှံထားပါတယ်။ automotive နည်းပညာပိုင်းမှာတော့ LG ဟာ သူ့ရဲ့ Plastic OLED display တွေကို စုံလင်တဲ့အရွယ်အစားတွေ ချပြမှာပါ။ နောက်ဆုံးမှာတော့ LG ရဲ့ interactive in-TOUCH display တွေပြသမှာပါ။ ဒီအထဲမှာ ၈၆ လက်မ LCD screen ပါဝင်ပြီးတော့ သူ့ကို electronic whiteboard အဖြစ်နဲ့ အသုံးပြုနိုင်မှာပါ။ သူဟာ pen လေးခုကို တစ်ပြိုင်နက်တည်းဖတ်နိုင်စွမ်း ရှိပါတယ်။
LG ရဲ့ အရင်ကပြသထားတဲ့ non-display gadget တွေကိုလည်း CES 2020 မှာ မြင်တွေ့ရဦးမှာပါ။ indoor vegetable cultivator တို့ AI-driven soundbar တို့ပေ့ါ။
[Zawgyi]
Ref: engadget
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.