[Unicode]

ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေအသုံးပြုတဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့အခက်အခဲတွေကို လေ့လာနေတဲ့ C-Lab
ှSamsung ရဲ့ C-Lab ထဲက ပရောဂျက်တွေထုတ်မပြရင် CES ကြီးက မကျင်းပတာကောင်းပါလိမ့်မယ်။ သူတို့ကတော့ ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေကို စမ်းသပ်နေကြပါတယ်။ အဲဒီထဲကတစ်ခုကတော့ SelfieType လို့ခေါ်ပါတယ်။ နာမည်လေးအတိုင်းပါပဲ။ ဆယ်လ်ဖီကင်မရာကိုအသုံးပြုပြီးတော့ AI ကို လက်တွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်းပြီး ကီးဘုတ်ရိုက်သလိုမျိုး ခိုင်းစေမှာပါ။ လက်ညစ်ပတ်နေချိန်မှာ စာပြန်ဖို့ ဖုန်းကိုကိုင်နေစရာမလိုတော့ပါဘူး။
ဆံပင်ကျွတ်တဲ့သူတွေကိုလည်း အကူအညီပေးနိုင်အောင် သူတို့လုပ်ဆောင်နေပါတယ်။ handheld device လေးကို အသုံးပြုရတဲ့ Becom ပရောဂျက်လေးပါ။ AI နဲ့မိုဘိုင်းလ် app တစ်ခုကိုပေါင်းစပ်ပြီးတော့ သေဆုံးနေတဲ့အရေပြားတွေကို scan ဖတ်မှာပါ။ နောက်ပြီး အကောင်းဆုံးသော အကြံပြုချက်တွေကို ပေးပါလိမ့်မယ်။
နောက်ထပ် highlight တွေကို ပြောရမယ်ဆိုရင်တော့ Hyler ဆိုတာ စမတ် highlighter လေးတစ်ခုဖြစ်ပြီး သူဟာ ရှာလို့ရတဲ့ ဒီဂျစ်တယ်စာသားတွေအဖြစ် ပရင့်ထုတ်ပေးပါတယ်။ ”window”ပုံစံ SunnySide လေးကတော့ နေရောင်ခြည်အတုကိုထုတ်ပေးပြီး သဘာဝနေရောင်ခြည်ရဲ့ စူးရှမှုတွေ၊ ဘေးထွက်ဆိုးကျိုးတွေမပါစေဘဲ လိုအပ်တဲ့ ဗီတာမင်ဒီကို ရစေမှာပါ။ Ultra V ကတော့ sensor လေးနဲ့ပေါင်းစပ်ထားပြီး UV ရောင်ခြည်တွေကို ခြေရာခံကာ အရေပြားအခြေအနေတွေကို စစ်ဆေးပေးနိုင်ပါတယ်။
ှSamsung မှာ C-Labရဲ့ပြင်ပ startup တွေလည်း ရှိပါတယ်။ Circulus ဆီက PiBo ဆိုတဲ့ စက်ရုပ်လူသားလေးက အချက်အလက်တွေပေးခြင်း၊ ရိုးရှင်းသောစကားပြောဆိုမှုများ ပြုလုပ်ခြင်းတွေကို ဒိုင်ယာလော့ခ်နဲ့ မျက်နှာအမူအယာတွေအပေါ် အခြေခံပြီး ပြုလုပ်နိုင်ပါတယ်။ FITT ကတော့ cardio ၊ ကြွက်သားသန်မာမှု၊ ကိုယ်ဟန်အနေအထားတို့အတွက် fitness test တွေအပေါ် အခြေခံပြီး လေ့ကျင့်ခန်းတွေသတ်မှတ်ပေးခြင်း၊ ရောဂါတွေရှာဖွေပေးခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။ Vtouch ကတော့ မျက်လုံးနဲ့ လက်ချောင်းလေးတွေကိုအသုံးပြုပြီး ကား၊ စမတ်ဟုမ်းပစ္စည်းတွေကို ထိန်းချုပ်နိုင်စေပါတယ်။ Smooth ကတော့ silent mode နဲ့အစပြုမယ့် group video chat app လေးဖြစ်ပြီး ကိုယ်ပိုင် term တွေနဲ့ဖြေကြားနိုင်စေမှာပါ။
သူတို့လုပ်ဆောင်တာ အောင်မြင်တာလည်းဖြစ်ချင်ဖြစ်မယ်၊ ကျရှုံးမှုတွေလည်း ရှိမယ်။ ဒါပေမယ့် ဒါမျိုးတွေက ကျွန်တော်တို့ကို ကူညီထောက်ပံ့ပေးနိုင်ပါလားဆိုတာ အခြားလုပ်ငန်းတွေသိမြင်ပြီးတော့ မတူညီတဲ့ပုံစံတွေနဲ့ကြိုးစားကြမယ်ဆိုရင် ကျွန်တော်တို့အတွက် အမြတ်ချည်းပဲမဟုတ်ပါလား။
