[Unicode]
တရုတ်နိုင်ငံမှ ဟက်ကာအဖွဲ့တစ်ခုဟာ အနောက်နိုင်ငံက အစိုးရပိုင်နေရာတစ်ခုကို Two factor authentication ကျော်လွှားပြီး ဝင်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီဟက်ကာတွေကိုတော့ လက်ရှိမှာဘယ်သူလဲဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။ သူတို့ဟာလက်ရှိ တည်ရှိနေတဲ့ လုံခြုံရေးစနစ်တွေကိုကျော်လွှားနိုင်ခဲ့တဲ့အတွက်ကြောင့်ပါ။
နှစ်နှစ်ကြာအောင် လေ့လာမှုတွေလုပ်ဆောင်ပြီးခဲ့တဲ့နောက်မှာတော့ လုပ်ဆောင်တဲ့သူဟာ APT20 အမည်ရတဲ့အဖွဲ့လေးတစ်ခု သိရပါတယ်။ သူတို့အဖွဲ့ဟာ တရုတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ ဆယ်နှစ်ကြအောင် အလုပ်လုပ်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ အစိုးရအေဂျင်စီတွေနဲ့ Managed Service Provider တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်ပါတယ်။
အဲဒီမှာ သူတို့တွေဟာ web shell တွေသွင်းပြီးတော့ IT network ထဲကို ဝင်ရောက်ပါတယ်။ ဟက်ကာတွေဟာ သုံးစွဲသူတွေရဲ့ workstation တွေကိုလည်း ပစ်မှတ်ထားပါတယ်။ နောက်ပြီး password တွေကိုလည်း စောင့်ကြည့်နေခဲ့တာပါ။
အံ့သြစရာအကောင်းဆုံးကတော့ 2FA ကို ကျော်လွန်နိုင်ခဲ့တဲ့တယ်ဆိုတာပါပဲ။ ဟက်ကာတွေဟာ သူတို့ကိုယ်ပိုင် software နဲ့ token တွေကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုဖောက်ထွင်းမှုတွေကို ကာကွယ်နိုင်ဖို့အတွက်ကတော့ segmentation ကို ကောင်းကောင်းသုံးနိုင်မှာဖြစ်မှာပါ။
Well Done China
[Zawgyi]
Well Done China
Ref: techradar