[Unicode]
နောက်ထပ်ထွက်ရှိလာမယ့် iPhone တွေမှာ notchless ဖြစ်လာမယ်လို့ LetsGoDigital က သုံးသပ်ထားပါတယ်။ အဲဒီမှာ မျက်နှာပြင်အောက်မှာထည့်သွင်းထားတဲ့ အရှေ့ကင်မရာ၊ ပြန်လည်ပေါင်းစပ်ထားတဲ့ TouchID ၊ FaceID ကတော့ ဖယ်ထုတ်ခံရမှာပါ။ ဒီအချက်အလက်တွေကို 2020 ဒါမှမဟုတ်လည်း 2021 မှ မြင်တွေ့ရမှာပါ။
Apple ဟာ FaceID နဲ့notch မပါတဲ့ ဒီဇိုင်းအသစ်ကို ဂျပန်မှာ patent ဖိုင်တင်ခဲ့ပါတယ်။ iPhone ဒီဇိုင်းအသစ်လေးဟာ မျက်နှာပြင်အောက်လက်ဗွေစနစ်နဲ့ မျက်နှာပြင်အောက် ကင်မရာစနစ်ကို အသုံးပြုထားပါတယ်။
TouchID ဖြုတ်လိုက်တဲ့အချိန်ကို မှတ်မိကြသေးလား။ ၂၀၁၈ တုန်းက အင်တာနက်ပေါ်မှာ တော်တော်လေးဂယက်ထခဲ့သေးတယ် မဟုတ်လား။ အခုတော့ ပြန်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ မျက်နှာပြင်အောက်မှာ ထည့်သွင်းထားမှာဖြစ်ပါတယ်။ အရင်ကလို့home button နဲ့ပေါင်းမထားတော့ပါဘူး။
ဒီနည်းပညာဟာ နည်းနည်းတော့ မကောင်းသတင်းများပါတယ်။ Galaxy S10 ကို ကြည့်ကြည့်ပါ။ မတ်လမှာထုတ်လုပ်ခဲ့တဲ့ မျက်နှာပြင်အောက်လက်ဗွေစနစ်လေးဟာ အလွယ်တကူအရူးလုပ်လို့ရခဲ့တယ်ဆိုပြီးတော့ သတင်းတွေထွက်ခဲ့ပါတယ်။ ဖုန်းမှာ မှန်ကပ်အသုံးပြုလိုက်မယ်ဆိုရင် ဘယ်သူမဆိုဖွင့်လို့ရနေခဲ့ပါတယ်။ ဘယ်လိုမှန်ကပ်မဆို senor ရဲ့ ultrasonic နည်းပညာကို နှောင့်ယှက်နေတယ်လို့ တွေးကြည့်ခဲ့ကြဖူးမှာပါ။
Apple အနေနဲ့ ဒါကိုကျော်လွှားဖို့အတွက် နည်းလမ်းအသစ်တစ်ခုခုကိုများ ရှာတွေ့ထားလို့လား။ သေချာတာကတော့ ဖုန်းတွေကို 2021 မှ မြင်တွေ့နိုင်လောက်မှာပါ။
ဒီဇင်ဘာအစောပိုင်းတုန်းကလည်း Ming-Chi Kuo ခန့်မှန်းထားတဲ့အထဲမှာ notchless ဖုန်း၊ မျက်နှာပြင်အောက်မှာ ကင်မရာတပ်ထားမယ်ဆိုတာတွေလည်း ပါနေခဲ့ပါတယ်။ နောက်ပြီး 2021 မှာ lightning port မပါတော့ဘူးဆိုတာတွေရောပေါ့။ ဒီတော့ လုံးဝကို wireless ဖြစ်လာမှာပါ။ 2020 ရဲ့ ဖုန်းငါးလုံးထဲမှာ 5G လေးလုံးပါဝင်နေမယ်လို့လည်း ပြောထားခဲ့ဖူးပါသေးတယ်။
