8K အဖွဲ့အစည်းကနေ ပထမဆုံးအသိအမှတ်ပြုလိုက်တဲ့ Samsung ရဲ့ QLED 8K TV

0
890

[Unicode]

LG နဲ့ 8K စံနှုန်းယှဉ်ပြိုင်ပွဲအတွက် သေနတ်သံတစ်ချက်ပေးလိုက်တာပေါ့
Samsung ဟာ 8K အဖွဲ့အစည်းကနေ ပထမဆုံးအသိအမှတ်ပြုလိုက်တဲ့ သူ့ရဲ့ QLED 8K TV လေးကို ကြေညာလိုက်ပြီးတော့ 8K စံနှုန်းယှဉ်ပြိုင်ဖို့အတွက် အသာစီးအခြေအနေကို ရယူလိုက်ပါတယ်။ ဒါကြောင့် UHD ရဲ့နှစ်ဆဖြစ်တဲ့ 7,680 x 4,320 resolution, brightness 600 nits, HDMI2.1, HEVC(H.265) စံနှုန်းထောက်ပံ့မှုတွေလည်း ပါဝင်နေမှာပါ။ Samsung ရဲ့ သတင်းထွက်နေတဲ့ ဘောင်မဲ့ Q950T လိုမျိုးမော်ဒယ်လ်တွေတောင် ပါနေမလားပဲ။
အသိအမှတ်ပြုခံရခြင်းကလည်း အရေးပါတဲ့အချက်တစ်ခုပါ။ Samsung ဟာ 8K TV တွေကို 8KA ရဲ့ အသိအမှတ်ပြုခံရတယ်ဆိုပြီးတော့ ပွဲထုတ်လို့ရပါပြီ။ လိုဂိုလေးလည်း တပ်လို့ရသွားပါတယ်။ “ကျွန်တော်တို့လိုချင်တာကတော့ သုံးစွဲသူတွေကို ရွေးချယ်ဝယ်ယူဖို့ဆုံးဖြတ်တဲ့အခါမှာ အခြားထုတ်ကုန်တွေနဲ့ ပရီမီယမ် 8K display တွေကို ကွဲကွဲပြားပြားသိရှိနိုင်အောင် လုပ်ဆောင်ပေးချင်တာပါ။ “
IFA 2019 မှာတုန်းက LG ဟာ Samsung ရဲ့ 8K TV တွေဟာ တကယ့် 8K အချက်အလက်တွေပါမယ်မထင်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ pixel အရေအတွက်တောင် မှန်ရဲ့လားလို့ ကောခဲ့ဖူးတာကို သတိရမိကြမှာပါ။ Samsung QLED pixel တွေဟာ တခြားဟာတွေနဲ့ ကွဲပြားမနေဘူး၊ ဒါကြောင့် resolution ကလည်း 8K ထက်နည်းမယ်လို့ ပြောခဲ့တာပေါ့။ သူ့မှာကတော့ 88Z9 OLED နဲ့ LM99 LCD TV တွေဟာ ပိုမိုပြတ်သားပြီးတော့ 8K စံနှုန်းတွေနဲ့ ပိုကိုက်ညီတယ်လို့ ကြေညာလိုက်တဲ့သဘောပါပဲ။
Samsung ၊ Panasonic နဲ့ Hisense တို့လိုလုပ်ငန်းတွေဟာ 8KA ရဲ့ အဖွဲ့ဝင်တွေဖြစ်ပေမယ့်လည်း LG ကတော့ မဟုတ်ပါဘူး။ သူ့ရဲ့တိုင်းတာချက်တွေကတော့ International Committee fro Display Metrology (ICDM) ဆီက ဆင်းသက်လာတာပါ။ display တွေကို အဖြူအမည်း pixel တွေအဖြစ်ပြောင်းလဲပြီးတော့ contrast modulation ကို စမ်းသပ်ပါတယ်။ အဲဒီနောက်မှာတော့ လိုင်းအရေအတွက်ကို သေချာလေး ရေတွက်ပါတယ်။ ရှင်းလင်းပြတ်သားလေလေ 8K TV စစ်လေလေပေါ့။
Samsung နဲ့ ပြင်ပက resolution ကျွမ်းကျင်သူတွေကတော့ ဒါကို လက်မခံကြပါဘူး။ တိုင်းတာမှုတွေဟာ color အချက်အလက်တွေကို ထည့်သွင်းမစဉ်းစားထားပါဘူး။ သူ့ရဲ့ 8K TV တွေဟာ pixel တွေကိုရေတွက်တာမဟုတ်ဘဲ တကယ့်ပုံရိပ်အစစ်ကို တိုင်းတာထားတာဖြစ်ကြောင်း Samsung က ပြောကြားထားပါတယ်။ ICDM ကလည်း LG ရဲ့ ပြောဆိုမှုတွေကို ပြန်လည်ရှင်းလင်းထားပါတယ်။
စံနှုန်းတွေကွဲပြားမှုက ဒီလောက်အရေးကြီးတာလည်းမဟုတ်ပေမယ့် ဒီအချက်အလက်တွေက ဝယ်မယ့်သူတွေအတွက် စဉ်းစားရမယ့်အချက်တစ်ခုလို့ တွေးမိပါတယ်။ 8K TV ဝယ်တော့မယ်ဆိုရင် 8KA လိုအဖွဲ့မျိုးကို အားကိုးနေရတာမဟုတ်လား။ 4K ဆိုရင်လည်း UHD Alliance ကို အားကိုးရသလိုပေါ့။ သူတို့က ထုတ်လုပ်သူတွေထက် ဝယ်ယူမယ့်သူတွေအပေါ် အလေးထားပါတယ်။ ဘာပဲဖြစ်ဖြစ် 8K ပစ္စည်းတွေကတော့ ဈေးကြီးနေမြဲဖြစ်ဦးမှာပါ။ နောက်ပြီး 8K content တွေလည်း မရှိသေးပါဘူး။

