2020 iPhone တွေမှာ ပထမဆုံးအကြိမ်အဖြစ် တရုတ် OLED screen တွေ အသုံးပြုလာနိုင်

0
1354

[Unicode]

အချို့သော 2020 နဲ့2021 iPhone တွေမှာ တရုတ် OLED screen တွေကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုလာနိုင်တယ်လို့ ကိုရီးယားပညာရှင်တစ်ယောက်က လေ့လာသုံးသပ်ထားပါတယ်။
BOE နဲ့ Apple ရဲ့ညှိနှိုင်းမှုတွေအောင်မြင်သွားတဲ့အတွက်ကြောင့် 2021 မှာ LG ထက် OLED panel တွေ ပိုသုံးလာနိုင်တော့မှာပါ။
Samsung ကတော့ Apple ရဲ့ အဓိက OLED supplier ဖြစ်လာမှာပါ။
BOE ဟာ 2020 iPhone တွေအတွက် OLED display တွေကို Samsung ထက်တော့နည်းပေမယ့် LG ထက်တော့များများစားစား ထောက်ပံ့ပေးတော့မှာပါ။
BOE ဟာ TV LCD panel တွေနဲ့ ကမ္ဘာ့ဈေးကွက်ဦးဆောင်သူတစ်ယောက်ဖြစ်လာခဲ့ပြီး အခုတော့ OLED panel တွေဘက်ကို ကူးပြောင်းနေပါပြီ။
BOE ရဲ့OLED panel တွေဟာ နောက်၂နှစ်အတွင်းမှာ Samsung ကို ပြိုင်ဆိုင်နိုင်လောက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ BOE ဟာ 2020 မှာ OLED panel တွေကို Apple အတွက် ထောက်ပံ့ပေးတော့မှာ ဖြစ်ပါတယ်။ BOE ဟာ 2021 မှာတော့ OLED panel ၄၅မီလျံအထိ ထောက်ပံ့သွားမှာဖြစ်ပါတယ်။
Samsung အနေနဲ့ အော်ဒါတွေလက်ခံရရှိနေဦးမှာဖြစ်ပေမယ့်လည်း မနှစ်ကထက်တော့ လျော့နည်းသွားမှာပါ။ ၂၀၁၇ခုနှစ်တုန်းကတော့ Samsung ဟာ Apple iPhone တွေအတွက် အကြီးမားဆုံးသော OLED display supplier ဖြစ်ခဲ့ပါတယ်။
iPad နဲ့ MacBook တွေအတွက် LCD screen တွေကို BOE က ပြုလုပ်ထားပြီးသားပါ။
BOE ဟာ Apple ရဲ့OLED panel တွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် ဒီနှစ်ရဲ့ ဖေဖော်ဝါရီလမှာ တင်ပြခဲ့ပါတယ်။ Apple က စဉ်းစားနေပြီဆိုတော့ နောက်တစ်ချိန်မှာ Samsung လိုမျိုး OLED နည်းပညာရဲ့ မျိုးဆက်သစ်တွေကို ဖန်တီးနိုင်လာတော့မှာပါ။
လက်ရှိ iPhone screen တွေမှာ touch-sensitive layer သက်သက်ရှိနေပါတယ်။ သူကတော့ တကယ့် display ရဲ့အပေါ်မှာ တင်ရတာပါ။ Samsung ကတော့ tourch-integrated flexible OLED panel တွေကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။ သူကတော့ layer တစ်ခုတည်းမှာ ပေါင်းစည်းလိုက်တာပါ။
ဒါကြောင့် ပိုပါးသလို ပိုပြီးတော့လည်း ပေါ့ပါးပါတယ်။ ထုတ်လုပ်ရတာလည်း ဈေးသက်သာလာပါတယ်။ Samsung ကတော့ မနှစ်ကတည်းက ပြသထားတယ်လို့ သိရပါတယ်။
BOE ကလည်း အဲဒီနည်းပညာအတွက် ရင်းနှီးထားတယ်လို့ သိရပါတယ်။ Huawei ဆီကနေ အော်ဒါတွေလက်ခံထားသလို Apple ဆီကနေလည်း အော်ဒါရအောင် ကြိုးစားလိမ့်မယ့်လို့ ကျွန်တော်တို့တွေယုံကြည်ထားပါတယ်။
Apple ကတော့ သူ့ရဲ့ supply-chain ကို ခွဲခြမ်းနေပါပြီ။ အကြောင်းကတော့ Japan Display ကိုလည်း သုံးကြည့်ချင်နေသေးတာပါ။ ဒီတော့ နောက်နှစ်တွေမှာ တရုတ်နဲ့ ဂျပန်ဆီက panel တွေကို တွေ့မြင်ရဖို့ရာ သေချာသလောက်တော့ ရှိနေပါပြီ။

[Zawgyi]