[Zawgyi]

ပုံမွန္မဟုတ္တဲ့နည္းလမ္းေတြအသုံးျပဳတဲ့အခါ ျဖစ္ေပၚေလ့ရွိတဲ့အခက္အခဲေတြကို ေလ့လာေနတဲ့ C-Lab
ွSamsung ရဲ႕ C-Lab ထဲက ပေရာဂ်က္ေတြထုတ္မျပရင္ CES ႀကီးက မက်င္းပတာေကာင္းပါလိမ့္မယ္။ သူတို႔ကေတာ့ ပုံမွန္မဟုတ္တဲ့နည္းလမ္းေတြကို စမ္းသပ္ေနၾကပါတယ္။ အဲဒီထဲကတစ္ခုကေတာ့ SelfieType လို႔ေခၚပါတယ္။ နာမည္ေလးအတိုင္းပါပဲ။ ဆယ္လ္ဖီကင္မရာကိုအသုံးျပဳၿပီးေတာ့ AI ကို လက္ေတြရဲ႕လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ခိုင္းၿပီး ကီးဘုတ္႐ိုက္သလိုမ်ိဳး ခိုင္းေစမွာပါ။ လက္ညစ္ပတ္ေနခ်ိန္မွာ စာျပန္ဖို႔ ဖုန္းကိုကိုင္ေနစရာမလိုေတာ့ပါဘူး။
ဆံပင္ကြၽတ္တဲ့သူေတြကိုလည္း အကူအညီေပးႏိုင္ေအာင္ သူတို႔လုပ္ေဆာင္ေနပါတယ္။ handheld device ေလးကို အသုံးျပဳရတဲ့ Becom ပေရာဂ်က္ေလးပါ။ AI နဲ႔မိုဘိုင္းလ္ app တစ္ခုကိုေပါင္းစပ္ၿပီးေတာ့ ေသဆုံးေနတဲ့အေရျပားေတြကို scan ဖတ္မွာပါ။ ေနာက္ၿပီး အေကာင္းဆုံးေသာ အႀကံျပဳခ်က္ေတြကို ေပးပါလိမ့္မယ္။
ေနာက္ထပ္ highlight ေတြကို ေျပာရမယ္ဆိုရင္ေတာ့ Hyler ဆိုတာ စမတ္ highlighter ေလးတစ္ခုျဖစ္ၿပီး သူဟာ ရွာလို႔ရတဲ့ ဒီဂ်စ္တယ္စာသားေတြအျဖစ္ ပရင့္ထုတ္ေပးပါတယ္။ ”window”ပုံစံ SunnySide ေလးကေတာ့ ေနေရာင္ျခည္အတုကိုထုတ္ေပးၿပီး သဘာဝေနေရာင္ျခည္ရဲ႕ စူးရွမႈေတြ၊ ေဘးထြက္ဆိုးက်ိဳးေတြမပါေစဘဲ လိုအပ္တဲ့ ဗီတာမင္ဒီကို ရေစမွာပါ။ Ultra V ကေတာ့ sensor ေလးနဲ႔ေပါင္းစပ္ထားၿပီး UV ေရာင္ျခည္ေတြကို ေျခရာခံကာ အေရျပားအေျခအေနေတြကို စစ္ေဆးေပးႏိုင္ပါတယ္။
ွSamsung မွာ C-Labရဲ႕ျပင္ပ startup ေတြလည္း ရွိပါတယ္။ Circulus ဆီက PiBo ဆိုတဲ့ စက္႐ုပ္လူသားေလးက အခ်က္အလက္ေတြေပးျခင္း၊ ႐ိုးရွင္းေသာစကားေျပာဆိုမႈမ်ား ျပဳလုပ္ျခင္းေတြကို ဒိုင္ယာေလာ့ခ္နဲ႔ မ်က္ႏွာအမူအယာေတြအေပၚ အေျခခံၿပီး ျပဳလုပ္ႏိုင္ပါတယ္။ FITT ကေတာ့ cardio ၊ ႂကြက္သားသန္မာမႈ၊ ကိုယ္ဟန္အေနအထားတို႔အတြက္ fitness test ေတြအေပၚ အေျခခံၿပီး ေလ့က်င့္ခန္းေတြသတ္မွတ္ေပးျခင္း၊ ေရာဂါေတြရွာေဖြေပးျခင္းေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ Vtouch ကေတာ့ မ်က္လုံးနဲ႔ လက္ေခ်ာင္းေလးေတြကိုအသုံးျပဳၿပီး ကား၊ စမတ္ဟုမ္းပစၥည္းေတြကို ထိန္းခ်ဳပ္ႏိုင္ေစပါတယ္။ Smooth ကေတာ့ silent mode နဲ႔အစျပဳမယ့္ group video chat app ေလးျဖစ္ၿပီး ကိုယ္ပိုင္ term ေတြနဲ႔ေျဖၾကားႏိုင္ေစမွာပါ။
သူတို႔လုပ္ေဆာင္တာ ေအာင္ျမင္တာလည္းျဖစ္ခ်င္ျဖစ္မယ္၊ က်ရႈံးမႈေတြလည္း ရွိမယ္။ ဒါေပမယ့္ ဒါမ်ိဳးေတြက ကြၽန္ေတာ္တို႔ကို ကူညီေထာက္ပံ့ေပးႏိုင္ပါလားဆိုတာ အျခားလုပ္ငန္းေတြသိျမင္ၿပီးေတာ့ မတူညီတဲ့ပုံစံေတြနဲ႔ႀကိဳးစားၾကမယ္ဆိုရင္ ကြၽန္ေတာ္တို႔အတြက္ အျမတ္ခ်ည္းပဲမဟုတ္ပါလား။
Ref: engadget