[Zawgyi]

LG နဲ႔ 8K စံႏႈန္းယွဥ္ၿပိဳင္ပြဲအတြက္ ေသနတ္သံတစ္ခ်က္ေပးလိုက္တာေပါ့
Samsung ဟာ 8K အဖြဲ႕အစည္းကေန ပထမဆုံးအသိအမွတ္ျပဳလိုက္တဲ့ သူ႔ရဲ႕ QLED 8K TV ေလးကို ေၾကညာလိုက္ၿပီးေတာ့ 8K စံႏႈန္းယွဥ္ၿပိဳင္ဖို႔အတြက္ အသာစီးအေျခအေနကို ရယူလိုက္ပါတယ္။ ဒါေၾကာင့္ UHD ရဲ႕ႏွစ္ဆျဖစ္တဲ့ 7,680 x 4,320 resolution, brightness 600 nits, HDMI2.1, HEVC(H.265) စံႏႈန္းေထာက္ပံ့မႈေတြလည္း ပါဝင္ေနမွာပါ။ Samsung ရဲ႕ သတင္းထြက္ေနတဲ့ ေဘာင္မဲ့ Q950T လိုမ်ိဳးေမာ္ဒယ္လ္ေတြေတာင္ ပါေနမလားပဲ။
အသိအမွတ္ျပဳခံရျခင္းကလည္း အေရးပါတဲ့အခ်က္တစ္ခုပါ။ Samsung ဟာ 8K TV ေတြကို 8KA ရဲ႕ အသိအမွတ္ျပဳခံရတယ္ဆိုၿပီးေတာ့ ပြဲထုတ္လို႔ရပါၿပီ။ လိုဂိုေလးလည္း တပ္လို႔ရသြားပါတယ္။ “ကြၽန္ေတာ္တို႔လိုခ်င္တာကေတာ့ သုံးစြဲသူေတြကို ေ႐ြးခ်ယ္ဝယ္ယူဖို႔ဆုံးျဖတ္တဲ့အခါမွာ အျခားထုတ္ကုန္ေတြနဲ႔ ပရီမီယမ္ 8K display ေတြကို ကြဲကြဲျပားျပားသိရွိႏိုင္ေအာင္ လုပ္ေဆာင္ေပးခ်င္တာပါ။ “
IFA 2019 မွာတုန္းက LG ဟာ Samsung ရဲ႕ 8K TV ေတြဟာ တကယ့္ 8K အခ်က္အလက္ေတြပါမယ္မထင္ဘူးလို႔ ေျပာခဲ့ဖူးပါတယ္။ pixel အေရအတြက္ေတာင္ မွန္ရဲ႕လားလို႔ ေကာခဲ့ဖူးတာကို သတိရမိၾကမွာပါ။ Samsung QLED pixel ေတြဟာ တျခားဟာေတြနဲ႔ ကြဲျပားမေနဘူး၊ ဒါေၾကာင့္ resolution ကလည္း 8K ထက္နည္းမယ္လို႔ ေျပာခဲ့တာေပါ့။ သူ႔မွာကေတာ့ 88Z9 OLED နဲ႔ LM99 LCD TV ေတြဟာ ပိုမိုျပတ္သားၿပီးေတာ့ 8K စံႏႈန္းေတြနဲ႔ ပိုကိုက္ညီတယ္လို႔ ေၾကညာလိုက္တဲ့သေဘာပါပဲ။