အခ်ိဳ႕ေသာ 2020 နဲ႔2021 iPhone ေတြမွာ တ႐ုတ္ OLED screen ေတြကို ပထမဆုံးအႀကိမ္အျဖစ္ အသုံးျပဳလာႏိုင္တယ္လို႔ ကိုရီးယားပညာရွင္တစ္ေယာက္က ေလ့လာသုံးသပ္ထားပါတယ္။
BOE နဲ႔ Apple ရဲ႕ညႇိႏႈိင္းမႈေတြေအာင္ျမင္သြားတဲ့အတြက္ေၾကာင့္ 2021 မွာ LG ထက္ OLED panel ေတြ ပိုသုံးလာႏိုင္ေတာ့မွာပါ။
Samsung ကေတာ့ Apple ရဲ႕ အဓိက OLED supplier ျဖစ္လာမွာပါ။
BOE ဟာ 2020 iPhone ေတြအတြက္ OLED display ေတြကို Samsung ထက္ေတာ့နည္းေပမယ့္ LG ထက္ေတာ့မ်ားမ်ားစားစား ေထာက္ပံ့ေပးေတာ့မွာပါ။
BOE ဟာ TV LCD panel ေတြနဲ႔ ကမာၻ႔ေဈးကြက္ဦးေဆာင္သူတစ္ေယာက္ျဖစ္လာခဲ့ၿပီး အခုေတာ့ OLED panel ေတြဘက္ကို ကူးေျပာင္းေနပါၿပီ။
BOE ရဲ႕OLED panel ေတြဟာ ေနာက္၂ႏွစ္အတြင္းမွာ Samsung ကို ၿပိဳင္ဆိုင္ႏိုင္ေလာက္တဲ့အထိ ျဖစ္လာႏိုင္ပါတယ္။ BOE ဟာ 2020 မွာ OLED panel ေတြကို Apple အတြက္ ေထာက္ပံ့ေပးေတာ့မွာ ျဖစ္ပါတယ္။ BOE ဟာ 2021 မွာေတာ့ OLED panel ၄၅မီလ်ံအထိ ေထာက္ပံ့သြားမွာျဖစ္ပါတယ္။
Samsung အေနနဲ႔ ေအာ္ဒါေတြလက္ခံရရွိေနဦးမွာျဖစ္ေပမယ့္လည္း မႏွစ္ကထက္ေတာ့ ေလ်ာ့နည္းသြားမွာပါ။ ၂၀၁၇ခုႏွစ္တုန္းကေတာ့ Samsung ဟာ Apple iPhone ေတြအတြက္ အႀကီးမားဆုံးေသာ OLED display supplier ျဖစ္ခဲ့ပါတယ္။
iPad နဲ႔ MacBook ေတြအတြက္ LCD screen ေတြကို BOE က ျပဳလုပ္ထားၿပီးသားပါ။
BOE ဟာ Apple ရဲ႕OLED panel ေတြ ေထာက္ပံ့ေပးႏိုင္ဖို႔အတြက္ ဒီႏွစ္ရဲ႕ ေဖေဖာ္ဝါရီလမွာ တင္ျပခဲ့ပါတယ္။ Apple က စဥ္းစားေနၿပီဆိုေတာ့ ေနာက္တစ္ခ်ိန္မွာ Samsung လိုမ်ိဳး OLED နည္းပညာရဲ႕ မ်ိဳးဆက္သစ္ေတြကို ဖန္တီးႏိုင္လာေတာ့မွာပါ။
လက္ရွိ iPhone screen ေတြမွာ touch-sensitive layer သက္သက္ရွိေနပါတယ္။ သူကေတာ့ တကယ့္ display ရဲ႕အေပၚမွာ တင္ရတာပါ။ Samsung ကေတာ့ tourch-integrated flexible OLED panel ေတြကို ထပ္မံမိတ္ဆက္လိုက္ပါတယ္။ သူကေတာ့ layer တစ္ခုတည္းမွာ ေပါင္းစည္းလိုက္တာပါ။
ဒါေၾကာင့္ ပိုပါးသလို ပိုၿပီးေတာ့လည္း ေပါ့ပါးပါတယ္။ ထုတ္လုပ္ရတာလည္း ေဈးသက္သာလာပါတယ္။ Samsung ကေတာ့ မႏွစ္ကတည္းက ျပသထားတယ္လို႔ သိရပါတယ္။
BOE ကလည္း အဲဒီနည္းပညာအတြက္ ရင္းႏွီးထားတယ္လို႔ သိရပါတယ္။ Huawei ဆီကေန ေအာ္ဒါေတြလက္ခံထားသလို Apple ဆီကေနလည္း ေအာ္ဒါရေအာင္ ႀကိဳးစားလိမ့္မယ့္လို႔ ကြၽန္ေတာ္တို႔ေတြယုံၾကည္ထားပါတယ္။
Apple ကေတာ့ သူ႔ရဲ႕ supply-chain ကို ခြဲျခမ္းေနပါၿပီ။ အေၾကာင္းကေတာ့ Japan Display ကိုလည္း သုံးၾကည့္ခ်င္ေနေသးတာပါ။ ဒီေတာ့ ေနာက္ႏွစ္ေတြမွာ တ႐ုတ္နဲ႔ ဂ်ပန္ဆီက panel ေတြကို ေတြ႕ျမင္ရဖို႔ရာ ေသခ်ာသေလာက္ေတာ့ ရွိေနပါၿပီ။

Ref: 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.