[Zawgyi]
ေနာက္ထပ္ထြက္ရွိလာမယ့္ iPhone ေတြမွာ notchless ျဖစ္လာမယ္လို႔ LetsGoDigital က သုံးသပ္ထားပါတယ္။ အဲဒီမွာ မ်က္ႏွာျပင္ေအာက္မွာထည့္သြင္းထားတဲ့ အေရွ႕ကင္မရာ၊ ျပန္လည္ေပါင္းစပ္ထားတဲ့ TouchID ၊ FaceID ကေတာ့ ဖယ္ထုတ္ခံရမွာပါ။ ဒီအခ်က္အလက္ေတြကို 2020 ဒါမွမဟုတ္လည္း 2021 မွ ျမင္ေတြ႕ရမွာပါ။
Apple ဟာ FaceID နဲ႔notch မပါတဲ့ ဒီဇိုင္းအသစ္ကို ဂ်ပန္မွာ patent ဖိုင္တင္ခဲ့ပါတယ္။ iPhone ဒီဇိုင္းအသစ္ေလးဟာ မ်က္ႏွာျပင္ေအာက္လက္ေဗြစနစ္နဲ႔ မ်က္ႏွာျပင္ေအာက္ ကင္မရာစနစ္ကို အသုံးျပဳထားပါတယ္။
TouchID ျဖဳတ္လိုက္တဲ့အခ်ိန္ကို မွတ္မိၾကေသးလား။ ၂၀၁၈ တုန္းက အင္တာနက္ေပၚမွာ ေတာ္ေတာ္ေလးဂယက္ထခဲ့ေသးတယ္ မဟုတ္လား။ အခုေတာ့ ျပန္လာပါၿပီ။ ဒီတစ္ေခါက္မွာေတာ့ မ်က္ႏွာျပင္ေအာက္မွာ ထည့္သြင္းထားမွာျဖစ္ပါတယ္။ အရင္ကလို႔home button နဲ႔ေပါင္းမထားေတာ့ပါဘူး။
ဒီနည္းပညာဟာ နည္းနည္းေတာ့ မေကာင္းသတင္းမ်ားပါတယ္။ Galaxy S10 ကို ၾကည့္ၾကည့္ပါ။ မတ္လမွာထုတ္လုပ္ခဲ့တဲ့ မ်က္ႏွာျပင္ေအာက္လက္ေဗြစနစ္ေလးဟာ အလြယ္တကူအ႐ူးလုပ္လို႔ရခဲ့တယ္ဆိုၿပီးေတာ့ သတင္းေတြထြက္ခဲ့ပါတယ္။ ဖုန္းမွာ မွန္ကပ္အသုံးျပဳလိုက္မယ္ဆိုရင္ ဘယ္သူမဆိုဖြင့္လို႔ရေနခဲ့ပါတယ္။ ဘယ္လိုမွန္ကပ္မဆို senor ရဲ႕ ultrasonic နည္းပညာကို ေႏွာင့္ယွက္ေနတယ္လို႔ ေတြးၾကည့္ခဲ့ၾကဖူးမွာပါ။
Apple အေနနဲ႔ ဒါကိုေက်ာ္လႊားဖို႔အတြက္ နည္းလမ္းအသစ္တစ္ခုခုကိုမ်ား ရွာေတြ႕ထားလို႔လား။ ေသခ်ာတာကေတာ့ ဖုန္းေတြကို 2021 မွ ျမင္ေတြ႕ႏိုင္ေလာက္မွာပါ။
ဒီဇင္ဘာအေစာပိုင္းတုန္းကလည္း Ming-Chi Kuo ခန႔္မွန္းထားတဲ့အထဲမွာ notchless ဖုန္း၊ မ်က္ႏွာျပင္ေအာက္မွာ ကင္မရာတပ္ထားမယ္ဆိုတာေတြလည္း ပါေနခဲ့ပါတယ္။ ေနာက္ၿပီး 2021 မွာ lightning port မပါေတာ့ဘူးဆိုတာေတြေရာေပါ့။ ဒီေတာ့ လုံးဝကို wireless ျဖစ္လာမွာပါ။ 2020 ရဲ႕ ဖုန္းငါးလုံးထဲမွာ 5G ေလးလုံးပါဝင္ေနမယ္လို႔လည္း ေျပာထားခဲ့ဖူးပါေသးတယ္။
Ref: DigitalTrend