Samsung Galaxy S10 Lite user manual မှာ အရင်ဒီဇိုင်းပေါက်ကြားမှုတွေကို အတည်ပြု

0
757

[Unicode]

နောက်လမှာကျင်းပမယ့် CES 2020 မှာမြင်ရမယ်လို့ မျှော်လင့်နေတဲ့ Samsung Galaxy S10 Lite လေးရဲကပေါက်ကြားပုံရိပ်တွေကြောင့် ကျွန်တော်တို့ဟာ ဒီဇိုင်းပိုင်းကို မြင်တွေ့နေခဲ့ပြီးပါပြီ။ အခုဆိုရင်လည်း user manual လေးကြောင့် ပေါက်ကြားပုံရိပ်တွေက ပိုလို့သေချာသွားခဲ့ပါပြီ။
user manual မှာတော့ Galaxy S10 Lite ရဲ့ပုံကြမ်းတွေသာပါဝင်နေပေမယ့်လည်း စမတ်ဖုန်းလေးမှာ punch hole လေးကို မျက်နှာပြင်အလယ်ခေါင်မှာထည့်သွင်းထားကြောင်း၊ လက်ဗွေစနစ်ကို အောက်ထဲမှာမြှုပ်ထားကြောင်း အတည်ပြုပေးခဲ့ပါတယ်။
အနောက်ဘက်မှာလည်း သူ့ရဲ့ကင်မရာတွေကို လေးထောင့်ဖုလေးထဲမှာ တွေ့မြင်ရပြီးတော့ သုံးလုံးကို တစ်လုံးပေါ်တစ်လုံးဆင့်ထားပါတယ်။ flash လေးကတော့ ဘေးမှာတပ်ဆင်ထားပါတယ်။
S10 Lite ရဲ့ညာဘက်မှာတော့ ပါဝါခလုတ်နဲ့ အသံခလုတ်တွေကိုတပ်ဆင်ထားပြီး ဘယ်ဘက်မှာတော့ SIM နဲ့ microSD card ပေါက် ရှိပါတယ်။ အောက်ဘက်မှာတော့ USB-C ကို တွေ့ရပါတယ်။ S10 Lite ကို Samsung Pay အသုံးပြုနိုင်ဖို့အတွက် MST နဲ့ NFC ထည့်သွင်းပေးထားပါသေးတယ်။

Samsung ဆီကတော့ Galaxy S10 Lite နဲ့ပတ်သတ်လို့ မကြားရသေးပါဘူး။ ဒါပေမယ့် သတင်းတွေအရ Snapdragon 855 နဲ့အတူ 8GB RAM, 128GB Storage တွေကို မြင်တွေ့ရနိုင်ပါတယ်။ ဗားရှင်းကတော့ Android 10 ကို သုံးထားပါတယ်။
အဲဒီစမတ်ဖုန်းလေးမှာ မျက်နှာပြင် ၆.၇လက်မ FHD+ 20:9 Super AMOLED သုံးထားသလို ဘတ်ထရီပိုင်းမှာလည်း 4.500 mAh ပါဝင်ပါတယ်။ ဘတ်ထရီပိုင်းကို အားအမြန်သွင်းစနစ်လည်း ထောက်ပံ့ပေးထားပါသေးတယ်။
ကင်မရာပိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ ဆယ်လ်ဖီအတွက် 32MP သုံးထားပြီး main camera 48MP, 12MP ultrawide, 5MP macro တို့ကိုပေါင်းစပ်ထားပါတယ်။

[Zawgyi]

Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.