Samsung ၊ Panasonic နဲ႔ Hisense တို႔လိုလုပ္ငန္းေတြဟာ 8KA ရဲ႕ အဖြဲ႕ဝင္ေတြျဖစ္ေပမယ့္လည္း LG ကေတာ့ မဟုတ္ပါဘူး။ သူ႔ရဲ႕တိုင္းတာခ်က္ေတြကေတာ့ International Committee fro Display Metrology (ICDM) ဆီက ဆင္းသက္လာတာပါ။ display ေတြကို အျဖဴအမည္း pixel ေတြအျဖစ္ေျပာင္းလဲၿပီးေတာ့ contrast modulation ကို စမ္းသပ္ပါတယ္။ အဲဒီေနာက္မွာေတာ့ လိုင္းအေရအတြက္ကို ေသခ်ာေလး ေရတြက္ပါတယ္။ ရွင္းလင္းျပတ္သားေလေလ 8K TV စစ္ေလေလေပါ့။
Samsung နဲ႔ ျပင္ပက resolution ကြၽမ္းက်င္သူေတြကေတာ့ ဒါကို လက္မခံၾကပါဘူး။ တိုင္းတာမႈေတြဟာ color အခ်က္အလက္ေတြကို ထည့္သြင္းမစဥ္းစားထားပါဘူး။ သူ႔ရဲ႕ 8K TV ေတြဟာ pixel ေတြကိုေရတြက္တာမဟုတ္ဘဲ တကယ့္ပုံရိပ္အစစ္ကို တိုင္းတာထားတာျဖစ္ေၾကာင္း Samsung က ေျပာၾကားထားပါတယ္။ ICDM ကလည္း LG ရဲ႕ ေျပာဆိုမႈေတြကို ျပန္လည္ရွင္းလင္းထားပါတယ္။
စံႏႈန္းေတြကြဲျပားမႈက ဒီေလာက္အေရးႀကီးတာလည္းမဟုတ္ေပမယ့္ ဒီအခ်က္အလက္ေတြက ဝယ္မယ့္သူေတြအတြက္ စဥ္းစားရမယ့္အခ်က္တစ္ခုလို႔ ေတြးမိပါတယ္။ 8K TV ဝယ္ေတာ့မယ္ဆိုရင္ 8KA လိုအဖြဲ႕မ်ိဳးကို အားကိုးေနရတာမဟုတ္လား။ 4K ဆိုရင္လည္း UHD Alliance ကို အားကိုးရသလိုေပါ့။ သူတို႔က ထုတ္လုပ္သူေတြထက္ ဝယ္ယူမယ့္သူေတြအေပၚ အေလးထားပါတယ္။ ဘာပဲျဖစ္ျဖစ္ 8K ပစၥည္းေတြကေတာ့ ေဈးႀကီးေနၿမဲျဖစ္ဦးမွာပါ။ ေနာက္ၿပီး 8K content ေတြလည္း မရွိေသးပါဘူး။

Ref: engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.