CES မှာ မြင်တွေ့ရမယ့် T-Rex

0
462

[Unicode]

CES လို့အတိုကောက်ခေါ်ကြတဲ့ Consumer Electronics Show ကတော့ ကမ္ဘာပေးမှာ အကြီးဆုံးသောပွဲကြီးတစ်ခုဖြစ်ပါတယ်။ မကြာခင်မှာလည်း ထပ်မံကျင်းပတော့မှာပါ။ ဒီနှစ်ရဲ့ gadget ပေါင်းများစွာနဲ့နည်းပညာပေါင်းများစွာထဲကမှ ကျွန်တော်တို့အနေနဲ့ T-Rex ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ နာမည်ကြားလိုက်တာနဲ့ ဒိုင်နိုဆောမျိုးစိတ်လို့တော့ မထင်လိုက်ပါနဲ့ဦး။
T-Rex ဆိုတာကတော့ တရုတ်wearable ထုတ်လုပ်သူ Huami ဆီကနေ ထွက်ရှိလာတဲ့ကောင်လေးပါ။ Huami ဆိုတာကတော့ Amazfit range ဖြစ်တဲ့ စမတ်နာရီတွေ၊ fitness tracker တွေ၊ fitness အဝတ်အထည်တွေရဲ့ ပဲ့ကိုင်ရှင်လို့ပြောရမှာပေါ့။ Weibo ပေါ်မှာ ပို့စ်လေးတစ်ခုတင်ခဲ့ပြီးတော့ ဒီအကြောင်းကို tease လုပ်ခဲ့တာဖြစ်ပါတယ်။ T-Rex ဆိုတာ ဘာကြီးလဲလို့မသိရသေးပေမယ့်လည်း outdoor feature တွေကို အထူးပြုထားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းမိပါတယ်။
Huami ကတော့ T-Rex ဟာ ရှိုးမှာပြသမယ့် အသစ်အဆန်းသုံးမျိုးထဲက တစ်ခုဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နောက်ထပ် စမတ်နာရီတစ်လုံး၊ truly wireless earbuds တို့ကို ပြသသွားဖို့ ရည်ရွယ်ထားပါတယ်။ စမတ်ဖိနပ်လုပ်နေတယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် မဟုတ်ကြောင်း တည်ထောင်သူ Wang Huang က အတည်ပြုပေးခဲ့ပါတယ်။
ဇန်နဝါရီလ ၁ရက်နေ့မှာ T-Rex ကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာပါ။ ကနဦးကြေညာချက်ကိုတော့ တရုတ်နိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မိတ်ဆက်ပွဲကတော့ CES အတွင်းမှာ ဖြစ်လောက်ပါတယ်။ Las Vegas Show ကတော့ ဇန်နဝါရီလ ၇ရက်ကနေ ၁၀ရက်အတွင်းဖြစ်ပါတယ်။ pre-event conference ကိုတော့ ဇန်နဝါရီလ၅ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
တကယ်လို့ T-Rex ကို အဝတ်အစားပုံစံနဲ့ မြင်တွေ့ရမယ်ဆိုရင်တော့ Puma ရဲ့၁၀၅ဒေါ်လာတန် gaming sock လိုမျိုးဖြစ်လာမှာပါ။ သူကတော့ mode သုံးမျိုး ပါဝင်ပါတယ်။

[Zawgyi]

CES လို႔အတိုေကာက္ေခၚၾကတဲ့ Consumer Electronics Show ကေတာ့ ကမာၻေပးမွာ အႀကီးဆုံးေသာပြဲႀကီးတစ္ခုျဖစ္ပါတယ္။ မၾကာခင္မွာလည္း ထပ္မံက်င္းပေတာ့မွာပါ။ ဒီႏွစ္ရဲ႕ gadget ေပါင္းမ်ားစြာနဲ႔နည္းပညာေပါင္းမ်ားစြာထဲကမွ ကြၽန္ေတာ္တို႔အေနနဲ႔ T-Rex ကို ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။ နာမည္ၾကားလိုက္တာနဲ႔ ဒိုင္ႏိုေဆာမ်ိဳးစိတ္လို႔ေတာ့ မထင္လိုက္ပါနဲ႔ဦး။
T-Rex ဆိုတာကေတာ့ တ႐ုတ္wearable ထုတ္လုပ္သူ Huami ဆီကေန ထြက္ရွိလာတဲ့ေကာင္ေလးပါ။ Huami ဆိုတာကေတာ့ Amazfit range ျဖစ္တဲ့ စမတ္နာရီေတြ၊ fitness tracker ေတြ၊ fitness အဝတ္အထည္ေတြရဲ႕ ပဲ့ကိုင္ရွင္လို႔ေျပာရမွာေပါ့။ Weibo ေပၚမွာ ပို႔စ္ေလးတစ္ခုတင္ခဲ့ၿပီးေတာ့ ဒီအေၾကာင္းကို tease လုပ္ခဲ့တာျဖစ္ပါတယ္။ T-Rex ဆိုတာ ဘာႀကီးလဲလို႔မသိရေသးေပမယ့္လည္း outdoor feature ေတြကို အထူးျပဳထားတာျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းမိပါတယ္။
Huami ကေတာ့ T-Rex ဟာ ရႈိးမွာျပသမယ့္ အသစ္အဆန္းသုံးမ်ိဳးထဲက တစ္ခုျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ေနာက္ထပ္ စမတ္နာရီတစ္လုံး၊ truly wireless earbuds တို႔ကို ျပသသြားဖို႔ ရည္႐ြယ္ထားပါတယ္။ စမတ္ဖိနပ္လုပ္ေနတယ္လို႔ သတင္းေတြထြက္ေနခဲ့ေပမယ့္ မဟုတ္ေၾကာင္း တည္ေထာင္သူ Wang Huang က အတည္ျပဳေပးခဲ့ပါတယ္။
ဇန္နဝါရီလ ၁ရက္ေန႔မွာ T-Rex ကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ရေတာ့မွာပါ။ ကနဦးေၾကညာခ်က္ကိုေတာ့ တ႐ုတ္ႏိုင္ငံမွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ မိတ္ဆက္ပြဲကေတာ့ CES အတြင္းမွာ ျဖစ္ေလာက္ပါတယ္။ Las Vegas Show ကေတာ့ ဇန္နဝါရီလ ၇ရက္ကေန ၁၀ရက္အတြင္းျဖစ္ပါတယ္။ pre-event conference ကိုေတာ့ ဇန္နဝါရီလ၅ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ပါတယ္။
တကယ္လို႔ T-Rex ကို အဝတ္အစားပုံစံနဲ႔ ျမင္ေတြ႕ရမယ္ဆိုရင္ေတာ့ Puma ရဲ႕၁၀၅ေဒၚလာတန္ gaming sock လိုမ်ိဳးျဖစ္လာမွာပါ။ သူကေတာ့ mode သုံးမ်ိဳး ပါဝင္ပါတယ္။

Ref : techspot

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.